Kyaw Gyi

အုတ်တွင်းမြို့နယ်စစ်ကောင်စီအဖွဲ့ကို နေပြည်တော်ကလာရောက်စစ်ဆေးသွားပြီး ကျွဲပွဲရဲစခန်းမှူး နယ်ပြောင်းခံရကာ အဖွဲ့ဝင် ဗိုလ်မှူးမြင့်ဇော် ပျောက်ဆုံးနေ

"သတင်းဖော်ပြခံရပြီးနောက် နေပြည်တော်ကလာဆင်းစစ်တာတွေ လုပ်သွားတယ်။ အဲဒီနောက် ဗိုလ်မှူး မြင့်ဇော်ဆိုတဲ့သူလည်း ပျောက်နေတယ်။ ရဲအုပ်ကျော်ကျော်လွင်လည်း စခန်းပြောင်းခံရတယ်။ ဦးတင်ယုကတော့ ဒီအတိုင်းပဲ ဆက်ရှိနေတယ်"

ပဲခူးရေကြီးမှု အိမ်ခေါင်မိုးအထိနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူ သောင်းချီအထိမြင့်တက်

"မိုးကလည်း ရွာတုန်းဆိုတော့ ရေကထပ်တက်နိုင်တယ်။ မနေ့မနက်က ကယ်ဆယ်ရေးစခန်း ၁၇ ခုဖွင့်ထား တယ်။ ညနေမှာ ၁၀ ခု ထပ်ဖွင့်လိုက်ရတယ်"

အမ်း-ပဒါန်းလမ်းပိုင်း ပြိုကျလို့ သွားလာရေးခက်ခဲနေ

"လမ်းကမိုးများပြီး ပြိုကျသွားတယ်။ တောင်ပေါ်လမ်းပေါ့။ လောလောဆယ်တော့ ဆိုင်ကယ်တွေလောက်ပဲ သတိထားပြီး သွားလို့ရတယ်။ ကားတွေကတော့ ဘာကားမှသွားလို့မရဘူး"

ပဲခူးမှာ ရေကြီးရေလျှံမှု စတင်ဖြစ်ပွား၊ ဒေသခံ ၂၀၀၀ ကျော် ပြောင်းရွှေ့နေရ

" ရေကြီးလို့ အနိမ့်ပိုင်းတွေကသူတွေက ပြောင်းနေရပြီ။ ရေဘေးကယ်ဆယ်ရေးစခန်းနေရာက သတ်မှတ်ဖွင့်ထားတာ မရှိသေးဘူး။ ကယ်ဆယ်ရေးစခန်းဖွင့်ဖို့ အစည်းအဝေးလုပ်နေတုန်းလို့ သိရတယ်။ ပြောင်းလာတဲ့သူတွေက နေစရာမရှိဖြစ်နေတယ်"

ချောက်မြို့နယ်က အုပ်ချုပ်ရေးမှူး လင်မယား ၂ ဦး နေအိမ်မှာ ပစ်သတ်ခံရ

"သူတို့နေအိမ်မှာက လင်မယားနှစ်ယောက်တည်းနေတာ။ သူတို့ဘက်က ခုခံတာမျိုးတွေတော့ မရှိဘူး။ သူတို့ကို ပစ်ခတ်ပြီးချိန်မှာ သက်သေခံပစ္စည်းတွေရှာဖို့လုပ်ချိန် ဘေးအိမ်က စကစဘက်ကို ဖုန်းဆက်တိုင်နေတာမျိုးရှိနေတော့ ပြန်ဆုတ်လာရတယ်"

ကျုံးထဲခုန်ချသူအမျိုးသားကို ၂ ရက်ကြာမှ အလောင်းပြန်တွေ့

" ခုန်ချသွားတဲ့နေ့ကတည်းက သူ့ကို ဝိုင်းရှာကြတာ။ မနေ့က မနက်ပိုင်းကမှပဲ သူခုန်ချခဲ့တဲ့နေရာအနီးမှာ ပြန်ရှာတွေ့ခဲ့တယ်"

အမြန်လမ်းမှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးအကာတန်းကို ၀င်တိုက်လို့ ၂ ဦးသေဆုံး

"ယာဥ်မောင်းက မောင်းလာရင်း အိပ်ငိုက်ပြီး Guard-Rail တန်းကိုတိုက်တယ်။ အရှိန်ကလည်းများတော့ အုတ်ခုံ ၂ ခုကိုပါ ဝင်တိုက်သွားတာ"

တိုက်ပွဲအကြီးအကျယ်ဖြစ်လာမယ်ဆိုတဲ့သတင်းကြောင့် ပဲခူး-ကရင်ပြည်နယ်အစပ်က ဒေသခံထောင်ချီ ပြောင်းရွှေ့နေ

"ရွာတွေမှာ လက်နက်ကိုင်အဖွဲ့တွေက လိုက်ပြောတယ်တဲ့။ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်။ သုံးရက်အတွင်း ကျေးရွာကနေ ပြောင်းထားကြဖို့ လိုက်ပြောတယ်လို့ သတင်းထွက်လာပြီး မနေရဲတဲ့သူတွေက ပြောင်းရွှေ့လာကြတယ်။ ဘယ်ဘက်က လာပြောလဲဆိုတာကတော့ အရပ်ဝတ် လက်နက်ကိုင်တွေကလာပြောတာပဲ ပြောတယ်။ ဘယ်ဘက်ကမှန်း မသိကြဘူး"

ကျေးရွာပလဖနဲ့ပကဖတို့ရဲ့ ငွေကြေးကောက်ခံမှုကို စုံစမ်းစစ်ဆေးပြီးအရေးယူမယ်လို့ ဝက်လက် ပအဖ ပြော

ဒေသခံလုပ်ငန်းတွေဆီကနေ ငွေကြေးကောက်ခံနေတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ သေချာပါက ဆက်မလုပ်ဖို့သတိပေးတားမြစ်သွားမှာဖြစ်ပြီး ဆက်လုပ်နေမယ်ဆိုပါက အရေးယူမှုတွေ ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆိပ်ဖြူမှာ ၁ ရက်တည်းအုပ်ချုပ်ရေးမှူး ၂ ဦးပစ်သတ်ခံရ

"အုပ်ကြီးနှစ်ယောက် ပစ်သတ်ခံရတာက အချိန်သိပ်မကွာဘူး။ တနာရီဝန်းကျင်လောက်ပဲ ကွာမယ်။ နေအိမ်ထိလာပစ်တာဆိုတော့ သေသွားကြတယ်"

ပဲခူး-မွန်အစပ်က ကင်းစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရ (ရုပ်/သံ)

ဇူလိုင်လ ၂၃ ရက် ဒီနေ့မနက် ၆ နာရီ ၃၀ မိနစ်ခန့်မှာ အင်အား ၁၅ ဦးခန့်ရှိနေတဲ့ ကုက္ကိုင်ပင်ကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့တာမှာ အခုလိုဒဏ်ရာရခဲ့တာ လို့ဆိုပါတယ်။

မကွေးမှာ ကလပ်ကပြန်လာတဲ့လူငယ်တွေ အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်လို့  ၄ ဦးဒဏ်ရာရ

"နှစ်ဖွဲ့စလုံးကလည်းမူးနေတယ်။ ကလပ်ထဲကတည်းက ဘယ်လိုပြဿနာကြောင့် ငြိလာကြလည်းတော့မသိဘူး၊ လမ်းကျမှ ရိုက်ကြတာ။ ၄ ယောက်အဖွဲ့ထဲက တယောက်ကတော်တော်ထိသွားတယ်"

ပေါ်တာဆွဲပြီးပြန်လာတဲ့ ရဲနဲ့ပျူ‌စောထီးပါတဲ့ကား တိုက်ခိုက်ခံရလို့ ၂ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကားက နတ်မောက်ထွေအုပ်က လိုင်စင်မဲ့ကားဆိုတာ သေချာတယ်။ အဲဒီကားနဲ့ စိုင်ခေါင်ရဲစခန်းရှေ့မှာ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်ပြီး ပြန်လာတာကို ဝိုင်းပစ်ခဲ့တာပါ။ ကားရှေ့လေကာမှန် ကွဲကျခဲ့တယ်။ ထိခိုက်တာတွေလည်းရှိတယ်

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားစလစ်ဖြစ်ပြီး လမ်းလယ်ကျွန်းဝင်တိုက်လို့ ၂ ဦးဒဏ်ရာရ

ဇူလိုင် ၂၂ ရက် မနက် ၇ နာရီကျော်ခန့်မှာ ရန်ကုန်ဘက်နေ နေပြည်တော်ဘက်ကို မောင်းလာတဲ့ Toyota Wish အဖြူရောင်ယာဥ်ဟာ လမ်းအတိုင်းမောင်းလာစဥ် ကားလမ်းမိုင်တိုင်အမှတ် (၁၀၉/၀) နဲ့ (၁၀၉/၁)ကြား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ပဲခူးမှာ ကျေးရွာတာဝန်ခံနဲ့တပည့်ဖြစ်သူတို့ နေအိမ်ကနေဖမ်းဆီးပြီး အသတ်ခံရ

"နေအိမ်ကနေဖမ်းခေါ်သွားပြီး ရွာနဲ့ ၂ ဖာလုံလောက်အကွာက ဆည်နားမှာပစ်သတ်ခံလိုက်ရတယ်။ အလောင်းကတော့ မနက်ကျမှရွာခံတွေက ပြန်တွေ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10