ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပါဝင်လုပ်နေသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ တောင်ပိုင်းစစ်ဒေသ သတိပေး
"စကစ တပ်က အားလုံးသိတဲ့အတိုင်း အင်အားတွေ ပြုန်းတီးနေတယ်။ ပြိုကွဲမှုတွေ ဖြစ်နေတယ်။ ဒါကို အင်အားပြန်လည် ဖြည့်တင်းဖို့ ပြည်သူတွေကိုအတင်းအကြပ်ကို ဖိအားပေးပြီး လူစုဆောင်းလာတယ်။ စစ်အာဏာရှင်တွေရဲ့ ယုတ်မာတဲ့နည်းလမ်းတွေထဲက ပြည်သူအချင်းချင်းရန်တိုက်ပေးတဲ့ လုပ်ရပ်ပဲ"