Kyaw Gyi

မုန်းမြို့နယ်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ၃ လအတွင်း ပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်အတွင်း ၃ လတာကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရခဲ့တယ်လို့ မတ် ၃၁ ရက်မှာ မုန်းမြို့နယ်ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ပဲခူးမှာ ၂၂ ဘီးတွဲကားမှောက်လို့ အမျိုးသား ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

မတ် ၃၁ ရက်ညနေ ၄ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ ဝေါမြို့နယ်ဘက်ကို အသက် ၄၀ အရွယ်အမျိုးသားတဦး မောင်းနှင်လာတဲ့ တွဲကားဟာ လမ်းအတိုင်းမောင်းနှင်လာချိန် လမ်းကြားထဲကထွက်လာတဲ့ သုံးဘီးယာဥ်ကိုရှောင်ရမှာ တိမ်းမှောက်သွားခဲ့တယ်လို့ဆိုပါတယ်။

သင်္ကြန်ပွဲတော်နဲ့ ရွှေမော်ဓောဘုရားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စစ်ကောင်စီကြိုးပမ်း

"စကစဘက်ကတော့ ပဲခူးဟာ ပုံမှန်လည်ပတ်နေပါတယ်ဆိုပြီး ပြချင်လို့ လုပ်နေတာပါပဲ။ ဒီလထဲမှာလည်း ပဲခူးရွှေမော်ဓောဘုရားပွဲလုပ်ဖို့လည်း ရှိနေတယ်။ သင်္ကြန်လည်း စည်ကားအောင်လုပ်ဖို့စီစဥ်နေတယ်လို့ သိရတယ်။ အချို့နေရာတွေမှာ မဏ္ဍပ်တွေလုပ်နေပြီ။ သူတို့တိုင်းရုံးရှေ့မှာလည်း လုပ်နေတယ်"

ပဲခူးမှာ ၂၂ ဘီးတွဲကားမှောက်လို့ အမျိုးသား ၂ ဦးဒဏ်ရာရ

"ဝိတ်ကလည်းပါတယ်။ သုံးဘီးကိုလည်းရုတ်တရက်ရှောင်လိုက်လို့ မှောက်သွားတာ။ အဲဒီအချိန်မှာ အိမ်စီးကားတစီးကလည်း ရှောင်တာမြန်လို့။ မဟုတ်ရင် ကျောက်မှုန့်ကားအောက်မှာ (ကျောက်မှုန့်တွေအောက်မှာ) မြုပ်ပြီ"

နေပြည်တော် စစ်ရေးပြအခမ်းအနားကပြန်လာတဲ့ စစ်ကားမှောက်ပြီး ၂ ဦးသေ ၁၆ ဦးဒဏ်ရာရ

"စစ်ရေးပြအခမ်းအနားပြီးလို့ ပြန်လာကြတာ။ ဖြစ်တဲ့နေရာက ကွေ့လိုဖြစ်နေတော့ အရှိန်မထိန်းနိုင်ဘဲ မှောက်တာ။ သေဆုံးထိခိုက်တာ များတယ်"

စစ်တပ်ယာယီစခန်းတခုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေ

"သူတို့ လူအင်အားနည်းနေလို့ သတင်းအရ သွားတိုက်ကြတာ။ သူတို့ဘက်ကလည်း တော်တော်လေးခံပစ်ကြတယ်။ သူတို့စခန်းသိမ်းကာနီးမှ ရွှေကျင်ဗျူဟာက လက်နက်ကြီးပစ်ကူပေးတာနဲ့ မဒေါက်ဘက်က စစ်ကူလာတာတွေကြောင့် ပြန်ဆုတ်လာရတယ်"

ရွှေဘိုက ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

"သေနတ်နဲ့ပစ်ခတ်သွားတာလို့တော့ သိရတယ်။ သေနတ်ဒဏ်ရာတွေနဲ့ပဲ ကျောင်းထဲမှာ ပျံလွန်တော်မူသွားတယ်။ သိရသလောက်က ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ပစ်သွားတာ"

ပဲခူးနဲ့မွန်အစပ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"တပ်မ ၄၄ လက်အောက်က စကစအဖွဲ့တွေ ကျနော်တို့ရှိတဲ့ဘက်ကို စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်နေချိန် စကစအဖွဲ့တွေ ထိလို့ လဲကျသွားတာတွေမြင်ရတယ်။ သူတို့ဘက် ထိခိုက်သေဆုံးတွေရှိတော့ ပြန်ဆုတ်သွားကြတယ်"

မြင်းခြံနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီအဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၆ ဦးဒဏ်ရာရ

"သူတို့စစ်ကြောင်း ပျူရွာထဲလာတယ်လို့ သတင်းပေးလာလို့ ကျနော်တို့ဘက်က ဒရုန်းနဲ့သွားတိုက်ခိုက်ခဲ့တာ။ ပျုရွာထဲက စာသင်ကျောင်းနဲ့ ရွာထိပ်ဂိတ်မှာ သူတို့တွေနားနေချိန်မှာ တနေရာ ၂ လုံးစီ ဗုံးချခဲ့တာ"

စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ရွှေဘိုမြို့မုခ်ပေါက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ ၅ ဦးဒဏ်ရာရသွားတယ်လို့ Buffalo soldiers freedom Force အဖွဲဆီက သိရပါတယ်။

ပုလဲမှာ စစ်ဗိုလ်တဦးကို ယင်းမာပင်ခရိုင်တပ်ရင်းက ဖမ်းဆီး

"သူတို့ရဲစခန်းကို စောင့်ကြည့်နေတာ ကျနော်တို့အဖွဲ့တွေက။ မနေ့မနက်ပိုင်းက သူလည်း နည်းနည်းမူးနေပြီး ဆိုင်ကယ်နဲ့ထွက်လာတာတွေ့တော့ ဖမ်းလိုက်တာ"

ပြည်မြို့မှာ ယာဥ် ၃ စီးတိုက်မှုဖြစ်ပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရ

"အရှိန်များပြီးဝင်တိုက်တာလို့ သိရတယ်။ သုံးဘီးပေါ်ပါသူတွေရော စျေးရောင်း၊ စျေးဝယ်နေသူတွေရော ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်"

၅ ရက်ကြာပျောက်နေတဲ့ အသက် ၇၀ ကျော်အရွယ် အဖိုးတဦးကို သေဆုံးလျက်ပြန်တွေ့

"ဘယ်နေ့ကတည်းက သေနေတယ်ဆိုတာတော့မသိရဘူး။ ပျောက်နေတာလည်းကြာပြီဆိုတော့။ ပြင်ပ ဒဏ်ရာတွေတော့မတွေ့ရဘူး။ တောထဲမျက်စိလည်ပြီး အာဟာရပြတ် သေဆုံးတာ ဖြစ်နိုင်တယ်"

စလင်းက ကျေးရွာတာဝန်ခံ ၁ ဦး ဖမ်းဆီးသတ်ခံရ

ဦးလူမြင့်အလောင်းကို ဒီမနက် ၅ နာရီကျော်မှာ ပန်းပြင်ကျေးရွာအနောက်ဘက် တမိုင်ကျော်အကွာ သရက်တော- ဆင်ဖြူကျွန်းသွား မြေနီလမ်းဘယ်ဘက်ရှိ ဇရပ်အနီးမှာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ရပြီး အလောင်းကိုတော့ ဒေသခံတွေက စလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10