Kyaw Gyi

သမင်အင်းကုန်းရွာကို စစ်တပ်က တပတ်အတွင်း လက်နက်ကြီး ၃ ကြိမ်ပစ်လို့  ၄ ဦးဒဏ်ရာရ

"စကစဘက်က တပတ်အတွင်းမှာ လက်နက်ကြီးတွေက သမင်အင်းကုန်းရွာထဲကိုပဲ ချိန်ရွယ်ပစ်နေတာ။ ဘာသတင်းတွေရထားလဲတော့မသိဘူး။ ရွာထဲကိုကျတော့ PDF တွေရော KNU အဖွဲ့တွေကော နေထိုင်တာမှမရှိတာ။ ဘယ်လိုသတင်းအမှားတွေရပြီးပစ်နေလဲတော့မပြောတတ်ဘူး"

ချောင်းဦး-မုံရွာလမ်းပိုင်းမှာ ခရီးသည်တင်Expressကား ၈ စီး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

"သိရသလောက်က မိုင်းဆွဲပြီးမှ ပစ်ခတ်ခံရတဲ့အခြေနေမှာရှိတယ်။ Famous ယာဥ်က အများဆုံးထိတာ။ လူနာတွေကများလို့ ဘယ်သူတွေ၊ ဘယ်ဝါတွေဆိုတာတောင် သေချာမမေးဖြစ်လိုက်ဘူး။ ထိခိုက်လူနာတွေက လူနာတင်ယာဥ်တွေကို ဝိုင်းတင်ပေးလိုက်ကြရတာ"

ဆိုင်ကယ်နဲ့ဈေးလာဝယ်တဲ့လင်မယား ချောက်ထဲပြုတ်ကျလို့ အမျိုးသားဖြစ်သူသေဆုံး

"ဖြစ်တဲ့နေရာက ကွေ့ကြောလည်းဖြစ်တယ်။ မနက်လည်းအစောပိုင်းဆိုတော့ အိပ်ငိုက်ပြီး ထိုးကျသွားတာဖြစ်နိုင်တယ်။ ချောက်ထဲက အပင်တပင်ကို ဝင်တိုက်မိသွားသေးတယ်"

စစ်တပ်ကဒရုန်းနဲ့ဗုံးချလို့ PDF ၁ ဦးနဲ့ ဒေသခံ ၇ ဦးသေဆုံး

"တံတားက မိုင်းခွဲခံထားရလို့ ဝါးတံတားလေးလုပ်ထားတာ။ အဲ့တော့ ဆိုင်ကယ်တွေက တစီးပြီးမှ တစီးဖြတ်သန်းရတော့ လူတွေကတန်းစီးစောင့်နေရချိန် ဒရုန်းဗုံးတွေကျရောက်ပေါက်ကွဲခဲ့တာ။ အဲ့တော့ တံတားအနီးမှာရှိနေသူတွေ ထိမှန်ကုန်တာ"

စစ်တောင်းမြစ်ထဲကိုခုန်ချခဲ့တဲ့ တက္ကသိုလ်ကျောင်းသားရဲ့အလောင်းကို ၃ ရက်ကြာမှ ပြန်တွေ့

"စ ခုန်ချတဲ့နေ့ကတည်းက လိုက်ရှာနေကြတာ နေ့တိုင်းပဲ။ ရေစီးကလည်း ရှိနေတော့ ဖြစ်နိုင်လောက်တဲ့ နေရာမှာလိုက်ရှာကြတာ။ နောက်ဆုံးတော့ ရေကာတာနားမှာ ပေါ်နေတာတွေ့ခဲ့ရတယ်"

ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ အန္တိမဈာပနနေ့မှာ စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်

"ဒီနေ့အင်အားတော့ တော်တော်များတယ်။ အရပ်ဝတ်တွေ ပိုများတယ်။ စကစဘက်က အကြီးပိုင်းတွေလည်း လာနိုင်မယ့် အခြေအနေရှိလို့လားတော့ မသိဘူး။ ဆရာတော်ပျံလွန်တော်မူတာနဲ့ ပတ်သက်ပြီး ကံဆောင်သပိတ်ဘာညာဆိုပြီး သတင်းတွေလည်းတွေ့နေတာကြောင့် ထင်တယ်"

တောင်ငူ၊ စစ်တောင်းတံတားပေါ်ကနေ တက္ကသိုလ်ကျောင်းသား ၁ ဦး ခုန်ချမှုဖြစ်ပွား

" ‘အားလုံးပဲ တာ့တာ ပါခင်ဗျာ’ ဆိုပြီး သူ့ Facebook မှာတင်ပြီး ခုန်ချသွားတာ။ သိရသလောက်က မိသားစု ပြသနာလေးတွေရှိတယ်လို့လည်း သိရတယ်။ သူခုန်ချသွားတာကိုတော့ မိသားစုတွေ လာရှာရာကနေ သိကြရတာ"

ဆင်အင်းရွာပအဖအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့ ဒေသခံနဲ့စစ်ဘေးရှောင်တွေ ဆန္ဒပြ

"ယခုရှိနေတဲ့ ဆင်အင်းရွာ ပအဖအဖွဲ့ဆိုတာ ရွာခံတွေရဲ့ဆန္ဒနဲ့ရွေးထားသူတွေ မဟုတ်ဘူး။ ပြီးတော့ ရပ်ရွာနဲ့ စစ်ရှောင်တွေအတွက် အကူအညီမပေးတဲ့အပြင် တခုခုလုပ်မယ်ဆို ငါတို့ခွင့်ပြုချက် မရရင် မလုပ်ရဘူးဆိုပြီး လက်ထိပ်တကားကားနဲ့ အာဏာကပြချင်နေသေးတာ။ ဒါကြောင့် လက်ရှိ ပအဖအဖွဲ့ကို ဖြုတ်ချပေးပြီး ရပ်ရွာလူထုဆန္ဒနဲ့ လက်ခံတဲ့သူတွေကို ပြန်ဖွဲ့ပေးဖို့ ဆန္ဒပြတောင်းဆိုကြတာ"

အရှိန်ပြင်းမောင်းလာတဲ့ ကားပေါ်က ကျောင်းဆရာမ ၁ ဦး ပြုတ်ကျသေဆုံး

"ကားပေါ်မှာ ဆရာမနဲ့ နောက်လူငယ်တယောက်ပဲပါတာ။ အရှိန်မောင်းလာပြီး ရုတ်တရက် ချိုးကွေ့လိုက်တော့ ကားအနောက်ဘက်နားထိုင်စီးလာတဲ့ ဆရာမကလည်း ပြုတ်ကျသွားတာ"

ညောင်ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု ပစ်သတ်ခံရ

"သူတို့သားအဖ ၃ ယောက်စလုံး စစ်မေးပြီးမှာ ခြံထဲမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရတယ်။ ပစ်ခတ်သွားတာကတော့ အချက်ရေများတယ်။ နေရာမှာပဲ ၃ ယောက်စလုံးသေသွားတယ်"

ကျောက်တံခါးမြို့ပေါ်ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

"လက်နက်ကြီးမကျခင် နာရီပိုင်းလောက်က ရွှေဘုန်းတိုးစကစဂိတ်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်လို့ သိရ တယ်။ အဲဒီဘက်ကနေ အကြီးအသေးအသံအစုံပဲ ကြားရတယ်။ အဲ့ဘက်က ပစ်ခတ်မှုဖြစ်ပြီး ရပ်ကွက်ထဲ လက်နက်ကြီးကျတာပဲ "

ဒိုက်ဦးမှာ အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရလို့ သေဆုံး

"သူ့ကိုစောင့်ကြည့်နေတာဖြစ်မယ်။ သူလာမယ်မှန်းသိလို့ မျက်နှာချင်းဆိုင် ဆိုင်ကယ်နဲ့ မောင်းလာပြီး ပစ်သွားတာ။ နေရာမှာပဲ လဲကျသွားတယ်။ သူက ဘူတာဘက်က ရထားလမ်းကင်းကို စစ်ပြီးပြန်လာတာလို့ သိရတယ်။ "

တောင်တွင်းကြီးမှာ အုပ်ချုပ်ရေးမှူးနဲ့ စာရေးမ ပစ်သတ်ခံရ

"သူတို့နှစ်ယောက်စလုံးက တရွာတည်းနေတာ။ အုပ်ကြီးက စာရေးမအိမ်ကို အလုပ်ကိစ္စအလာ အိမ်ဝင်ပေါက်နားမှာ စကားရပ်ပြောနေတာကို လာပစ်သွားတာ။ သေနတ်သံက လေးငါးချက်လောက် ရှိမယ်။ "

ဆင်ပေါင်ဝဲမှာ ရဲတဦးရဲ့မိခင် အသတ်ခံရ

"သိရသလောက်က သေဆုံးသူအမျိုးသမီးမှာ ဓားခုတ်ခံထားရတဲ့ဒဏ်ရာတွေရော သေနတ်နဲ့ ပစ်ခတ်ထားတဲ့ ဒဏ်ရာတွေရောရထားလို့ ဒဏ်ရာဒဏ်ချက်ကများတော့ နေရာမှာပဲ သေသွားတယ်"

စပါးပေါင်းသတ်ဆေးသောက်လိုက်တဲ့ စစ်ရှောင်ကလေး ၁ဦး အရေးပေါ်ဆေးရုံတင်ထားရ

" (ပိုးသတ်ဆေးကို) ရေသောက်သလို သောက်ပစ်တာ။ ဘာစိတ်ညစ်စရာရှိနေလဲတော့မသိဘူး။ ကလေးတွေက စစ်ရှောင်နေရတာကြတော့ စိတ်ဒဏ်ရာရှိနေပုံရတယ်။ ကျောင်းပိတ်လို့ အိမ်ခဏပြန်ချိန်မှာ လုပ်လိုက်တာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10