Kyaw Gyi

စစ်ကောင်စီခန့် ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ပစ်သတ်ခံရ

"သူ့နေအိမ် တန်လျားမှာထိုင်နေချိန် ဝင်ပစ်သွားတာလို့တော့ သိရတယ်။ သေနတ်အချက်ရေတော့ များတယ်။ နေရာမှာပဲ သေသွားတယ်"

တောင်ငူမှာ မုန့်ဂိုထောင်ကတဆင့် နေအိမ်တွေပါ မီးလောင်လို့ ကျပ်သိန်းထောင်ချီဆုံးရှုံး

" မုန့်တွေထားတဲ့နေရာကနေ မီးကြိုးတွေကနေဖြစ်ပြီး မုန့်တွေကိုကူး။ လောင်စာအားကောင်းသလိုဖြစ်တော့ မီးကကြီးသွားတာ။ ဝါယာရှော့ မီးငြှိမ်းနေတုန်း မီးသတ်ကားက ရေကုန်သွားလို့ ရပ်ကွက်ကလူတွေ တော်တော်လေးဝိုင်းငြှိမ်းလိုက်ရသေးတယ်။ နောက်ဆုံးတော့ ကုန်တာပါပဲ"

ဝက်တင်ကားနဲ့ ဆိုက္ကားတိုက်မိလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

"ဆိုက္ကားက ခရီးသည်အမျိုးသမီး ၂ ဦးတင်ပြီး ရွာလမ်းကြားကနေ လမ်းပေါ်အတက် ကားကလည်း အမြန်လမ်းကနေ ရွာလမ်းထဲအဆင်းနားမှာ တိုက်ကြတာ။ ကားကရှောင်ပေမယ့် မလွတ်ဘဲ တိုက်မိတာ"

ဝေါနယ်က ရွာတွေမှာ စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ကျပ်သုံးသောင်း တောင်းယူနေ

" ပထမက စစ်မှုထမ်းဖို့ မဲနှိုက်ကြ စာရင်းသွင်းကြ။ အဲဒီလူတွေလည်း တိမ်းရှောင်ကြလို့ ခေါ်မရ။ ပြီးတော့ စာရင်းပါသူတွေလည်း နေအိမ်တွေမှာဝင်ဖမ်း မိတာလည်းရှိ မမိတာလည်းရှိ။ ခုတခါကျတော့ ဖမ်းလို့လည်းလူမရတော့ ငွေပေးငှားဖို့ ပိုက်ဆံကောက်လာပြန်တယ်"

အိမ်ခြံဝန်းထဲက သွပ်ကြိုးမှာ အဝတ်လှန်းတဲ့ အမျိုးသမီး ဓာတ်လိုက်သေဆုံး

ဇွန်လ ၂ ရက် ည ၇ နာရီခန့်မှာ အဲ့ဒီရပ်ကွက်က မသီတာဝင်း အသက် ၃၉ နှစ်ဟာ နေအိမ်မှာ ရေချိုး၊ အဝတ်လျှော်ပြီးနောက် ခြံဝန်းအတွင်း သွပ်နန်းကြိုးနဲ့ပြုလုပ်ထားတဲ့ အဝတ်လှန်းကြိုးမှာ အဝတ်လှန်းစဥ် ဓာတ်လိုက်သွားခဲ့တာလို့ ဆိုပါတယ်။

ကျောက်မီးသွေးတွင်းထဲရေဝင်လို့ လုပ်သား၂ ဦး ရေမွန်းသေဆုံး

သေဆုံးသူတွေဟာ ငဖဲမြို့နယ်၊ ငရံ့ချောင်းရွာနေ ကိုခင်ဇော်နဲ့ ချင်းမကျေးရွာနေ ကိုနေအောင်တို့ဖြစ်ပြီး အသက် ၂၀ အရွယ်တွေဖြစ်ပါတယ်။ ဇွန်လ ၂ ရက်ညပိုင်းမှာ ကျောက်မီးသွေးတွင်းတူးနေချိန် မိုးရေတွေတွင်းထဲဝင်လာပြီး နှစ်ဦးစလုံးပြန်ထွက်မလာနိုင်ဘဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ညောင်လေးပင် မြို့မရဲစခန်းက ရဲအုပ်အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံရ

ညောင်လေးပင်မြို့မရဲစခန်းက ရဲအုပ်ကေသီခိုင်ဟာ ဇွန်လ ၃ ရက် မနေ့မနက် ၉ နာရီခန့်မှာ သူနေထိုင်ရာ သမကျေးရွာကနေ ညောင်လေးပင်ရဲစခန်းကို ဆိုင်ကယ်နဲ့ သွားရောက်စဉ် အဆိုပါလမ်းပိုင်းမှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

ပဲခူးနဲ့မွန်အစပ်က စစ်တပ် ၂ ခု တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

" ကျနော်တို့အဖွဲ့ဘက်က သွားပစ်ချိန် ၆၀ သီးတွေက စကစတပ်ထဲကို ကောင်းကောင်းကျတယ်။ ထိခိုက်သေဆုံးလည်းရှိသွားတော့ သူတို့ဘက်က တနေကုန်၊ တညလုံး လက်နက်ကြီးတွေဆက်တိုက်ပစ်တာ အလုံး ၃၀ ကျော်တယ်"

ရွှေကျင်-ညောင်လေးပင်ကားလမ်းပေါ်က စစ်ရေးအရသုံးနေတဲ့ တံတားမိုင်းခွဲခံရလို့ စစ်တပ်က ချက်ချင်းပြင်ဆင်

"အခုက KNU တပ်မဟာ ၃ ဘက်ကို စကစက စစ်ကြောင်းထိုးနေတာလေ။ ဒါကြောင့် အဲ့လမ်းပိုင်းက တံတားကျိုးတာကို ချက်ချင်းပြန်ပြင်လိုက်တယ်။ ဒါမှ စစ်ရေးအရ သူတို့ ပြန်သုံးလို့ရမှာမို့ပဲ"

ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိခင်သေဆုံးပြီး သမီးဖြစ်သူဒဏ်ရာပြင်းထန်ရ

"စကစလက်နက်ကြီးပစ်ချိန်က ညပိုင်းလူတွေအိပ်ချိန်ဖြစ်နေပြီ။ လက်နက်ကြီးထိတဲ့ သားအမိကလည်း နေအိမ်မှာ အိပ်နေတာ။ နေအိမ်ပေါ်တည့်တည့်ကျတော့ မိခင်ကနေရာမှာပဲ ဆုံးသွားတယ်"

ပဲခူးမှာ အုတ်တင်ကားကို တွဲကားက ဝင်တိုက်လို့ ၈ ဦးဒဏ်ရာရ

"ဖြစ်တဲ့အချိန်က မိုးကလည်းရွာနေတယ်။ ကုန်းကလည်းအဆင်းဆိုတော့ တွဲကားကစလစ်ဖြစ်ပြီး အုတ်တင်ယာဥ်ကိုတိုက်ပြီး လမ်းလယ်ကျွန်းကိုပါ ခွကျော်လျက်ဖြစ်သွားတာ"

မကွေးမြို့ ဧရာဝတီမြစ်တွင်းမှာ ရေနစ်သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့ရှိ

"အကျီအဝါရောင်၊ ဘောင်းဘီတိုနဲ့ အမျိုးသားအလောင်းပေါ်နေတယ်ဆိုလို့ သွားကြည့်တာ။ ရေပေါ် ပေါ်နေပြီဆိုတော့ သေတာက နှစ်ရက်သုံးရက်လောက်ရှိနေပြီ ထင်တယ်။ ပုပ်နေတာမျိုးတော့ မရှိသေးဘူး"

ကျောက်ကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး၊ KNU ရုံးကိုလည်း လေကြောင်းနဲ့ဗုံးကြဲ

" လက်နက်ကြီးက နေ့တိုင်းလိုလိုပစ်နေကျပဲ။ တိုက်ပွဲမရှိဘဲ PDF နဲ့ KNU တွေရှိမယ်ထင်ပြီး ရွာထဲပစ်ထည့်တာ။ ရွာထဲကို ၂ လုံးကျကွဲခဲ့တာ။ သားအမိ ၂ ဦးနဲ့ အမျိုးသား ၁ ဦးကိုထိမှန်ခဲ့တာ"

အုတ်တွင်းက အမျိုးသမီးတဦး ဓါးခုတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

"ကျောင်းအုပ်ကြီးမိန်းမက နေအိမ်မှာတယောက်တည်းရှိနေချိန်မှာ မဆွေဇင်ခိုင်က အိမ်ပေါ် တက်လာပြီး ယောက်ျားမွေးနေ့ နီးနေလို့ ပြက္ခဒိန်ကြည့်ပါရစေ ဆိုပြီး ဒေါ်ခင်စန်းအေးကို ရုတ်တရက် ဓါးနဲ့ အချက်ပေါင်းများစွာခုတ်လိုက်တာ"

ရွှေကျင်မှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

"ရွှေကျင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ရွာတွေဘက်ကို စကစဘက်က စစ်ကြောင်းထိုးတာရှိသေးတယ်။ စကစစစ်ကြောင်းတွေ ပြန်ထွက်သွားပြီးနောက် ညတိုင်းလိုလို ရွာတွေဘက် လက်နက်ကြီးတွေ ပစ်လာတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10