Kyaw Gyi

ညောင်လေးပင်က အသက် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးပျောက်ဆုံးနေ

မိသားစုဝင်တွေက လူငယ်နှစ်ဦးပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး စိတ်ပူနေရတာကြောင့် အဆိုပါ လူငယ် ၂ ဦး ကိုတွေ့ရှိသူများအနေနဲ့ မိသားစုဝင်တွေကိုင်ဆောင်တဲ့ ဖုန်း 09250547440 နဲ့ 09429559911 ကို ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

မင်းဘူးနယ်က ဆန်စက်ပိုင်ရှင်အိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁၀၀ ကျော်နဲ့ ရွှေအချို့ပါသွား

"သိရသလောက်က ဓားပြတိုက်ခံရတယ်လို့ သိရတယ်။ သူတို့အိမ်မှာက ကလေးတွေအပါအဝင် လူက ၆ ယောက်လောက်ရှိတယ်။ အကုန်လုံးကြိုးတုပ်ပြီး ပစ္စည်းနဲ့ငွေတွေယူသွားကြတယ်လို့တော့ သိရတယ်"

ပဲခူးမြစ်ထဲရေဆင်းကူးတဲ့ လူငယ်တဦး ရေနစ်သေဆုံး

"နေ့လယ်ကတခေါက် သူသားအိမ်ပြန်မလာလို့ သူအဖေလိုက်ရှာတာ။ မြစ်ဘေးမှာ သူ့ငယ်ချင်းတွေနဲ့ အတူ အရက်သောက်နေတယ်ဆိုလို့ နွားယူပြီးပြန်သွားတယ်တဲ့။ ညထိပြန်မလာလို့ လိုက်ရှာမှ ရေနစ်သေတာကိုသိရတာ"

ဝေါက လူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

"သူတို့က ထိုင်းသွားဖို့လုပ်နေတာ။ သူရဲသမိန်သွားတာကလည်း မောင်နှမတွေက လမ်းစရိတ်ပို့လိုက်တာကို သူရဲသမိန်မှာသွားထုတ်တာ။ အဲဒါ လမ်းမှာ ပျူတွေ၊ စကစတွေနဲ့တွေ့ပြီး PDF တွေဆိုပြီး ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သက်သေရှာတာမတွေ့လို့ ဆေးမိတယ်ဆိုပြီး အကြောင်းပြ ဖမ်းထားလိုက်တယ်"

စလင်းမှာ မိုးရွာချိန် ခရီးသည်တင် Express ကား တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရ

" မိုးကလည်းရွာနေချိန်ဆိုတော့ စလစ်ဖြစ်ပြီးမှောက်တာလို့ သိရတယ်။ ကားပေါ်မှာလည်း ခရီးသည် ၃ ဦးနဲ့ယာဥ်မောင်း ယာဥ်နောက်လိုက်တွေပဲ ပါတယ်"

ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာ မိုင်းကွဲ

"မိုင်းကိုတော့ ဘယ်အချိန်ကတည်းက ဘယ်လိုပုံစံလာထားသွားလဲတော့ မသိရဘူး။ မနက်ရုံးတက်ချိန် မရောက်သေးတော့ အထိအခိုက်က နည်းသွားတာ"

ကင်းလှည့်ထွက်တဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၇ ဦးသေဆုံးပြီး သေနတ် ၇ လက်ကို သိမ်းဆည်းခဲ့

"ပန်းတိုင်းခြုံဂိတ်က အဖွဲ့တွေ ထွက်လာတာကို သတင်းရလို့စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်။ သူတို့ဘက်က အကုန်သေကုန်တယ်။ ပြန်ပစ်ချိန်တောင် မရလိုက်ဘူး"

တောင်ငူမှာ ၃ ရက်အတွင်း အပူဒဏ်ကြောင့် လူ ၁၀ ဦးသေဆုံး

"အပူဒဏ်ကြောင့်သေသူများလို့ လူသေတွေအတွက် အိမ်မှာအလောင်းထားဖို့ အအေးခေါင်းတွေပါ မရတဲ့ အခြေအနေဖြစ်တယ်။ ဦးနှောက်သွေးကြောပြတ် သေတာများတယ်။ သိရတဲ့တယောက်ဆို အဲကွန်းကားထဲကနေ အပြင်ထွက်လာတာ ခဏလေးပဲ ချက်ချင်းဆုံးသွားတာ"

ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ရထားသံလမ်းနဲ့ တံတားတစင်း မိုင်းခွဲဖျက်ဆီးခံရ

"ကားလမ်းတံတားက အရင် မိုင်းခွဲခံရတယ်။ နောက်ထပ် တနာရီလောက်အကြာမှာ ရထားလမ်းမိုင်းခွဲခံရတာ။ တံတားနဲ့ ရထားလမ်းတော့ တော်တော်ပျက်စီးသွားတယ်။ ကုန်ရထားတစီးပါတွဲချော်သွားတာလို့ သိရသေးတယ်"

မကွေးမှာ အပူရှပ်ပြီး အမျိုးသား ၁ ဦးထပ်မံသေဆုံး၊ ၃ ရက်အတွင်း သေဆုံးသူ ၇ ဦးထိရှိလာ

"အလုပ်ကိစ္စအပြင်သွားပြီး ပြန်လာတာ။ ပူလွန်းလို့ဆိုပြီး တဲထဲမှာ ထိုင်နေရင်းကနေ သတိလစ်ပြီးလဲကျသွားတာ။ အသက်ပါ ပါသွားတယ်"

မိုးညိုမှာ စစ်မှုထမ်းတွေကိုထောက်ပံ့ဖို့ဆိုပြီး ဒေသခံတွေကို ပိုက်ဆံတောင်းနေ

"ဒီမနက်မှာပဲ အရင်အသုတ်က စစ်မှုထမ်းပါသွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေတောင်းတာ။ တတ်နိုင်သူတွေက ၅၀၀၀၀ လောက်ထည့်ကြ။ ဂုဏ်ပြုမှတ်တမ်းထုတ်ပေးမယ် ဘာညာဆိုပြီး ပြောတယ်။ သာမန်အိမ်တွေက မရှိသူဆို ၅၀၀၀၊ နည်းနည်းရှိသူဆို ၁၀၀၀၀ ဆိုပြီးထည့်ခိုင်းတာ"

မကွေးမှာ ပလပ်ခုံအပူလွန်ကဲရာကမီးလောင်ပြီး နေအိမ် ၃ လုံးပျက်စီး

"ဖြစ်ချင်တော့ အဲဒီအချိန်မှာ မီးကလာနေတာဆိုတော့။ ပလပ်ခုံကနေ မီးစလောင်တာလို့သိရတယ်။ လူတွေကတော့ ပြေးနိုင်လို့လွတ်တာ"

အုတ်တွင်းမှာ ဆိုင်ကယ်ငှားသူက ကယ်ရီသမားကို လည်လှီးပြီး ဆိုင်ကယ်လုသွား

"သူကိုတွေ့တဲ့နေရာက လူပြတ်တယ်။ မနက်ပိုင်းဆိုတော့ လမ်းသွားလမ်းလာအနည်းငယ်က ရှိနေသေးတော့တွေ့ပြီး ဆေးရုံပို့နိုင်ခဲ့တာ။ ညပိုင်းလောက်ဖြစ်ရင်သွေးလွန်ပြီးသေလောက်တယ်"

အပူဒဏ်နဲ့ ဖျက်ပိုးကြောင့် ပြောင်းအထွက်နှုန်း ထက်ဝက်နီးပါးကျဆင်းလို့ တောင်သူတွေအရှုံးပေါ်နေ

"ပုံမှန်ဆို တဧက တင်း ၁၀၀ ကျော်ထွက်တယ်။ ဒီနှစ်က တင်း ၆၀ လောက်ပဲထွက်တာရှိတယ်။ ယခင် တဧက တင်း ၁၀၀ လောက်ထွက်နေတာတောင် တွက်ခြေမကိုက်တာ။ ခုလို အထွက်နှုန်းခေါက်ချိူးကျသွားတော့ ပိုဆိုးကုန်တာပေါ့"

စစ်ဆေးရေးလုပ်နေတဲ့ PDFအဖွဲ့ ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး လက်နက်အချို့လည်း သိမ်းဆည်းခံရ

" လာပစ်တဲ့ စကစအဖွဲ့က မင်းကုန်းရွာထဲမှာ ရှိနေတဲ့ အဖွဲ့တွေ။ စစ်ဆေးရေးလုပ်နေတဲ့ PDF တွေဘက်ကလည်း တစုတစည်းတည်းရှိမနေချိန်၊ စကစအဖွဲ့က လျှပ်တပြတ်လာပစ်တော့ ရဲဘော်နှစ်ယောက်က ဖမ်းခံလိုက်ရတယ်။ ပြီးမှ အဲ့နှစ်ယောက်ကို ပစ်သတ်သွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10