Kyaw Gyi

အမြန်လမ်းမှာ ရပ်ထားတဲ့ကားကို နောက်ကားကဝင်တိုက်လို့ ၁ ဦးသေ ၈ ဦးဒဏ်ရာရ

"လိုက်ထရပ်ယာဥ်က ၂ စီးရပ်ထားတာ။ ကားလမ်းပေါ် နည်းနည်းရောက်နေတာ။ နောက်ကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ။ ဝင်တိုက်ခံရတဲ့ လိုက်ထရပ်ယာဥ်ပေါ် ပါသူတွေက အများဆုံး ထိခိုက်ကုန်တာ။ နောက်ကတိုက်တဲ့အရှိန်နဲ့ ရှေ့ကားနဲ့ ညှပ်ခံလိုက်ရတဲ့သဘောပဲ”

သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦး ပြန်ရှာမတွေ့သေး

"ပျောက်ဆုံးနေသူတွေ အသက်ရှင်လျက်ပြန်တွေ့ရဖို့ကတော့မျှော်လင့်ချက်တော့နည်းနေပြီ။ ဒါပေမယ့် ဆက်ရှာနေကြတယ်။ ပြန်တော့မတွေ့ကြသေးဘူး"

အုတ်တွင်းမှာ ဗိုလ်မှူးမြင့်ဇော်နဲ့အဖွဲ့က လမ်းသွားလမ်းလာတွေကိုဖမ်းဆီးကာ ငွေညှစ်တာနဲ့ စစ်မှုထမ်းခိုင်းတာတွေလုပ်နေလို့ လူငယ်တွေအပြင်မထွက်ရဲဖြစ်နေ

" ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ ဘယ်လောက်ဆိုးလဲဆို လူငယ်တယောက်ဖမ်းဆီးခံရပြီး ငွေတောင်းခံရတယ်။ အမေလုပ်သူက သူ့သားကိုပြန်ရွေးနိုင်ဖို့ ပိုက်ဆံမပြည့်လို့ သူမိဘအမွေ နားတောင်းလေးကိုရောင်းပြီး ရွေးခဲ့ရတယ်။ အဲလောက်ထိ ဆိုးတာ"

လက်ဖက်ရည်သောက်နေတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံး

"သိရသလောက် သူတို့ (အုပ်ချုပ်ရေးမှူးအဖွဲ့) ရောက်လာပြီး လက်ဖက်ရည်သောက်နေချိန် သူတို့ကို ပစ်မယ့်သူတွေက အခြားဝိုင်းမှာရှိနေတာတဲ့။ နောက်မှ အုပ်ကြီးကို အနီးကပ်ပစ်ပြီးဆိုင်ထဲက ထွက်သွားတယ်လို့တော့ သိရတယ်"

ပဲခူးရိုးထဲ ဝါးခုတ်သွားသူချင်း ဓားခုတ်မှုဖြစ်လို့ အမျိုးသား ၁ ဦး သေဆုံး

"ဘာကြောင့်စကားများပြီး ဓားနဲ့ခုတ်တဲ့အဆင့်ထိ ဖြစ်သွားလဲတော့ မသိရဘူး။ အလောင်းက ဆေးရုံရောက်လာမှ သိရတယ်။ သေသူကတော့ လည်ပင်းကပြတ်မတတ်ပဲ"

ပေါက်နယ်မှာ PDF စခန်းတခုကို စစ်အုပ်စုကဝင်စီးပြီး လူငယ်တဦးကိုသတ်ခဲ့

"စခန်းမှာကလည်း ကလေးတယောက်ပဲရှိနေတာ။ သူကလည်း စကစ စစ်ကြောင်းဝင်လာတာ မသိလိုက်ဘူး။ အဲ့ဒီမှာစစ်ကြောင်းက သူကိုဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး ပစ်သတ်သွားတာ"

KNU နယ်မြေမှာ ၆ လအတွင်းတိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၀၀ ကျော်သေဆုံးဟုဆို

KNU တပ်မဟာ ၁ မှ တပ်မဟာ ၇ နယ်မြေတွေအတွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၁၈၂၇ ပွဲခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၉၀၃ ဦးခန့် အသက် သေဆုံးခဲ့ရပြီး ၁၂၇၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

⁨ဘောလုံးကန်ပြီး ရေသောက်ဖို့ထိုင်နေစဥ် အမျိုးသား ၁ ဦးလဲကျသေဆုံး

"မောလို့ခဏနားပြီး ရေသောက်မယ်ဆိုလို့ တယောက်က ရေသွားဝယ်နေချိန်မှာဘဲ သူက လဲကျသွားတာ။ အရေးပေါ်ကားတွေကလည်း ချက်ချင်းခေါ်မရတာနဲ့ အသက် မမီလိုက်ဘူး"

အထက်တန်းကျောင်းသား ၄ ဦး ဆီဘောက်ဆာကားနဲ့တိုက်ခံရပြီး ဒဏ်ရာရ

"ကားက သူ့အရှေ့ကယာဥ်ကိုကျော်တက်ရာမှာ အရှိန်များပြီး ကလေးတွေရှိတဲ့ဘက်ခြမ်းကို ရောက်သွားတာ။ ကလေးတွေကလမ်းဘေးကနေ စက်ဘီးနင်းလာကြတာ။ ကလေးတယောက်ဆို ဆီဘောက်ဆာအောက်ထဲဝင်သွားပြီး ပါသွားတာ"

ခန္တီးမြို့ရေကြီးမှုအတွင်း ဒေသခံ ၄ ဦး ရေနစ်သေဆုံးခဲ့

"မြို့မ ကတယောက်ဆို ရေကြီးနေချိန်အိမ်ပေါ်အိပ်နေရင်းက ရေထဲပြုတ်ကျပြီးဆုံးတာ။ သာစည်က သားအမိ ၂ ဦးဆိုလည်း မတော်တဆရေထဲကျပြီးဆုံးတာ။ ခုလောလောဆယ်ရေကတော့ပြန်ကျနေပြီ"

ဆားလင်းကြီးနယ်က ရေနစ်မြုပ်နေတဲ့ ရွာ ၁၀ ရွာကျော်မှာ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ (ရုပ်/သံ)

"ရွာတွေမှာက ရေကြီးနေတာက ၁၀ ရက်လောက်ရှိနေပြီ။ အချို့အိမ်ခေါင်မိုးပေါ်ရုံပဲ ရှိတော့တာ။ ရေကလည်းဆက်တိုးနေတော့ ပိုက်ဆံရှိရင်တောင်သွားလာဝယ်စားဖို့မဖြစ်တော့ ရေဘေးရှောင်ပြီး စုနေနေတဲ့နေရာတွေမှာ ရိက္ခာပြတ်လာနေပြီ။ အဲ့ဒီဘက်အခြမ်းကို အကူအညီတွေလည်းမရောက်ဘူး"

နေအိမ်မှာ တဦးတည်းနေတဲ့ အသက် ၆၀ အရွယ်အဖွားအို သတ်ဖြတ်ခံရ

"နေအိမ်ပေါ်မှာ ဓားနဲ့ထိုးခံရပြီး ပြေးလွှားရင်းနဲ့ အိမ်အောက်လှေကားအဆင်း ခြံစည်းရိုးနားမှာ သေနေတာ။ အိမ်ပေါ်မှာလည်း သွေးတွေ တွေ့ရတယ်။ ဘယ်သူက ဘာကြောင့်သတ်တယ်ဆိုတာ မသိရသေးဘူး"

ဆားလင်းကြီးနယ်က ရေနစ်မြုပ်နေတဲ့ ရွာ ၁၀ ရွာကျော်မှာ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

"ရွာတွေမှာက ရေကြီးနေတာက ၁၀ ရက်လောက်ရှိနေပြီ။ အချို့အိမ်ခေါင်မိုးပေါ်ရုံပဲ ရှိတော့တာ။ ရေကလည်းဆက်တိုးနေတော့ ပိုက်ဆံရှိရင်တောင်သွားလာဝယ်စားဖို့မဖြစ်တော့ ရေဘေးရှောင်ပြီး စုနေနေတဲ့နေရာတွေမှာ ရိက္ခာပြတ်လာနေပြီ။ အဲ့ဒီဘက်အခြမ်းကို အကူအညီတွေလည်းမရောက်ဘူး"

ဘဏ်အခြေအနေတွေကြောင့် လုပ်ငန်းရှင်တချို့ ငွေသားတိုက်ရိုက်ပေးချေမှုစနစ်ကို အသုံးပြုနေရပြီး လုံခြုံရေးကိုစိုးရိမ်နေ

"ဒီလထဲမှာပဲ လုပ်ငန်းကလွှဲတဲ့ငွေသွားထုတ်တယ်။ ပထမ တရက် (ကျပ်သိန်း) ၅၀ လောက်ရသေးတယ်။ မနေ့ကထိ ၁၀ သိန်းပဲရတော့တယ်။ သိန်းဘယ်လောက်လွှဲလွှဲ သူတို့ပေးသလောက်ပဲ ရတော့တယ်။ ကိုယ့်ငွေတွေအကုန်ရဖို့က ဘဏ်ကိုနေ့တိုင်းသွားပြီးထုတ်နေရမယ့် အခြေနေရှိလာတယ်။ ဒါကြောင့်အခုဆို ငွေပိုက်ထားတယ်။ ပေးစရာရှိရင် ကိုယ်တိုင်သွားပေးလိုက်တယ်"

လေးအိမ်စုရွာကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေဆုံး

"နေ့ခင်းထမင်းစားချိန်ဆိုတော့ အလုပ်ကပြန်လာကြပြီး နေအိမ်မှာနားနေကြချိန် ဗုံးတွေက ကျလာတာ။ အိမ်တွေကလည်း ဖက်အိမ်တွေဆိုတော့ လူတွေလည်းထိခိုက်ကုန်တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10