Kyaw Gyi

မုန်းတိုက်ပွဲမှာ ခလရ ၈၄ ဗိုလ်မှူး ကျော်လတ်ခိုင် အပါ ၂၀ ကျော် လက်နက်ချ

လက်နက်ချသူတွေမှာ ခလရ ၈၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လတ်ခိုင် ၃၉ နှစ်၊ တပ်ခွဲမှူး ဗိုလ်ကြီးအာကာစိုး ၃၃ နှစ်၊ အင်ဂျင်နီရာတပ်စုမှူး ဗိုလ်ကြီး နိုင်နိုင်ထွန်း ၃၄ နှစ်၊ ဒုအရာခံဗိုလ် လှသိန်း ၅၈ နှစ်၊ ဒုအရာခံဗိုလ် သန်းအောင် ၅၁ နှစ်၊ တပ်စိတ်မှူး တပ်ကြပ် စန်းဦး ၃၂ နှစ်၊ တပ်ကြပ် ထူးကိုကို ၃၃ နှစ်၊ တပ်ကြပ် ဟန်ထွန်း ၄၈ နှစ်၊ ဒုတပ်ကြပ် မောင်ဇော် ၄၀ နှစ်၊ တပ်သား သူရလင်း ၃၃ နှစ်၊ တပ်စိပ်မှူး တပ်ကြပ် တောလူ ၅၄ နှစ်၊ တပ်သား ဝေယံစိုး ၃၂ နှစ်၊ ဒုတပ်စိတ်မှူး ဒုတပ်ကြပ် တင်ထွန်းဇော် ၄၅ နှစ်၊ ဒုအရာခံဗိုလ် ဝင်းမင်းထွန်း ၄၂ နစ်၊ တပ်ကြပ်ကြီး သက်နိုင် ၅၆ နှစ်၊ တပ်ကြပ် သက်ဦး ၄၃ နှစ်၊ မွေးမြူရေးဒုတပ်ကြပ် ဌေးလွင် ၅၀ နှစ်၊ တပ်သား စိုင်းအွန်ခမ်း ၂၉ နှစ်၊ တပ်သား ရဲမင်းနိုင် ၃၂ နှစ် တို့ ဖြစ်ပါတယ်။

ရွှေကျင်က ဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့

"ဖမ်းဆီးသတ်ဖြတ်ခံရသူတွေက စကစတွေရွာထဲဝင်လာချိန် ပြေးမလွတ်တော့လို့ ကျန်ခဲ့တာကို PDF တွေဆိုပြီး ပစ်သတ်သွားတာ"

မြင်းခြံမှာ တပ်သတင်းပေးအဖြစ် သတ်မှတ်ခံရသူလင်မယား အသတ်ခံရ

"သူတို့အိမ်နားက လမ်းပေါ်မှာပဲ ပစ်သတ်ခံလိုက်ရတာ။ နေရာမှာပဲ နှစ်ယောက်စလုံး သေသွားတာ"

ကထိန်မှာ ကခုန်ရင်း ဓားထိုးမှုဖြစ်လို့ လူငယ် ၁ ဦးသေဆုံး

"ကနေရင်းနဲ့ တိုက်မိကြတာလို့ သိရတယ်။ အဲ့ကနေ ဘာမှမဟုတ်ဘဲ စကားများကြတာ။ ပြီးတော့ ဓားထိုးမှုဖြစ်တာ။ တယောက်ကတော့ သေသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မုန်းမြို့သိမ်းတိုက်ပွဲ လေကြောင်းက အကြိမ် ၅၀ ခန့်ပစ်ခဲ့ပြီး ဆက်တိုက်ပစ်ခတ်နေလို့ နယ်မြေရှင်းလင်းရခက်ခဲနေ

" ဒီတကြိမ် လေကြောင်းသုံးတာ တော်တော်များတယ်။ အမျိုးအစားမသိတဲ့ လေယာဥ်တွေနဲ့ကော လာပစ်တာတွေရှိတယ်"

ကျောက်ကြီးမှာ ရွာပြင်ထွက် နွားကျောင်းတဲ့အမျိုးသား မိုင်းနင်းမိလို့ ခြေကျင်းဝတ် ပြတ်ထွက်

" ရွာပြင်ချောင်းနားမှာ နွားကျောင်းနေချိန် နင်းမိုင်းထိတာလို့ပြောတယ်။ အခြေအနေကတော့ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး"

မြင်းမူနဲ့ ညောင်ပင်ဝန်းတွင် PDFနဲ့ စစ်ကောင်စီထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

"မနေ့က ကျနော်တို့ဘက်က သူတို့လာမှာ သတင်းရလို့ ပြန်ဆုတ်ထားပြီး အခြေနေကြည့်နေတာ။ အဲ့နားဝန်းကျင်မှာလည်း စကစအတွက် မိုင်းကွင်းဆင်ထားတာရှိတယ်။ သူတို့လည်းရောက်လာ ကျနော်တို့ ဘက်ကလည်း မိုင်းဆွဲပြီး ပစ်ခတ်တာ"

ကန့်ဘလူက ကျေးရွာ ၄ ခုကို တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လှည့်ပတ် ပစ်ခတ်ခဲ့

" PDF တွေရှိတယ်အထင်နဲ့လာပစ်တာလား၊ ဒေသခံတွေကို အကြောက်တရားပေးချင်လို့ လာပစ်တာလားတော့မသိဘူး။ စက်လက်ကျည်လာကျတဲ့နားက ဒေသခံတွေကျတော့ ဝရုန်းသုန်းကား ထွက်ပြေးသူ၊ ပုန်းသူတွေရှိကြတယ် "

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးထိလို့ PDF ၁ ဦးနဲ့ အရပ်သား ၁ ဦး ထိခိုက်

"ကျနော်တို့ဘက်က ရဲဘော်တွေလည်း ရွာထဲရောက်ချိန် စကစ ဘက်ကပစ်တဲ့ လက်နက်ကြီးလည်း အကျဆိုတော့ ရဲဘော်တွေကော ဒေသခံတွေပါ ထိခိုက်သွားတာ"

ပုလဲ၊ မြကုန်းရွာတိုက်ပွဲမှာ စိတ်ကျန်းမာရေးမကောင်းသူ လူငယ်တဦးနဲ့ PDF တဦးသေဆုံး

" မနေ့က စကစ ကင်းလှည့်အဖွဲ့နဲ့တိုးပြီး ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ ဒီမနက် နယ်မြေရှင်းလင်းရေးလုပ်တော့ အလောင်း ၂ လောင်းတွေ့ရတယ်။ တယောက်က စိတ်သိပ်မမှန်တဲ့ ကလေးပါ။ သူ့ကိုလည်း ပစ်သတ်ပြီး PDF ဘောင်းဘီဝတ်ထားပေးတယ်။ စကစ အဖွဲ့ကတော့ မနေ့ကတည်းက ပြန်ထွက်သွားတာ"

ဖြူးတိုက်ပွဲ စစ်ကောင်စီဘက်က ၁၇ ဦးကျော်သေ၊ ၂၀ ကျော် ဒဏ်ရာရ

" G 1 အဆင့်ဦးစီးပြီးလာတဲ့ စစ်ကြောင်းနဲ့ တနေကုန်နီးပါး တိုက်ပွဲဖြစ်တာ။ စကစဘက်ကတော့ လေကြောင်းပစ်ကူ အသားကုန်သုံးသွားတာ။ ဒါကြောင့် အလောင်းလက်နက် ကောက်မရလိုက်ဘူး"

မုံရွာမှာ ရဲ ၁ ဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး၊ စစ်တပ်က ရွာကို မီးရှို့

"သူတို့ရဲစခန်းက ရဲတပ်သားပစ်ခံရတာကို မကျေနပ်လို့ ရွာက နေအိမ်တွေကို မီးတင်ရှို့တာ။ နေအိမ် ၅ လုံးလောက်တော့ မီးလောင်သွားတယ်။ ကုန်သွားတာက ၃ လုံး"

မြင်းခြံမှာ ရပ်ကျေး မီးလင်းရေးကော်မတီဝင် ၁ ဦးပစ်သတ်ခံရ

"သူ့ကို သေနတ်သမားတွေက စောင့်ကြည့်နေတာဖြစ်မယ်။ လေးငါးချက်လောက်ပစ်သွားလို့ နေရာမှာပဲ သေသွားတာ"

ရွှေဘိုမြို့ကို တပ်ဆုတ်လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရလို့ စစ်ဗိုလ် ၁ ဦးအပါ ၃ ဦးသေဆုံး (ရုပ်/သံ)

ရွှေဘိုမြို့ကို တပ်ပြန်ဆုတ်လာတဲ့ စစ်ကြောင်းကို နိုဝင်ဘာ ၂၉ ရက်က (အောင်ချမ်းသာ) ရွာသစ်နဲ့ ဇီးတောရွာတွေမှာ ကြားဖြတ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၂ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

သူရဲသမိန်ရွာက စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်တောင်းမြစ်အတွင်း ဒေသခံတွေမသွားဖို့ ခြိမ်းခြောက်ကန့်သတ်

" ဒီဘက်ရွာသားတွေက ရေလမ်းကို အများဆုံးအားကိုးပြီးသွားနေကြတာ။ ရိက္ခာဝယ်တာ၊ ငါးဖမ်းတာနဲ့ သွားလာတာတွေ သုံးကြတာ။ ခုလိုပိတ်လိုက်တော့ ရွာခံတွေအတွက် အခက်ခဲဖြစ်လာမှာပဲ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10