Kyaw Gyi

အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေ

"ရုံးရယ်၊ အုပ်ကြီးအိမ်နဲ့ စာရေးအိမ်က တဆက်တည်းပါ။ PDF တွေဘက်က မပစ်ခင်မှာ လက်နက်ချဖို့အော်သေးတယ်။ စကစ ဘက်ကပစ်တော့ အပြန်အလှန်ပစ်ကြတာ"

ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်နေရာ ၃ ခု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

နိုဝင်ဘာ ၁၀ ရက် မနက် ၃ နာရီခွဲခန့်မှာ အင်ဝိုင်းကျေးရွာအနီး ညောင်လေးပင်-မဒေါက်လမ်းပေါ်က ရေကြည်ချောင်းတံတား၊ စစ်ကောင်စီစစ်ဆေးရေးဂိတ်၊ မလူးတဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ပုဇွန်းမြောင်းကျေးရွာထဲက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပဲခူးမြို့မှာ စစ်ကောင်စီက တင့်ကားတွေပါဝင်တဲ့ယာဉ်တန်းနဲ့ အင်အားပြကင်းလှည့်  (ရုပ်/သံ)

စစ်ကောင်စီဘက်က အခုလို အင်အားပြ ကင်းလှည်လာတာတွေကြောင့် မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုပြီး ဒေသခံတွေမှာ စိုးရိမ်စိတ်တွေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဖြူးမြို့နယ်မှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်လို့ အမျိုးသားတဦး ခေါင်းပွင့်သေဆုံး

"တိုက်ပွဲမရှိဘဲ ဒီအတိုင်းလာပစ်သွားတာ။ အကြာကြီးတော့ မဟုတ်ဘူး။ ခဏလောက်ဘဲ လှည့်ပတ်ပစ်ပြီး ပြန်သွားတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွှေဘိုခရိုင်မီးသတ်ရုံး ဗုံးပစ်ခံရပြီး ဝန်ထမ်း ၂ ဦးဒဏ်ရာရ

"သူတို့လာပစ်တဲ့အချိန် အပြင်ကနေ မီးသတ်ဝင်းထဲကို ဝင်တဲ့ စာရေး အမျိုးသမီးတဦးပါ ထိသွားသေးတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ပဲခူးမြို့ပေါ်မှာ စစ်တပ်က သံချပ်ကာယာဉ်သုံးပြီး စစ်အင်အားအများအပြားနဲ့ကင်းလှည့်

"ဘာကြောင့်ဆိုတာတော့ မသိရဘူး။ ညက ခြေလျင်နဲ့ကော ယာဥ်တွေနဲ့ပါ သွားလာကင်းလှည့်နေကြတယ်လို့တော့ သိရတယ်။ ဘာထူးခြားလို့လဲတော့မသိဘူး။ အာ ဏာသိမ်းကာစကတောင် ခုလိုသွားတာ မတွေ့ရဘူး"လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်လို့ ယာဉ်မောင်းသံဃာ ၁ ပါး ပျံလွန်၊ လူ ၄ ဦးဒဏ်ရာရ

"လမ်းအတိုင်းမောင်းလာရာကနေ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက အကာအရံတွေကို တိုက်ပြီး တဖက် ယာဥ်ကြောကိုတောင် ပြန်ရောက်သွားတာ။ သံဃာတော်ကတော့ ပျံလွန်တော်မူသွားတယ်"

လက်နက်ကြီးထိလို့ ဝေါ ဒေသခံ ၄ ဦးသေဆုံး

"သိရသလောက်ကတော့ ကျိုက်ထိုမြို့နယ်ဘက်ခြမ်းက ထွေအုပ်ရုံးကို KNLA တပ်ဘက်က ဒရုန်းဗုံးသွားချတယ်လို့ သိရတယ်။ အဲဒါကို တပ်ဘက်က လက်နက်ကြီးပစ်ကူပေးတာ။ သူတို့ပစ်တဲ့ လက်နက်ကြီးက ဒေသခံတွေရှိတဲ့နား ကျတာ"

မုံရွာမှာ အရက်မူးပြီး နေအိမ်မီးရှို့ရာကနေ အိမ်ခြေ ၃၀ ကျော်မီးလောင်

"သူက နေတာက တယောက်တည်း။ သူအိမ်ကလည်း ကျူထရံကာ နေအိမ်။ ခုလည်း သူ့အင်္ကျီကို မီးရှို့ပြီး အိမ်နံရံကို ကပ်ထားလိုက်တာ မီးလောင်ကုန်တာ"

ရေစကြိုမြို့ပေါ်က ပြည်သူ ၂ ဦး ရေစကြို-ပခုက္ကူကားလမ်းမှာ ပစ်သတ်ခံရ

"ပစ်ခံရတဲ့သူတွေက ပြည်သူတွေပါ။ ရေစကြိုမြို့ပေါ်က ကုန်မာဆိုင်ရောင်းသူဆိုင်ရှင်နဲ့ သူ့ယာဥ်မောင်းပါ။ အခြေအနေကိုတော့ စုံစမ်းနေဆဲပါ"

စစ်တပ်က ကင်းစခန်းဆောက်ရန် ဇီးကုန်းမြို့အဝင်ရှိ ဆိုင်ခန်း ၅၀ ကျော်ကို အဓမ္မဖျက်ခိုင်း

"စစ်တပ်ကင်းစခန်းဆောက်ဖို့ဆိုပြီး လာပြောသွားတယ်။ တပတ်အတွင်း ဖယ်ပေးရမယ်။ မဖယ်ရင် ဘူဒိုဇာနဲ့ ထိုးမယ်၊ မီးရှို့မယ်ဆိုလို့ အခု ဖယ်နေကြရတယ်။ ကုန်သလောက်တောင်ရှိနေပြီ" လို့ ကန့်ဘလူမြို့နယ်က ဒေသခံအရင်းအမြစ်တဦးက ပြောပါတယ်။

မတ္တရာမှာ ဆိုင်ကယ်စီးနင်းလာတဲ့ ပျူစောထီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံရ

" ကျနော်တို့ သိရသလောက်က သူတို့ ၂ ယောက်ပဲ ဆိုင်ကယ်နဲ့လာတာမှာပစ်သွားတာ။ သေတဲ့ထဲက တယောက်က ပြည်သူ့စစ်(ပျူစောထီး)၊ တယောက်ကသူနဲ့ အမြဲလိုလိုတွဲသွားတွဲလာ ဘယ်လိုပတ်သက်လဲ မသိဘူး"

မြို့သစ်နယ်က ကြံ့ခိုင်ရေးပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

"သိရသလောက်ကတော့ နေ့လယ်ပိုင်း သူ့အိမ်မှာ အရက်မူးပြီး အိပ်နေချိန် လာဝင်ပစ်သွားတာပဲ။ ခေါင်းကိုပဲ ရွေးပစ်သွားတာ။ ခေါင်းမှာကျည်မှန်လို့ ဦးနှောက်တွေပါ ထွက်နေတာ"

တပ်သားချင်း စိတ်ဆိုးပြီး စခန်းကထွက်လာတဲ့ ရဲတဦး PDF တွေ လက်ထဲမှာပျော်နေ (ရုပ်/သံ)

အဖမ်းမခံရခင်ကတည်းက PDF တွေ ပစ်သတ်ရင်သေဖို့ ဆုံးဖြတ်ထားတဲ့ တပ်သားရီဝေယံဟာ သူ့ကိုယ်သူ သေလူလို့ သတ်မှတ်ထားပေမယ့် သူအထင်နဲ့အမြင် လွဲသွားခဲ့တယ်လို့ဆိုပါတယ်။

ပခုက္ကူက ပျူစောထီး ၃ ဦးအပါ ၄ ဦး ရှင်းလင်းခံရ၊ သေနတ် ၁ လက်ပါ သိမ်းနိုင်ခဲ့

"နေ့လယ်လောက်မှာ ဝင်စီးတာ။ သတင်းပေးဒလန်နဲ့ ပျူစောထီးတွေနေတာကို ဝင်ရှင်းတာ။ ပျူစောထီး ၃ ယောက်နဲ့ သတင်းပေးဒလန် ၁ ယောက် သေဆုံးတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10