Kyaw Gyi

စစ်ကိုင်းမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသားအလောင်း ၂ လောင်းတွေ့

ဇန်နဝါရီလ ၁ ရက် မနေ့က မနက် ၁၀ နာရီခန့်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ရေတာရှည်နဲ့ ကျောက်တံခါးက စစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

ညောင်တိုပျူရွာ တိုက်ခိုက်ခံရမှု ပျူ ၃ ဦးသေဆုံး၊ ၁၂ ဦးအရှင်ဖမ်းဆီး

"တိုက်ပွဲဖြစ်တာနဲ့ စကစဘက်က ခဏလောက်ပဲ ခံပစ်တယ်။ သူတို့ဆုတ်သွားတော့ ပျူတွေပဲ ကျန်ခဲ့တယ်။ သူတို့မှာတော့ လက်နက်မရှိဘူးလို့ သိရတယ်။ ရွာကိုတော့ ဝင်စီးနိုင်ခဲ့ပြီး ပျူခေါင်းဆောင်အိမ်ကို မီးရှို့ခဲ့တယ်"

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

" ဒီရက်ပိုင်းမှာ စကစဘက်က လေကြောင်းကို တော်တော်သုံးပြီး ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ အများကြီး လုပ်သွားတယ်။ ဒေသခံတွေက လေယာဥ်ဗုံးဒဏ်ကို တော်တော်ခံရတယ်"

နွားထိုးကြီးမှာ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦးပစ်သတ်ခံရ

"ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ယောက်လောက်ရောက်လာပြီး ဦးမောင်မှုံကို အိမ်ပြင်ကိုခေါ်ထုတ်ပြီး ပစ်သတ်သွားတာလို့ သိရတယ်။ နေရာမှာပဲ သေသွားတယ်။ "

ချောင်းဦးက Non-CDM ဆရာမ ၁ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

"ညနေ ကျောင်းလွှတ်ချိန် ကျောင်းကပြန်လာပြီး မကြာဘူး နေအိမ်ကနေ လာခေါ်သွားကြတာလို့ သိရတယ်။ သူက CDM မလုပ်ထားတဲ့ ဆရာမပါ"

မုံရွာပလဖစခန်းခွဲစီးနင်းခံရမှု ရဲဘော် ၁ ဦးသေဆုံး၊ အချုပ်သား ၆ ဦးလွတ်မြောက်ကာ ကျပ်သိန်း ၄,၀၀၀ နီးပါးဆုံးရှုံးခဲ့ဟုဆို

" ပထမ သတင်းရတာက စကစ စစ်ကြောင်းက အခြားတနေရာကိုရောက်သွားပြီလို့ သတင်းရတာ။ အခြားနေရာကို အယောင်ပြပြီး ဝေလီဝေလင်းအချိန်မှာ စခန်းဘက်ကို ကပ်လာတာ။ ကျနော်တို့ဘက်က ကင်းရှည်ထုတ်ထားတဲ့ ကင်းသမားနဲ့တွေ့ပြီး ပစ်ခတ်မှုအရင်ဖြစ်တယ်”

မုံရွာမြို့နယ် ပလဖ စခန်းခွဲ ၁ ခု တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

"စကစဘက်က သတင်းရသွားလို့ လာဝိုင်းတာနေမယ်။ တိုက်ပွဲဖြစ်နေချိန် ကျနော်တို့ဘက်ကလည်း ပြန်ပြီး ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ချိန် စကစဘက်က လေကြောင်းပစ်ကူပေးပြီး သူ့လူတွေ ပြန်ဆုတ်နိုင်အောင် လုပ်ပေးသွားတယ်"

ရေတာရှည်သကြားစက်ကိုဝင်ရောက်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို တော်လှန်ရေးလုပ်ငန်းစဉ်တွေ ချပြစည်းရုံး

" သူတို့ဝန်းထဲရောက်တော့ အားလုံးကို အဆင်ပြေသလိုထိုင်ခိုင်းပြီး ဆွေးနွေးပြောဆိုခဲ့တာ။ စက်ရုံမှူးမိန်းမကတော့ ကြောက်လို့ငိုတာရှိတယ်။ အားလုံးကို ကောင်းကောင်းမွန်မွန်ပဲ ပြောဆိုဆက်ဆံခဲ့တာပါ "

ပျောက်နေတဲ့ ကိုရင် ၄ ပါးကို ပဲခူးမြို့ပေါ်ကျောင်းတိုက်တခုက ခေါ်ယူစောင့်ရှောက်ထားပြီး သက်ဆိုင်သူတွေထံ ပြန်အပ်

"ကိုရင်ဃောသက က ပြင်ဦးလွင်ပြန်မယ်ဆိုလို့ မဟာဝိဟာရကျောင်းတိုက်ဆရာတော်ကလည်း ပြန်ပို့ပေးမယ်လို့ဆိုလို့ ပြန်ထည့်ပေးလိုက်တယ်။ ကျန်တဲ့ကိုရင်တွေကိုတော့ သူတို့ရဲ့သက်ဆိုင်ရာ ပတ်သက်သူတွေက တာဝန်ခံပြီးလာပြန်ခေါ်လို့ အားလုံးကို ပြန်ထည့်ပေးလိုက်ပါပြီး။ ကိုရင် ၄ ပါးစလုံးက မဟာဝိဟာရကျောင်းတိုက်ကို မပြန်တော့ဘူးလို့ပြောပါတယ်"

တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက လက်နက်ကြီးနဲ့ပြန်ပစ်လို့ ဒေသခံတဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၂၇ ရက်မှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံအမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေပြီး ၈ ဦးဒဏ်ရာရ

"စကစပစ်တဲ့ လက်နက်ကြီး ရွာတွေထဲကျလို့ ဒေသခံတွေ ထိခိုက်သေဆုံးတာရှိတယ်။ ကလေးတွေလည်း ဒဏ်ရာရတာတွေ ရှိတယ်"

မူးမြို့နယ်ထဲက တပ်စခန်း ၃ ခုသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေ

"နတ်သံကွင်းမြို့အပါအဝင် စကစ တပ်စခန်းတွေကို နေရာဖြန့်ခွဲပြီး တိုက်ခိုက်ခဲ့ကြတာရှိတယ်။ စခန်းသိမ်းနိုင်တာလည်းရှိသလို မသိမ်းနိုင်တာလည်းရှိတယ်"

နတ်သံကွင်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး အမျိုးသမီး ၁ ဦးနဲ့ ကလေး ၃ ဦးသေဆုံးခဲ့

"(နတ်သံကွင်း)မြို့တွင်းတိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တွေလည်း အကျဆုံးရှိတယ်။ လက်နက်တွေလည်း သိမ်းခံရတာရှိတယ်"

ကဝမြို့နယ်တွင် နတ်ကနားပွဲရောက်နေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

"သူက စကစ ထောက်တိုင်အကြီးစား။ စကစခန့်အုပ်ကြီးပါ။ လူထုကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်နေသူဖြစ်လို့ စစ်ရေးပစ်မှတ်အနေနဲ့ ရှင်းလင်းရတာပါ။ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10