Kyaw Gyi

ပသုံးလုံးထိန်းချုပ်နယ်မြေ ဝက်လက်မှာ ဆည်ရေမရတာနဲ့ မိုးမရွာတာကြောင့် မိုးစပါးဧက ၇၀၀၀ ကျော် စိုက်ဖို့အခက်တွေ့

" သူတို့ကလျှံကျလာတဲ့ရေမှ ကျနော်တို့ဘက် ရောက်လာတာဆိုတော့ ခုအချိန်မှာ ပျိုးခင်းအတွက် ရေတင်ဖို့တောင် အခက်အခဲဖြစ်နေတာ။ အရင်နှစ်တွေကဆို ဒီအချိန်စိုက်နေကြပြီ။ ခုကလယ်ကွက်ထဲကို ရေကဘယ်လိုမှတင်လို့မရသေးဘူး"လို့ လှပင်ကျေးရွာတောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပဲခူးမြို့မှာ အမျိုးသား ၁ ဦးရေနစ်ပြီးထပ်မံ သေဆုံး၊ ရေကြီးမှုတွင် သေဆုံးသူ ၅ ဦးထိရှိလာ

"အိမ်ကနေအပြင်ထွက်ရင်း ရပ်ကွက်ထဲက ရေမြောင်းထဲကျသွားတယ်လို့ သိရတယ်။ ရေကလည်းကြီးနေတော့ နှစ်နာရီကျော်လောက်ဝိုင်းရှာပြီးမှ အလောင်းကို ပြန်တွေ့ရတာ"

မကွေးမှာ စက်သုံးဆီဆိုင်တွေပိတ်ထားရပြီး Denko တဆိုင်တည်းမှာသာ အကန့်အသတ်နဲ့ဝယ်ယူရ

" မြို့ပေါ်မှာဆီဆိုင်ကြီး ၅ ဆိုင်ရှိတယ်။ ၄ ဆိုင်ပိတ်ထားတယ်။ တဆိုင်ပဲရှိနေတော့ ဆီရဖို့ မနက်အစောကြီးကတည်းက တန်းစီပြီးဝယ်ယူနေရတယ်"

ပဲခူးရေဘေးသင့်ပြည်သူတွေ သောက်သုံးရေ လိုအပ်ချက်မြင့်မားနေ

" ရေကြီးနေပေမယ့် မပြောင်းဘဲ နေအိမ်မှာ နေနေတဲ့သူတွေအတွက် (သောက်သုံးရေ) ပိုလိုနေတယ်။ သူတို့ အတွက်ကျတော့လည်း ကူညီရေးအဖွဲ့တွေဘက်က ခဏခဏ မရောက်တာလည်းပါတယ်။"

ဒိုက်ဦးမှာ ရေဘေးကူညီရေးအဖွဲ့လှေ တိမ်းမှောက်ပြီး ကျပ်သိန်း ၅၀ ဆုံးရှုံး

"လှိုင်းကလည်းကြီး ရေစီးကလည်းသန်တယ်။ လှေပေါ်တင်ထားတဲ့ ပစ္စည်းဝိတ်ကလည်းများတော့ မထိန်းနိုင်တော့ဘဲ မြုပ်သွားတာ။"

အမြန်လမ်းမှာ ဝန်ပိုတင်လာတဲ့ကား သစ်ပင်ဝင်တိုက်ပြီးမှောက်လို့ ၃ ဦးဒဏ်ရာရ

"ကားက အိုဗာဝိတ်တင်လာတာ။ ပန်းသေတ္တာတွေ မနည်းဘူး။ ဝိတ်များတော့ ရှေ့လေးကျိုးပြီး အရှိန်မထိန်းနိုင်တော့ဘဲ သစ်ပင်ကိုဝင်တိုက်ပြီး မှောက်သွားတာ"

ရွှေဘို သတင်းရဲတပ်ဖွဲ့က ဒုရဲမှူး ၁ ဦးပစ်သတ်ခံရ

ဒုရဲမှူး အောင်ဇော်မျိုးဟာ ရွှေဘိုမြို့နယ် သတင်းရဲတပ်ဖွဲ့တာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေတာ နှစ်ကြာနေသူဖြစ်ပြီး တော်လှန်ရေးအဖွဲ့ဝင်တွေကို ဖမ်းဆီးရေးလုပ်ငန်းစဥ်တွေမှာ တက်ကြွစွာပါဝင်ဆောင်ရွက်နေသူဖြစ်သလို တရားမဝင်လုပ်ငန်းတွေထံကနေလည်း ငွေကြေးတောင်းခံရာမှာ နာမည်ကြီးသူတဦးလို့ ဆိုပါတယ်။

သုံးဆယ်မြို့ပေါ်မှာ ဘဏ်ကငွေထုတ်လာတဲ့ အမျိုးသား ၁ ဦးထံမှ ကျပ်သိန်း ၂၀၀ လုယက်မှုဖြစ်

" ဘဏ်ကငွေထုတ်လာပြီး ဘဏ်အနီးက အသုတ်ဆိုင်ရှေ့မှ ခဏလေးရပ်နေတာ။ အဲဒါကို ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၅ ဦးက ငွေထုတ်ကိုလုပြီး ထွက်သွားကြတာ။ သူငွေထုတ်လာတာကို စောင့်ကြည့်နေပုံရတယ်"

ဆွံ့အ၊ မသန်စွမ်းမိန်းကလေးကို အဓမ္မပြုကျင့်သူအမျိုးသား ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

"မနေ့က တရားရုံးကနေတော့ ထောင်ဒဏ်ချလိုက်တာ သိရတယ်။ အနှစ် ၂၀။ သူကိုတော့ ဘယ်ထောင်ပို့လဲတော့ မသိရဘူး"

စစ်တပ်ဂိတ်မှာတာဝန်ကျတဲ့ ပျူစောထီး လက်နက်ခိုးပြီး အလင်းဝင်လာ

"သူကိုင်တဲ့သေနတ် G 3 ကို စကစဘက်က သိမ်းထားလို့ စကစ လက်နက်ယူပြီး လာပူးပေါင်းတာ။ သူက ပျူထဲဝင်ထားတာ နှစ်နှစ်လောက်ရှိနေပြီ။ သူကမလုပ်ချင်တော့လို့ ထွက်ချင်နေတာ။ စကစက ပျူဆက်မလုပ်ရင် စစ်တပ်ထဲဝင်ရမယ်လို့ ခြိမ်းခြောက်လာလို့ လက်နက်ယူပြီး ကျနော်တို့ဘက်ကို ဝင်လာတာ"

ပဲခူးရေကြီးမှု ကလေးငယ်တဦး ရေထဲမျောပါသေဆုံး၊ သေဆုံးသူ ၃ ဦးအထိရှိလာ

ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် ၂၆ လမ်းနေ မောင်မင်းထက်နိုင် (၈)နှစ်၊ မောင်စန်းလင်းအောင်(၈)နှစ်နဲ့ မအေးဆုနွယ်(၁၇)နှစ်တို့ဟာ ကျောက်ကြီးစုရပ်ကွက်ဘက်မှာ ရေကစားပြီး ကျောက်တွင်းကုန်းပန်းခြံဘေး ပလက်ဖောင်းအတိုင်း လမ်းလျှောက်လာစဉ် မောင်မင်းထက်နိုင်မှာ ရေနုတ်မြောင်းအတွင်းကို ပြုတ်ကျသွားခဲ့ရာမှ ရေစီးနဲ့မျောပါသွားတယ်လို့ ဆိုပါတယ်။

ပဲခူး ရေဘေးကယ်ဆယ်ရေးစခန်းမှာ အမျိုးသား ၁ ဦးရေနစ်သေဆုံး

"သူအလောင်းကို ကျောင်းဝန်းထဲက ရေအနက် ၃ ပေလောက်ပဲရှိတဲ့နေရာမှာ သေနေတာတွေ့ရတာ။ သူက ညနေလောက်ကတည်းက အရက်သောက်မယ်ဆိုပြီးထွက်သွားတာ။ ဘယ်အချိန် ကျောင်းဝန်းထဲပြန်လာပြီးရေနစ်သေနေတယ်ဆိုတာတော့ မသိရဘူး"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ရေကြီးနေတဲ့ ပဲခူးမှာ လူငယ်တဦးဓါတ်လိုက်သေဆုံးပြီး ကယ်ဆယ်ရေးစက်လှေ၂စီးတိမ်းမှောက်

ရေကြီးရေလျှံမှုဖြစ်နေတဲ့ ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ ရေထဲကိုစက်ဘီးစီးလာတဲ့ လူငယ် ၁ ဦး ဓာတ်လိုက်သေဆုံးပြီး ကျေးရွာတွေဘက်ကို ကယ်ဆယ်ရေးသွားမယ့် စက်လှေလည်း တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက ဒေသခံ ၁၈,၀၀၀ ကျော် ရေဘေးသင့်နေပြီး အကူအညီလိုအပ်နေ

မြစ်ချောင်းတွေက ရေကြီး၊ ရေလျှံမှုကြောင့် ကျေးရွာတွင်းရှိနေအိမ်တွေ ရေမြှုပ်ခဲ့ရပြီး သိုလှောင်ထားတဲ့ ဆန်၊ စပါးနဲ့ ထင်း၊ မီးသွေးများ ရေစိုပျက်စီးခြင်းကြောင့် အစားအစာနဲ့ နေရာထိုင်ခင်းအတွက် အခက်အခဲကြုံနေရ ခြင်း၊ ကျွဲ၊ နွားတိရိစ္ဆာန်တွေ သေဆုံးခြင်းနဲ့ နေစရာမရှိတာတွေဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂ နှစ်ဆက်တိုက် စံချိန်တင်ရေကြီးနေတဲ့ ပဲခူးမြို့ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၆ နာရီအထိ နောက်ဆုံးဆက်သွယ်မေးမြန်းချက်များ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10