Kyaw Gyi

ပုဇွန်မြောင်းရွာထဲက နေအိမ် ၃၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့

"သူတို့ မီးရှို့လို့ နေအိမ်တွေ မီးလောင်နေတာကို မြင်နေရတယ်။ မီးလောင်မှုက ည ၁၀ ကျော်လောက်မှ မမြင်ရတော့တာ။ အိမ်တွေ ပြာကျသွားလို့နေမယ်"

စစ်တပ်က လေကြောင်းကနေပစ်ခတ်လို့ ပြည်သူ ၃ ဦးထိခိုက်ပြီး နေအိမ်တွေပျက်စီး

"လေကြောင်းလာပစ်တာက ကျန် ၂ ရွာကတော့ သိပ်မထိလိုက်ဘူး။ တောကြောင်ပေါက်ရွာက အများဆုံး ထိသွားတယ်။ လေကြောင်းနဲ့ဆိုတော့ ဒေသခံတွေလည်း ဘေးလွတ်ရာပြေးရတယ်"

မုန်းမြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်၊ ကလေးငယ်အပါ ၄ ဦးဒဏ်ရာရ

"ဒီတခေါက် လေကြောင်းတိုက်ခိုက်မှုက တော်တော်ပြင်းတယ်။ ဗုံးထိလို့ နေအိမ်တွေဆို မီးလောင်ပြာကျတဲ့အထိ ဖြစ်သွားတာ"

သုံးဆယ်ရဲစခန်း တိုက်ခိုက်ခံရအပြီး မဘသ ၃ ဦးကို စစ်တပ်က ဖမ်းဆီး

"ပစ်ခတ်မှု မဖြစ်ခင်လေးမှာ အဲ့ဒီဘုန်းကြီးကျောင်းက ကားက ရဲစခန်းရှေ့ကနေ ဖြတ်ပြီးပြန်မိတော့ စကစဘက်က မသင်္ကာဖြစ်ပြီး ကျောင်းကိုဝင်စစ်ပြီး ဖမ်းသွားတာလို့တော့ သိရတယ်။ ဖမ်းခံရသူတွေက ဘုန်းကြီးအမျိုးတွေ မဘသတွေလို့ သိရတယ်"

အောင်လံခရိုင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

"နေအိမ်ထဲကို ဝင်လာပြီး ပစ်သွားတာလို့တော့ သိရတယ်။ ဘယ်လိုအကြောင်းကြောင့် လာပစ်တယ်ဆိုတာတော့ မပြောတတ်ဘူး"

နွားထိုးကြီးမှာ စစ်ကောင်စီသတင်းပေး လောင်းကစားဒိုင် ၁ ဦး ပစ်သတ်ခံရ

"သူတို့သွားတဲ့ကားမှာ သူနဲ့သက်ကြီးပိုင်း လူကြီးတွေပါတယ်။ သူ့ကိုပဲ ခေါ်ချပြီး ရှင်းလိုက်တာ။ ကျန်သူတွေကိုတော့ ဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးလိုက်တယ်"

ပဲခူးမြို့မှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်လုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

"ခုတွေ့ရသလောက်ကတော့ မီးတွေ လိုက်ဆင်နေတာရှိတယ်။ ဆိုင်ခန်းတွေတော့ မတွေ့ရသေးဘူး။ စတုဒိသာကျွေးဖို့ မဏ္ဍပ်တွေတော့ လုပ်နေတာရှိပြီ။ ကျန်တာတော့ ထွေထူးမတွေ့ရသေးဘူး။ သူတို့ဘက်ကတော့ ပဲခူးက သာယာအေးချမ်းနေတယ်ဆိုတာရော ပြချင်လို့ လုပ်နေတာပါပဲ"

မုံရွာမှာ ပျူစောထီးတွေက ရွာကိုဝင်စီးကာ အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားပြီးနောက် ပစ်သတ်ခဲ့

"ရွာသားတွေကို သတ်တာက သူတို့စက်ထဲကနေ ပြောက်ကျားယူနီဖောင်းတစုံတွေ့တယ်ဆိုပြီးတော့ ဖမ်းခေါ်ပြီး ရွာအထွက်နားမှာ လေးယောက်စလုံးကို ပစ်သတ်သွားတာ။ ပြောက်ကျားယူနီဖောင်း တကယ်တွေ့ မတွေ့တော့ မသိရဘူး။ ရွာကို သူတို့စိတ်ကြိုက်မွှေပြီးမှ ၄ နာရီကျော်လောက်မှာ တောပုဘက် ပြန်ထွက်သွားတယ်"

စစ်တပ်ယာဥ်တန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး ၅ ဦးကျော်ဒဏ်ရာရကာ စစ်ကားတစီး ခရီးမဆက်နိုင်သေး

"မြေဖြူကျင်းနားမှာ စကစဘက်က တော်တော်အထိနာသွားတယ်။ မိုင်းက ၁၀ လုံးလောက်သုံးပြီး တိုက်ခိုက်လိုက်တာ။ ဒီမနက်ပိုင်းထိ သူတို့မိုင်းဆွဲခံရတဲ့နားမှာ ရှိနေတုန်းပဲ"

ပိတောက်ကုန်းရွာတိုက်ပွဲမှာကျဆုံးတဲ့ ရဲဘော် ၃ ဦးရဲ့ ဈာပန ပြုလုပ်ပြီးစီး

"တယောက်က ၄၀ မမ မှန်သွားတာ။ နောက်တယောက်ကျတော့ သူပစ်ကိုယ်ပစ်ရင်း ကျည်မှန်တာ။ နောက်တယောက်ကျတော့ စကစဘက်က လေယာဥ်နဲ့ပစ်တဲ့အချိန်မှာ ထိသွားတာ။ ကျသွားတဲ့ ရဲဘော် ၃ ယောက်စလုံးက လိမ္မာတဲ့ကလေးတွေ။ သက်ဆိုင်ရာအဖွဲ့အတွက်လည်း အားကိုးရတဲ့သူတွေ ဖြစ်တယ်"

ရမည်းသင်းခရိုင်စစ်ကောင်စီအဖွဲ့ဝင် ၁ ဦး နေအိမ်မှာ သေနတ်နဲ့ပစ်ခံရ

"အလုပ်ကိစ္စ စကားပြောဖို့ရှိတယ်ဆိုပြီး သူ့အိမ်ရှေ့ရောက်လာချိန် သူကခြံထဲအထွက်မှာ ပစ်ခံရတယ် ပြောတယ်။ ၃ ချက်လောက်ပစ်သွားတာ"

ရွှေကျင်မှာ စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

"စကစ ဘက်က PDF တွေရှိတယ်အထင်နဲ့ လာပစ်တာ။ စက်သေနတ်နဲ့ပစ်တာရော ဗုံးကြဲတာရော လုပ်သွား တယ်။ အဲ့မှာ အိမ်ထဲနေနေတဲ့ သက်ကြီးပိုင်း အမျိုးသမီးကို ထိသွားတာ"

ကိုင်းကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ ရေတပ်စခန်းနဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

နိုဝင်ဘာ ၁၆ ရက် မနက် ၅ နာရီခန့်ကစပြီး ကိုင်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေချိန် စစ်ကူလာနိုင်တဲ့ ဆီမီးခုံရေနက်ဆိပ်ကမ်းက ရေတပ်စခန်းနဲ့ စစ်သင်္ဘောတွေကို Shar Htoo Waw နည်းပညာအသုံးပြုထားတဲ့ Fixed Wing Drone ၅ စီးနဲ့ ဗုံးသီး ၁၀ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ငူ ခလရ ၃၉ တပ်ကို စစ်ကောင်စီက လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ကာကွယ်နေ

"ရဟတ်ယာဥ် ၂ စီးက လာပစ်လိုက် ပြန်လိုက်။ လာပြန်ပစ်လိုက် အခေါက်ရေ ၅၀ လောက်ရှိမယ်။"

နေအိမ်ပေါ်တက် ငှက်စာကျွေးတဲ့ အမျိုးသမီးတဦး ဓာတ်လိုက်သေဆုံး

"အိမ်က ၃ ထပ်။ အပေါ်တက်တဲ့အချိန် စတီးလက်ရန်းကို ကိုင်တက်တာမှာ လျှပ်စီးက ဝင်နေတာဖြစ်မယ်။ မိုးကလည်း ရွာထားတာဆိုတော့။ သူအိမ်သားတွေက ဝင်ဆွဲသေးတယ်။ ဒါပေမဲ့ သူတို့ပါ ဓာတ်လိုက်တော့ မိန်းကို အရင်ချရာမှာ အသက် မမီလိုက်တော့ဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10