Kyaw Gyi

အမြန်လမ်းသစ်၊ လမ်းဟောင်း နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်မည်

"အရင်ကြေညာချက်ထုတ်ထားသလိုပဲ စစ်တောင်းမြှစ်ဝှမ်းကို စစ်ဆင်ရေးအရှိန်တိုးမြှင့်သွားဖို့ဆိုတော့ ဒီလမ်းပိုင်း ၂ ခုဆိုတာကလည်း အကျုံးဝင်ပါတယ်။ ဒီလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရင် စစ်ကောင်စီဘက်က တော်တော်အထိနာမှာ သေချာပါပဲ"

ထန်းတပင်မှာ စစ်ကောင်စီဘက်က တပ်စခန်း ၁ ခု ထပ်မံစွန့်ခွာ၊ KNLA ဘက်က မီးရှို့ရှင်းလင်း

"KNU သတင်းထုတ်ပြန်ချက်အရတော့ စကစ စခန်းတခု ထပ်စွန့်ပြီးပြေးတာသိရတယ်။ သူတို့မရှိတော့ စခန်းကိုလည်း မီးရှို့ဖျက်ဆီးလိုက်တာရှိတယ်။ စကစ စခန်းစွန့်ပြီး နောက်ရက်မှာပဲ ရှင်းလင်းခဲ့ကြတာ"

စစ်တပ်ပစ်တဲ့ လက်နက်ကြီးဗုံးသီး နာရေးအိမ်ပေါ်ကျလို့ ၄ ဦးသေဆုံး၊ ၁၆ ဦးဒဏ်ရာရ

" နာရေးအတွက်ချက်ပြုတ်နေကြချိန် လက်နက်ကြီးက နေအိမ်ပေါ်ကိုတည့်တည့်ကျလာတာ။ နာရေးမှာ လာဝိုင်းလုပ်နေသူတွေ ထိခိုက်ကုန်တာ၊ ကလေးတွေလည်းပါတယ်”

တောင်သာမြို့နယ်မှာ ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

"သိရသလောက် သူတို့လင်မယား စိုက်ခင်းထဲက ပြန်လာတာကို ရွာထိပ်မှာ စောင့်ပြီးပစ်သွားတာ။ သူ့မိန်းမကိုတော့ ဘာမှမလုပ်ခဲ့ကြဘူး။ "

၁၅ ဦးကျော်သေဆုံးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကမီးရှို့လို့ နေအိမ် ၄၀ ကျော်ပျက်စီး

"အဲ့ဒီ စကစ စစ်ကြောင်းက ရွာစဥ်လှည့် စစ်ကြောင်းပတ်ထိုးပြီး ဒေသခံတွေကို အနိုင်ကျင့်နေတာ။ မရိုးခုံရွာထဲကို ၂၃ ရက်နေ့လောက်ကတည်းကရောက်ပြီး တပ်စွဲနေချိန်မှာ သူတို့ပြန်အထွက်ကိုစောင့်နေပေမယ့် မထွက်ဘဲ ရက်ကြာလာလို့ ဝင်တိုက်ခဲ့တာ။ အဲ့ဒါကို ရွာထဲရှိချိန် တိုက်ခိုက်ခံရတာကို မကျေနပ်လို့ နောက်တခေါက်ပြန်လာပြီး ရွာကိုမီးရှို့သွားတာ"

အမြန်လမ်းမှာ ကားမှောက်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

"ကားက ပြင်ဦးလွင်က ဘုန်းကြီးကျောင်းတကျောင်းက ကားပါ။ မောင်းလာချိန်မှာ ကားဝဲဘက် အရှေ့ဘီးပေါက်ပြီး လမ်းဘေးထိုးကျမှောက်သွားတာ။ ကားပေါ်မှာက သံဃာ ၂ ပါးနဲ့ လူ ၃ ယောက်ပါတယ်။"

စစ်ရေးအရအရေးပါတဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းက ကင်းစခန်း ၅ ခုကိုတိုက်ခိုက်

"စစ်ရေးအရ အရေးပါတဲ့ ရန်သူရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ရန်ကုန် မန္တလေး လမ်းဟောင်းကို ဖြတ်တောက်ဖို့ပါ။"

စစ်ကိုင်းမှာ အမှိုက်ပုံကနေ ဗုံးကွဲလို့ ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

"သူတို့မိသားစုက ပလုံကောက်တာဆိုတော့ အမှိုက်ပုံထဲ မွှေနှောက်ရှာဖွေတာနဲ့တူတယ်။ အဲ့မှာ မိုင်းကထပေါက်တာ။ အဲ့နားရှိတာဆိုလို့ ရထားသံလမ်းပဲ ရှိတာ"

ချောင်းဦးမှာ စစ်သားတဦး ပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့ စစ်ကြောင်းပါမိုင်းထိ

"သူက စစ်ကောင်စီတပ်သားတစ်ယောက်လို့တော့ သိရတယ်။ အရင်ရက်တွေမှာဆို စစ်ယူနီဖောင်းနဲ့ အမြဲသွားလာတာရှိနေတော့ သူကိုချောင်းနေတာ။ မနေ့ကတော့ အရပ်ဝတ်နဲ့လာချိန်မှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်။ သူအလောင်းကို စကစတွေလာသယ်နိုင်တာသိလို့ အလောင်းအောက်မှာ မိုင်းဆင်ခဲ့တယ်"

ပခုက္ကူမြို့ အင်းဝဘဏ်ရှေ့ ဒရုန်းဗုံးကျ အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရ

"ဘဏ်ရှေ့မှာက စကစ တပ်သားတွေက လုံခြုံရေးစောင့်တာရှိတယ်။ ဗုံးက ဂိတ်ထဲမကျဘဲ လမ်းပေါ်ကျတာလို့ သိရတယ်။ ဒေသခံတွေ ထိခိုက်တာရှိတယ်။ ဗုံးကျလို့ ထိခိုက်တာလား။ စကစအဖွဲ့က ပစ်လို့ထိတာလားတော့ မသိရဘူး။ "

ထန်းတပင်က တပ်စခန်း ၂ ခုကို စစ်တပ်က စွန့်ခွာထွက်ပြေးသွားလို့ KNLA က မီးရှို့ရှင်းလင်း

KNLA ပူးပေါင်းတပ်တွေဘက်က အဆိုပါ စခန်း ၂ ခုကို ရိက္ခာတွေမသယ်နိုင်အောင် လမ်းကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် ရိက္ခာပြတ်တဲ့ဒဏ်ကို မခံနိုင်လို့ စစ်ကောင်စီအဖွဲ့တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသားအလောင်း ၂ လောင်းတွေ့

ဇန်နဝါရီလ ၁ ရက် မနေ့က မနက် ၁၀ နာရီခန့်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ရေတာရှည်နဲ့ ကျောက်တံခါးက စစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

ညောင်တိုပျူရွာ တိုက်ခိုက်ခံရမှု ပျူ ၃ ဦးသေဆုံး၊ ၁၂ ဦးအရှင်ဖမ်းဆီး

"တိုက်ပွဲဖြစ်တာနဲ့ စကစဘက်က ခဏလောက်ပဲ ခံပစ်တယ်။ သူတို့ဆုတ်သွားတော့ ပျူတွေပဲ ကျန်ခဲ့တယ်။ သူတို့မှာတော့ လက်နက်မရှိဘူးလို့ သိရတယ်။ ရွာကိုတော့ ဝင်စီးနိုင်ခဲ့ပြီး ပျူခေါင်းဆောင်အိမ်ကို မီးရှို့ခဲ့တယ်"

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

" ဒီရက်ပိုင်းမှာ စကစဘက်က လေကြောင်းကို တော်တော်သုံးပြီး ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ အများကြီး လုပ်သွားတယ်။ ဒေသခံတွေက လေယာဥ်ဗုံးဒဏ်ကို တော်တော်ခံရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10