Kyaw Gyi

ပျူခေါင်းဆောင်အိမ် PDF စီးနင်းတိုက်ခိုက်၊ ၁ ဦးသေ ၃ ဦးဖမ်းမိပြီး သေနတ် ၂လက်ရ

ဇန်နဝါရီလ ၁၅ ရက် မနေ့ ည ၉ နာရီခန့်မှာ အင်အား ၇ ဦးခန့်ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကာ သေနတ်ကိုင်ပြီးပြေးဆင်းလာတဲ့ ဦးခင်စိုးကိုတော့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျောက်တံခါးမြို့နယ်ကြံ့ခိုင်ရေးကော်မတီဝင် ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

"လယ်ထဲဆေးဖြန်းဖို့သွားကြတာကို သူတို့လယ်အရောက်နားမှာ ပစ်သွားတာ။ ဖအေဖြစ်သူကတော့ နေရာမှာသေသွားတယ်။ သမီးက ဒဏ်ရာရသွားတယ်"

ပြည်မှာ မီးလောင်လို့ အမျိုးသား ၁ ဦးသေပြီး နေအိမ် ၃ လုံးပျက်စီး

ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီခွဲခန့်မှာ အဲ့ဒီရပ်ကွက် အသက်၆၅နှစ်အရွယ် ဦးသော်ဇင်ဟာ နေအိမ်က ရေခဲသေတ္တာကို ပြုပြင်နေစဥ် ရေခဲသေတ္တာအောက်ရှိ ဂက်(စ်)ကွိုင်ကို ဂဟေဆော်ရာမှ ပေါက်ကွဲပြီး မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

နွားထိုးကြီးမှာ စျေးဝယ်ပြန်လာတဲ့ ရပ်ကျေးစာရေး အမျိုးသမီး ၁ ဦး ရှင်းလင်းခံရ

"သူ့အိမ်အတွက် ရွာထဲက ကုန်စုံဆိုင်မှာ စျေးဝယ်ပြီး ပြန်လာတာမှာ ဆိုင်ကယ် ၂ စီးနဲ့ လိုက်ပစ်တာလို့ သိရတယ်။ ရွာကို ကားလမ်းကဖြတ်ထားတော့ ကားလမ်းအတိုင်းလာရင်း ပစ်ခံရတာ။"

မုန်းတိုက်ပွဲတွင် ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၉ ဦးအပါ တပ်ဖွဲ့ဝင်မိသားစု ၆၁ ဦးကို ဥပဒေများနဲ့အညီ KNU က စောင့်ရှောက်ထား

"သုံ့ပန်းတွေရော၊ တပ်မိသားစုတွေပါ စည်းမျည်းစည်းကမ်းတွေနဲ့အညီ သေသေချာချာ ကောင်းကောင်းမွန်မွန် ထားပါတယ်။ KNU က အဓိကပံပိုးမှုနဲ့ စောင်ရှောက်ထားပါတယ်"

ကန့်ဘလူနယ်က အမြဲတမ်းစစ်ရှောင် ၄၀၀ အတွက် စောင်နဲ့အနွေးထည်လှူဒါန်း

" ကျနော်တို့ သွားလှူဖြစ်ခဲ့တဲ့နေရာက ကျွန်းလှကော၊ ကန့်ဘလူဘက်ကကော စစ်လာရှောင်နေတဲ့ နေရာ။ နောက်တခုက ပျူတွေကို လက်မခံလို့ပြေးလာတဲ့မိသားစုတွေလည်းပါတယ်။ လှူဒါန်းတာတွေက စစ်ရှောင်တွေအတွက်ကတော့ လုံလောက်မှုမရှိပါဘူး"

တောင်ငူနယ်ကရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့လူမပေးနိုင်ရင် PDF ရွာသတ်မှတ်ပြီး ရွာလုံခြုံရေးအတွက် အာမခံချက်မပေးနိုင်ဘူးလို့ စစ်တပ်ခြိမ်းခြောက်

" ကျနော်တို့ဘက်ကတော့ သူတို့ကို အယုံအကြည်မရှိလို့ မဝင်နိုင်ဘူး။ ဒီဘက်ခြမ်းက လူတွေအားလုံးကလည်း ပြည်သူစစ်ထဲဝင်ဖို့ ဘယ်သူမှ လက်မခံကြဘူး။ ဒီထက်ပိုပြီး အတင်းအကြပ်ဖိအားပေးလာရင်တော့ ကျနော်တို့စီစဥ်ထားတာရှိတယ်"

အောင်လံမှာ မကွေးစစ်ကောင်စီဝန်ကြီးချုပ် လမ်းဖွင့်ပွဲလာတက်ချိန် ဗုံးပေါက်ကွဲ

" ဖွင့်ပွဲလုပ်နေတဲ့အချိန် မြို့ပတ်လမ်းဘေး ပျားဂေဟာအရှေ့ဘက်နားလောက်က ပေါက်ကွဲသံက အကျယ်ကြီးထွက်လာတယ်။ ဝန်းကြီးချုပ်ဆိုသူလည်း တက်သုတ်ရိုက်ပြန်သွားတယ်"

တွဲကားနောက်ဆုတ်ချိန် ရပ်ထားတဲ့ကားကိုဝင်တိုက်လို့ ကားအောက်အိပ်နေတဲ့ယာဉ်မောင်းကို ကြိတ်မိပြီး သေဆုံး

" တွဲကားက တိုက်လိုက်တဲ့အရှိန်ကြောင့် သူ့ကားက သူကို ပြန်ကြိတ်သွားတဲ့သဘော။ တော်တော်အခြေအနေဆိုးဆိုးနဲ့ သေသွားတာလို့ ပြောရမယ်"

ဝမ်းတွင်းမှာ ယက္ကန်းရုံအလုပ်သမားက တူနဲ့ထုသတ်လို့ ပိုင်ရှင်အမျိုးသမီးအပါ ၄ လောင်းပြိုင်သေဆုံး

"သတ်သွားတဲ့သူက ပိုင်ရှင်ဆီမှာ ဆိုင်ကယ်ဝယ်ဖို့ ငွေချေးထားတယ်တဲ့။ အဲဒါ လကုန်လုပ်ခရှင်းတော့ ချေးထားတဲ့ငွေထဲက အချို့တဝက်ကို ဖြတ်တယ်ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး စကားများကြတာကို မကျေနပ်လို့ လာပြန်လုပ်သွားတာ"

ကရင်လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်

"ကောင်လေးတွေက ခြံကနေ ကွမ်းသီးတွေခူးပြီး သူတို့အိမ်ကိုပြန်ဖို့ တံတားဖြတ်ချိန်မှာ ပစ်ခံရတာ။ ညီအကို ၂ ဦးစလုံး သေသွားတယ်။ အဲ့ဒါကို အလောင်းကောက်ဖို့သွားတဲ့ ပရဟိတသမားတဦးလည်း ဖမ်းဆီးခံလိုက်ရတယ်"

ဝေါမြို့နယ်မှာ စစ်တပ်က အတင်းအဓမ္မ မဲနှိုက်ခိုင်းပြီး ပျူစောထီးလုပ်ခိုင်းနေ

"သူတို့အစီအစဥ်က တရွာ ၁၅ ဦး မဖြစ်မနေလုပ်ရမယ်။ ခုက ရွာတွေမှာက လုပ်မယ့်သူမရှိတော့ မဲနှိုက်ခိုင်း နေတယ်။ မဲပေါက်တဲ့အိမ်က ပျူစောထီးလုပ်ရမယ်။ မလုပ်နိုင်ရင် ပိုက်ဆံပေးပြီး လူထည့်ရမယ်။ အတင်းအကြပ်ကို လုပ်နေတာပါ"

စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

"အုပ်ချုပ်ရေးမှူးကိုပဲ ရွေးပစ်သွားတာ။ သူနဲ့အဖော်လိုက်လာတဲ့ တယောက်ကိုတော့ဘာမှ မလုပ်သွားဘူး။ သေနတ်သမားတွေကလည်း သတင်းရလို့ လာစောင့်နေတာဖြစ်မယ်"

မကွေးတက္ကသိုလ်မှာ ကျောင်းသူတဦး ဓါးထိုးခံရလို့ သေဆုံး

ဇန်နဝါရီလ ၈ရက် ‌မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျောင်းဝန်းအတွင်း စာသင်ဆောင်တခုအနီးမှာ ၂၁ နှစ်အရွယ် သတ္တဗေဒမေဂျာဂုဏ်ထူးတန်း ဒုတိယနှစ်တက်နေသူ မဝိုင်းဆုလှိုင် ကို ၂၁ နှစ်အရွယ် ကိုဝေဖြိုးအောင်ဆိုသူက ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။

မြင်းစီးကျေးရွာ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

"သူတို့လာတာကို သတင်းရလို့ စောင့်ဆိုင်းပြီး ပစ်ခတ်တာ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်သေးတယ်လို့ သိရတယ်။ ပျူခေါင်းဆောင်ကတော့ နေရာမှာပဲသေသွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10