Kyaw Gyi

ကင်းပတ်နေတဲ့ရဲ ၄ ဦး ပစ်သတ်ခံရပြီး လက်နက်တွေပါသိမ်းဆည်း

"ရဲတွေ အိမ်စီးကားနဲ့ ကင်းလှည့်နေတာကို သတင်းရလို့ စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်။ သေနတ် ၄ လက်ရလာတယ်။ ကားကတော့ပျက်စီးသွားလို့ မယူလာလိုက်ရဘူး။"

ရိုးမအနီးက PDF ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

"ကင်းစခန်းစီးခံရတာပါ။ စကစ စစ်ကြောင်းကရှေ့ရက်တွေကတည်းက အဲ့ဘက်ခြမ်းဝင်မယ်လို့ သတင်းရထားပေမယ့် ရုတ်တရက်ရောက်ချလာကြတာ။ ရဲဘော်တယောက်က ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံလိုက်ရတာ"

ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိလို့ ရဲတပ်ကြပ်ကြီးတဦးသေဆုံး

"ကားနဲ့ဆိုင်ကယ်နဲ့က တည့်တိုက်ပြီး ဆိုင်ကယ်က ကားအောက်ကနေညှပ်ပါသွားတော့ ဆိုင်ကယ်မောင်းသူ ရဲတပ်ကြပ်ကြီးက ဆိုင်ကယ်နဲ့ညှပ်ပါသွားတာ"

⁨စစ်မှုထမ်းဖို့အတွက် ဝေါမြို့နယ်ထဲက ရွာတွေကို စစ်တပ်က အင်အားသုံး ဝင်ဖမ်းနေ

"စကစတပ်သားတွေ ရွာတွေကို ဝင်ဆွဲနေတယ်။ အရင်ကစစ်မှုထမ်းဖို့ မဲပေါက်ပြီး စာရင်းပေးထားသူတွေနဲ့ အရွယ်ကောင်းတွေကို လာဖမ်းတာ။ ရွာသားတွေကတော့ စစ်ကားတွေနဲ့လာတာဆိုတော့ ဘာမှန်းမသိဘဲ ရှောင်နေကြတယ်"

လှည့်ကင်းလာတဲ့ စစ်ကောင်စီ ရဲအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

"သူတို့တွေက ကျောင်းအပ်တာကိုလာစစ်ပြီး ပြန်ထွက်လာတဲ့အဖွဲ့လို့တော့ သိရတယ်။ အဲ့ဒါကို ကျနော်တို့ရဲဘော်တွေဘက်က အလစ်ချောင်းပြီး ပစ်ခတ်ခဲ့ကြတာ။ ပစ်ခတ်ချိန်ကတော့ သိပ်မကြာလိုက်ဘူး"

ဖြူးမြို့နယ်မှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၁ ဦးသေပြီး ကလေး ၁ ဦးအပါ ၅ ဦးဒဏ်ရာရ

"တိုက်ပွဲဖြစ်နေတာမျိုးလည်းမရှိဘူး။ အဲတော့ရွာက လူတွေက ပုံမှန်သွားလာနေချိန်မှာ လက်နက်ကြီးကျလာ တာလို့ သိရတယ်။ အဲဒီမှာ ကလေးတွေကော အမျိုးသမီးတွေကိုပါ အစမှန်ကုန်တာ"

အမျိုးသား ၁ ဦး ထိုင်ခုံမှာ လည်ပင်းချိန်းကြိုးပတ်လျက် သေဆုံး

မေ ၂၇ ရက် မနက်၆ နာရီခန့်မှာ KTV အရှေ့က ထိုင်ခုံမှာ အသက် ၂၉ နှစ်အရွယ် မောင်သန်းထိုက်အောင် ဘီးလင်းမြို့နေသူကို ထိုင်ခုံမှာထိုင်လျက်အနေအထားနဲ့ လည်ပင်းမှာ ဆိုင်ကယ်ချိန်းကြိုး ပတ်ချည်ထားပြီး ချိန်းကြိုးတဖက်က အုတ်တိုင်မှာ ချည်ထားကာ သေဆုံးနေတာလို့ဆိုပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ဗုံးကြဲတဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်တာကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီးသွားတယ်လို့ မေလ ၂၇ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ရင်သွေးရတနာကိုယ်ပိုင်ကျောင်း တည်ထောင်သူဆရာမကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချမှတ်

" သူ့ကိုစဖမ်းကတည်းက PDF ၊ NUG နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အကြမ်းဖက်ပုဒ်မတပ်ဖမ်းခဲ့တာ။ အခုလည်း အဲဒီအမှုနဲ့ပဲထောင်ချခံရတာလို့ သိရတယ်"

ပြည်သူ့စစ်လုပ်ဖို့ လိုက်လံစည်းရုံးနေသူ ပစ်သတ်ခံရ

"သူ့ကို နေအိမ်အရှေ့ခေါ်ချပြီး ပစ်သတ်သွားတာလို့တော့ သိရတယ်။ ကျည်ထိဒဏ်ရာကတော့ သုံးလေးချက် လောက်ရပြီး နေရာမှာပဲ သေသွားတယ်"

ပဲခူးမှာလေပြင်းတိုက်လို့ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂၀ ကျော်ပျက်စီး

"မိုးကတော့ ရွာနေတာ သုံးလေးရက်ရှိပြီး။ မနေ့ညနေကတော့ လေတွေပါ ခပ်ကြမ်းကြမ်းပါလာတော့ အိမ်တွေအမိုးလန်တာ၊ သစ်ပင်လဲတာတွေရှိခဲ့တယ်။ သစ်ပင်လဲကျချိန် နေအိမ်ထဲရှိနေတဲ့ အဖွားကတော့ သစ်ကိုင်းတွေရိုက်မိပြီး ဒဏ်ရာရတာ"

ပြည်မြို့က ဓာတ်ပုံဆိုင်ဝန်ထမ်းကို သတ်ဖြတ်သွားတယ်လို့ဆိုတဲ့ လူငယ် ၂ ဦးဖမ်းဆီးခံရ

“ အဲ့ဒီဖမ်းခံရတဲ့ ကောင်လေး ၂ ယောက်ထဲက ၁၉ နှစ်ကောင်လေးက အဲ့ဒီဓာတ်ပုံဆိုင်က ဝန်ထမ်းဟောင်းတဲ့။ ဆိုင်ရှင်နဲ့မတည့်လို့ အလုပ်ထွက်သွားတာလို့ သိရတယ်။ သူမရှိတော့ ဆိုင်မှာဘယ်သူမှမရှိဘူးထင်ပြီး ပစ္စည်းဝင်ယူတာကနေ လူသတ်မှုဖြစ်တာလို့ ပြောတယ်။ အခင်းဖြစ်တာက အစောကြီးပဲတဲ့ ည ၈ နာရီလောက်ဖြစ်တာ”

မကွေး၊ ကန်သာမင်္ဂလာကန်မှာ ငါးထောင်နဲ့ချီ သေဆုံးမှုဖြစ်၊ မြို့ခံတွေကချက်စားဖို့ ယူဆောင်နေကြတယ်လို့ဆို

" ငါးတွေသေနေတာ အသေးရော၊ အကြီးရောဆို အကောင်ရေ ၅၀၀၀ နဲ့အထက်မှာရှိမယ်။ ကန်ထဲမှာ အောက်ဆီဂျင်မလုံလောက်တာလား၊ အဆိပ်ချငါးဖမ်းလို့ သေဆုံးတာလား ဘာကြောင့်သေတာလဲ မသိရသေးဘူး”

ငါးရှာသွားတဲ့ အမျိုးသား လယ်ကွင်းထဲမိုင်းထိလို့ ခြေထောက်တဖက် ဆုံးရှုံး

"သူတို့က သာမာန်လက်လုပ်လက်စားပဲ။ မနေ့က ငါးဖမ်းဖို့ဆိုပြီး သွားတာ။ သူအိမ်နဲ့ ၂ ဖာလုံလောက်မှာ မိုင်းထိသွားတာ"

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်းခွဲခံရလို့ ရထားလိုင်းတွေရပ်ထားရ

"ရထားသံလမ်းအသစ်ဘက်ခြမ်းကော အဟောင်းဘက်ခြမ်းပါ ပြတ်ထွက်ကုန်တယ်။ မိုင်းကွဲ အားကလည်းတော်တော်ပြင်းတယ် ထင်တယ်။ ရွာထဲကနေတောင် ကြားရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10