ရွှေဘိုမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံးချလို့ ပြည်သူ ၇ ဦးဒဏ်ရာရ (ရုပ်/သံ)
စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံးချလို့ ချီပါမြောက်ရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ မဲတောကျေးရွာမှ အမျိုးသမီး ၃ ဦး၊ ထိုးကြီးကျေးရွာက အမျိုးသား ၁ ဦးနဲ့ဆိပ်ခွန်ရွာက အမျိုးသား ၁ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုပကဖ တာဝန်ရှိသူဆီက သိရပါတယ်။