Kyaw Gyi

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်းခွဲခံရလို့ ရထားလိုင်းတွေရပ်ထားရ

"ရထားသံလမ်းအသစ်ဘက်ခြမ်းကော အဟောင်းဘက်ခြမ်းပါ ပြတ်ထွက်ကုန်တယ်။ မိုင်းကွဲ အားကလည်းတော်တော်ပြင်းတယ် ထင်တယ်။ ရွာထဲကနေတောင် ကြားရတယ်"

ပြည်မှာ ဓာတ်ပုံဆိုင်ဝန်ထမ်း ၁ ဦး ကတ်ကြေးနဲ့ထိုးပြီး အသတ်ခံရ

"ဘယ်ကနေ ဘယ်လိုစဖြစ်ပြီး အသတ်ခံရတာလဲတော့ မသိရဘူး။ သေဆုံးသူ လူငယ်မှာတော့ ဒဏ်ရာဒဏ်ချက် တော်တော်များများရပြီး သေနေတာ။ ခြေထောက်တခုပဲ ဒဏ်ရာမရှိတာ"

တောင်ငူမှာ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦးသေဆုံးဟုဆို

"ဟိုတနေ့က ဝက်ခေါက်စိန်စခန်းသိမ်းခံရတာကို မကျေနပ်လို့ စစ်ကူလာပြီး မြပင်ကူမှာတပ်စွဲထားတဲ့ စကစတွေကို စနိုက်ပါ၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့သွားပစ်ခဲ့ကြတာ။ စကစဘက်ကတော့ ထိခိုက်သေဆုံးရှိတယ်"

သဲကုန်းမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရပြီး သေဆုံး

"သူက ရွာထဲကနေ ဆိုင်ကယ်နဲ့သွားနေချိန် သေနတ်သမားတွေကလည်း ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်သွားတာလို့တော့ သိရတယ်။ နေရာမှာပဲ သေသွားတာ"

ဝေါမှာ ပြည်သူ့စစ်အတွက် အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေမှာ ငွေကြေးလိုက်လံကောက်ခံနေ

"ခုက စကစဘက်က ပြည်သူ့စစ်အသစ်တွေ ထပ်ခေါ်နေတယ်။ အဲဒီလူတွေအတွက်ရော အရင်အဟောင်းတွေ အတွက်ရော ထောက်ပံ့ပေးရမယ်ဆိုပြီး ငွေတောင်းလို့ စိတ်ညစ်နေကြတယ်။ "

စစ်ကိုင်းမြို့တွင်းပစ်ခတ်မှု အခွန်ဝန်ထမ်း ၄ ဦးနဲ့ PDF ၁ ဦးသေဆုံး

"Non CDM ဝန်ထမ်းတွေကို CDM လုပ်ဖို့ပြောထားတာကြာပြီ။ ဒါပေမဲ့ မလုပ်လို့ ဝင်ဖမ်းပြီး ပြန်အထွက်မှာ ပစ်ခတ်မှုဖြစ်တာ။ ကားပေါ်မှာ သေဆုံးသွားတဲ့ဝန်ထမ်းတွေက ကျနော်တို့ထင်ပြီး စကစတွေဘက်က ပစ်လို့ သေတာ။ ကျနော်တို့ရဲဘော်တဦးလည်း ကျခဲ့တယ်"

PDF စခန်းကိုဝင်စီးတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မေလ ၁၇ ရက်မနက် ၅ နာရီကျော်ခန့်မှာ အင်အား ရေစကြို အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇ နဲ့ ၂၅၉ တပ်တွေက အင်အား ၃၀၀ ကျော်ဟာ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာနဲ့အဆိုပါ ကျေးရွာ ၃ ရွာကြားရှိ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

ပဲခူးနဲ့မွန်အစပ် အမြောက်တပ်ရှေ့က ကင်းစခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

မေလ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ အင်အား ၂၀ ကျော်ရှိနေတဲ့ အဲ့ဒီစစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေးသွားလို့ ကျည်ဆန်တချို့ သိမ်းဆည်းရရှိ

"တိုက်ပွဲဖြစ်ပြီးတော့ သူတို့ဘက်က ဆုတ်ပြေးသွားတော့ ပစ်ခတ်မှုငြိမ်သွားတယ်။ ကျနော်တို့ဘက်ကလည်း အခြေအနေကို နာရီဝက်ကျော်ကျော်လောက်စောင့်ကြည့်ပြီးမှ သူတို့စခန်းထဲဝင်ခဲ့တာ။ စကစအလောင်းတွေ တော့ မတွေ့ရဘူး"

မုံရွာမှာ အပူဒဏ်ကြောင့် ၃ ရက်အတွင်း လူ ၃၀ ကျော်သေဆုံး (ရုပ်/သံ)

"အပူချိန်ပြင်းတော့ တချို့က နေ့လယ်ရေချိုးကြတာ။ ရေချိုးပြီးမကြာဘူး သေဆုံးကြတာ။ တချို့ကျတော့လည်း အပြင်ကပြန်အလာ မူးတယ်ဆိုပြီးလှဲချသေတာ။ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေက နေအိမ်ထဲမှာနေရင်းနဲ့ကို ဆုံးတာရှိတယ်"

မုံရွာမှာ အပူဒဏ်ကြောင့် ၃ ရက်အတွင်း လူ ၃၀ ကျော်သေဆုံး

"အပူချိန်ပြင်းတော့ တချို့က နေ့လယ်ရေချိုးကြတာ။ ရေချိုးပြီးမကြာဘူး သေဆုံးကြတာ။ တချို့ကျတော့လည်း အပြင်ကပြန်အလာ မူးတယ်ဆိုပြီးလှဲချသေတာ။ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေက နေအိမ်ထဲမှာနေရင်းနဲ့ကို ဆုံးတာရှိတယ်"

ရေစကြိုမှာ အငြိမ်းစားကျောင်းဆရာလင်မယား နေအိမ်အတွင်း သတ်ဖြတ်ခံထားရ

" ဆရာမတို့လင်မယားက အငြိမ်းစားယူပြီး ကျူရှင်သဘောမျိုးဖွင့်ပြီး ကလေးတွေကို စာသင်ပေးနေကျ။ မနေ့မနက်ကလည်း ကလေးတွေက ခါတိုင်းလို အိမ်လာစာသင်ချိန် တံခါးကပိတ်လျက်ဆိုတော့ မသင်္ကာလို့ ပတ်ဝန်းကျင်ကိုအကူအညီတောင်း တံခါးဖွင့်ကြည့်မှ အဲတော့မှ အသတ်ခံထားရမှန်းသိရတာ။ ဖြစ်နိုင်တာကတော့ ညပိုင်းကတည်းက အသတ်ခံထားရပုံပဲ"

ကားလမ်းပေါ်ထွက်နေတဲ့ ကြိုးစကို ဆွဲမိရာမှ အမျိုးသမီးတဦး မိုင်းထိဒဏ်ရာရ

" သူတို့က ဦးလေးဖြစ်တဲ့ စစ်ရှောင်ရဟန်းကိုသွားကြိုတာ။ သူတို့သွားတဲ့ကားလမ်းပေါ်မှာ ကြိုးကတန်းလန်းခံနေတာဆိုတော့ မိန်းမဖြစ်သူကကားပေါ်က ဆင်းပြီး ကြိုးကိုသွားဖယ်တာမှာ မိုင်းပေါက်ကွဲတာ "

ဆီပိုက်ပေါက်နေတဲ့ဆိုင်ကယ် မီးလောင်ရာက နေအိမ်တွေပါမီးလောင်ပျက်စီး

"မနက်ပိုင်း သူ့မိသားစုဝင်တွေက စျေးသွားတယ်။ ဆိုင်ကယ်ဆီပိုက်ပေါက်နေတာကို မသိဘူး။ စျေးကနေပြန်လာပြီး အိမ်မှာရပ်ထားချိန် အင်ဂျင်ကလည်းပူနေ ဆီကလည်း အင်ဂျင်ပေါ်ကျတော့ မီးထလောင်တာ"

PDF စခန်းဝင်စီးတဲ့စစ်ကြောင်း မိုင်းကွင်းမိ၊ ခြုံခိုတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေ

" သတင်းအတိအကျရလို့ ကျနော်တို့စခန်းကို ဝင်စီးတာ။ ကျနော်တို့ကလည်း စစ်ကြောင်းလာမယ် သတင်းရလို့ လူတွေကြိုရှောင်ပြီး မိုင်းကွင်းဆင်ထားခဲ့တာ။ သူတို့က စခန်းမိုင်းကွင်းကိုကျော်ပြီး စခန်းထဲရောက်လာတော့ ကိုယ့်စခန်းကို လက်နက်ကြီးနဲ့ ပြန်ပစ်ရတဲ့အခြေအနေဖြစ်သွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10