Kyaw Gyi

ရွှေဘိုဆေးရုံမှာ မိုင်းကွဲပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ

"မနက်က ဆေးရုံအုပ်ရုံးခန်းနားမှာ မိုင်းကွဲမှုဖြစ်တယ်လို့တော့ သိရတယ်။ မိုင်းထိသွားတာက အမျိုးသမီး တဦးပါ။ စကားသံကတော့ အမျိုးမျိုးကြားနေရတယ်။ သူလက်ထဲပဲ ကွဲသွားသလိုလို ဆေးရုံအုပ်ရုံးခန်းနားမှာ ကွဲချိန် သူ့ကိုထိသွားသလိုလို ပြောနေကြတယ်"

စစ်တပ်ကို ကျပ် ၄၀,၀၀၀ ပေးရတဲ့သတင်းထွက်လာပြီးနောက် တောင်သူတွေ ခံဝန်ထိုး ခြိမ်းခြောက်ခံရ

"အဲ့သတင်းထွက်ပြီးတော့ သတင်းကို ဘယ်သူကပြောလဲပေါ့။ သူတို့က တောင်းတာမဟုတ်ဘဲ။ တောင်သူတွေဘက်က လိုလိုလားလားပေးတယ်ဆိုတဲ့ ပုံစံပြောတာပေါ့။ ပြီးတော့ ဘာမှ မရေးထားတဲ့စာရွက်တွေမှာ လက်မှတ်ထိုးခိုင်းတာ"

စဉ့်ကူးက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

"သူက လယ်ထဲသွားဖို့ပြင်နေချိန်မှာ လာဝင်ပစ်သတ်သွားလို့တော့ သိရတယ်။ သူက စကစခန့်အုပ်ချုပ်ရေးမှူးတယောက်ဆိုတော့ စကစ ခိုင်းတာတွေ လုပ်ရတာတော့ရှိတယ်။ အဲ့ဒါကြောင့်ပဲ ရှင်းခံရတာဖြစ်နိုင်တယ်"

ကျောက်ကြီးမှာ မြေးအဖိုး ၂ ဦး ပစ်သတ်ခံရ

"သူတို့က စစ်ရှောင်နေရာကနေ ထိုင်းသွားမယ်ဆိုပြီး မျက်ရဲက နေအိမ်မှာ လိုအပ်တဲ့ အဝတ်အစားနဲ့ စာရွက်စာတမ်းတွေ ပြန်ယူပြီး လပတ်ကို ပြန်လာချိန်မှာ ပစ်သတ်ခံရတာ"

ဖြူးမြို့နယ်က လှုပ်ရှားစစ်ကြောင်းနဲ့ တံတားစောင့်အဖွဲ့ကို PDF က ဒရုန်းနဲ့တိုက်ခိုက်

"ပစ်မှတ်ကို တည့်ထိမှန်လို့ စကစဘက်က ထိခိုက်သေဆုံးရှိတယ်။ သူတို့ဘက်ကလည်း စက်လတ်တွေနဲ့ ဒရုန်းကို ပြန်ပစ်တာရှိတယ်"

ရဲတပ်သား ၁ ဦး လက်နက်နဲ့အတူ ဖမ်းဆီးရမိထားကြောင်း ပခုက္ကူပကဖ ထုတ်ပြန်လာ

" ဖမ်းဆီးရမိထားတာတော့ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မထုတ်ပြန်ဖြစ်တာပါ။ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ စစ်သုံ့ပန်းဥပဒေအရပဲ ထားမှာပါ"

စပါးရိတ်ခွင့်နဲ့ မိုင်းဖြုတ်ပေးခ တောင်သူ ၁ ဦးလျှင် ကျပ် ၄၀,၀၀၀ စစ်တပ်ကို ပေးရ

"ငွေတောင်းတာကတော့ စစ်တပ်က မပါဘူး။ ကျေးရွာဆယ်အိမ်ခေါင်းတွေကနေတဆင့် တောင်းတာ။ မပေးချင်ပေမယ့်လည်း အသက်အန္တရာယ်စိုးရိမ်ရလို့ မပေးမနေရ ပေးနေရတာ"

ကာကွယ်ရေးအဖွဲ့စခန်းတွေကို စုံစမ်းနေတဲ့ စစ်ကောင်စီသတင်းပေးဆိုသူကို PDF က ပစ်ခတ်ရှင်းလင်း

"ပြည်သူတွေရဲ့တိုင်ကြားမှုကြောင့် စကစ သတင်းပေးဆိုတာ အတည်ပြုပြီးနေအိမ်မှာဘဲ ၄ ချက်ပစ် ရှင်းခဲ့တာ။ သူမိသားစုဝင်တွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး" လို့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၁ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ညောင်လေးပင်မှာ ဒေသခံတွေပိုင် နွား၊ ကျွဲ ရာချီကို စစ်ကောင်စီတပ်ဖွဲ့တွေက ရောင်းစားနေဟုဆို

"စစ်တပ်မထောက်ခံတဲ့ ဒေသခံအများစုက အရင်ကတည်းက စစ်ရှောင်နေကြရတာ။ ပြီးခဲ့တဲ့ နောက်ဆုံးတိုက်ပွဲ မဖြစ်ခင်က မပြေးဘဲနေသူဆိုလို့ စကစနဲ့ပတ်သက်သူတွေလို့ ဆိုရမယ့်သူတွေနဲ့ အိမ်စောင့်လောက်ကျန်တဲ့သူတွေပဲ။ တကယ် တိုက်ပွဲဖြစ်ချိန်ကျတော့ သူတို့လည်း ပြေးရတော့ သူတို့ဟာတွေက အများဆုံးကျန်တာ" လို့ အထက်ပါ ဒေသခံကဆက်ပြောပါတယ်။

ညောင်လေးပင်မှာ စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရ

အောက်တိုဘာလ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ပုဇွန်းမြောင်းကျေးရွာအတွင်း တပ်စွဲထားတဲ့ ခမရ ၂၀ တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ အနီးကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ၁ လုံးက ရွာနဲ့ ၂ မိုင်အကွာရှိ မင်္ဂလာကုန်းရွာလမ်းမကို ကျရောက်ပေါက်ကွဲပြီး အထက်ပါ ပြည်သူ ၂ ဦးကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။

ကျောက်ကြီးမြို့နယ် KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၁၈ ရွာက လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီး

"ပြီးခဲ့တဲ့ ရေကြီးမှုထဲမှာ လယ်တွေရေမြုပ်ပြီး တဝက်ပြန်ရတာ၊ လုံးလုံးပျက်စီးတာတွေရှိခဲ့တယ်။ ဒေသခံတွေက စစ်ဘေးကြားထဲကနေ စိုက်ပျိုးထားရတာက ခုရေဘေးကြောင့် ပျက်စီးမှုနဲ့ ထပ်ကြုံရတော့ စားဝတ်နေရေးက တော်တော်ခက်ခဲနေကြပြီ"လို့ ကျောက်ကြီးမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူက ​ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ ၃ ကြိမ်တိုက်ခိုက်ခံရပြီး ၆ ဦးသေ

"စကစ စစ်ကြောင်းကို မိုင်း ၂ ကြိမ်ဆွဲပြီး စနိုက်ပါနဲ့ ၁ ကြိမ်ပစ်ခဲ့တာ။ အဲ့တိုက်ခိုက်မှုတွေမှာ စကစက ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းလာတာလည်းရှိတော့ ဒေသခံအချို့လည်း ထိခိုက်နိုင်ပေမယ့် အတည်မပြုရသေးဘူး။"

ကျောက်ကြီးက ကျေးရွာ ၆ ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ KNLA ၃ ဦး၊ ပြည်သူ ၁ ဦးဒဏ်ရာရ

"တိုက်ပွဲမဖြစ်ဘဲနဲ့ကို လာပစ်သွားတာ။ ဗုံးတွေကျလာတော့ ဒေသခံတွေကလည်း ထွက်ပြေးရတာ ရှိတယ်" လို့ ကျောက်ကြီးမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

ညောင်လေးပင်မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

"ရွာထဲကျတဲ့အလုံးက လူတွေထိပြီး နွားတွေပါ ထိတာရှိတယ်။ တယောက်တော့ အခြေနေစိုးရိမ်ရတယ်"

အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်လို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"သိရသလောက်က ကုန်စိမ်းတင်ယာဥ်က ခေါင်းပိုင်းကြေနေတယ်။ ရှေ့က ကားတစီးစီးကို ဝင်တိုက်မိထားတဲ့ ပုံဘဲ။ အနားမှာ တိုက်ထားတာလည်း ဘာမှမတွေ့ရဘူး။ အတိုက်ခံရတဲ့ ကားကိုတော့ မတွေ့ရဘူး"လို့ ဒေသခံတဦးကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10