Kyaw Gyi

ဝေါမှာ စစ်ကောင်စီက ဆန်နဲ့ဆီ စျေးလျော့ရောင်းပေး၊ လုပ်ငန်းရှင်တွေဆီ ငွေညှစ်ပြီး ပြန်ရောင်းပေးနေဟုဆို

"ပိတ်ရက်တွေမှာရောင်းပေးတာ ၁ လလောက်ရှိပြီ။ သူတို့လုပ်ပေးတာ စျေးပေါတယ်ပေါ့။ ဖြစ်ချင်တာက သူတို့(စစ်ကောင်စီ) နာမည်လိုချင်လို့ လုပ်နေတာ။ ဒါကလည်း ရေရှည်ရမယ်မထင်ဘူး။ ပြည်သူအပေါ် စေတနာရှိလို့ လုပ်တာမှမဟုတ်တာ" လို့ ဝေါမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မုံရွာမှာ LPDF စခန်း ၁ ခု စီးနင်းခံရပြီး ၄ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

စခန်းမှာရှိတဲ့ ရဲဘော် ၇ ဦးစလုံးဟာ အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခံရတာဖြစ်ပေမယ့် ဒေသကာကွယ်ရေး အဖွဲ့တွေ စခန်းကိုဝင်ရောက်ရှာဖွေချိန်မှာ ရဲဘော် ၃ ဦးဟာ နေရာမှာတင် သေဆုံးနေတာ တွေ့ရပြီး ကျန်ရဲဘော် ၄ ဦးကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့ အသက်ရှင်နေသေးကာ ၁ ဦးကတော့ ကယ်ထုတ်ချိန်ကျမှ ထပ်မံသေဆုံးသွားတယ်လို့ ဆိုပါတယ်။

မြင်းခြံမှာ ထွေအုပ် ရပ်/ကျေးစာရေး ၁ ဦးအသတ်ခံရ

"စစ်ကောင်စီစစ်ကြောင်းက ပျားကျေးရွာကနေ မနက်ပိုင်းက ပြန်ထွက်သွားပြီး ညနေမှာ ဖမ်းဆီးခံလိုက်ရတာ။ သူက စာရေးဆိုတော့ စကစလာလည်း ခိုင်းတာလုပ်၊ အုပ်ကြီးခိုင်းတာလည်း လုပ်ပေါ့။ အခြား စကစအားကိုးနဲ့ ဘာလုပ်လဲဆိုတာကတော့ သေချာမသိရဘူး"

ပိန်းဇလုပ်-တော်ဝိဘူတာကြားက ရန်ကုန်-မန္တလေးရထားလမ်းနဲ့ တံတားမိုင်းခွဲခံရ

" မနက်အစောကြီးဆိုတော့ ပေါက်ကွဲသံကြားပြီး မနက်လောက်မှာမှ ရထားလမ်းနဲ့တံတား မိုင်းခွဲခံရတာလို့ သိရတယ်။ တံတားကတော့ ပျက်စီးမှုနည်းပါတယ်"

ရွှေဘိုမှာ ၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

" ၄ ရက်နေ့ကဆို တနေကုန်နီးပါးဖြစ်တာ။ သူတို့ စစ်ကြောင်းသွားရာလမ်းတွေမှာ ကြိုစောင့်ပြီး တိုက်ခိုက်ကြတာ။"

ရွှေဘိုမှာ ခရီးသွားတဦး ပစ်ခတ်ခံရပြီး သေဆုံး

"ရွှေဘိုမှာက အမျိုးသား ၂ ဦး ဆိုင်ကယ်မစီးရ သတ်မှတ်ထားတာ။ ခုက စကစဘက်က အမျိုးသား ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်ကိုတားတာ မရပ်ပေးလို့ လိုက်ပစ်တာ။ သူတို့ကိုမထိဘဲ ကားပေါ်မှာ ထိုင်နေတဲ့ ခရီးသွားကိုထိတာ။ ကားက မန္တလေးကနေ ကောလင်းကို သွားမှာ"

စစ်တပ်ကပစ်တဲ့လက်နက်ကြီးနဲ့ ထောင်ထားတဲ့နင်းမိုင်းကြောင့် ပြည်သူ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

"သမင်အင်းကုန်းရွာဖြစ်စဥ်က မိုင်းထိတဲ့သူ ၂ ဦးက ရွာကို ရိက္ခာပြန်ယူတာရော စိုက်ထားတဲ့ လယ်လာပြန် ကြည့်ချိန်မှာ မိုင်းထိတာ။ နွားရေချောင်းက လက်နက်ကြီးကျတာ။ ပိန်းဇလုပ်တပ်ကတော့ လက်နက်ကြီး အပစ်ဆုံးပဲ "

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ၆ လအရွယ် ကလေးအပါ ၄ ဦးဒဏ်ရာရ

"မနေ့ကပစ်တဲ့ လက်နက်ကြီးကျလို့ ၆ လ(အရွယ်) ကလေးဆို အခြေနေတော်တော်ဆိုးတယ်။ စကစ ဘက်က ဟောင်ဝင်ဇာ ၁၂၀၊ ၈၁၊ ၆၀ တွေက နေ့တိုင်းကိုပစ်နေတာ။ တရွာမဟုတ်တရွာကို ပစ်နေတာ"

ပြည်မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

"အိမ်မှာက သေဆုံးသူရယ်။ သူ့မိန်းမအမေရယ်ပဲ နေတာ။ သူမိန်းမက ပြည်မှာ အလုပ်လုပ်နေတာ။ သူ့ မိန်းမအမေက အပြင်တစ်ချက်သွားတဲ့အချိန်မှာ သေကြောင်းကြံလိုက်တာ"

မီးလောင်ပျက်စီး ဆီသယ်ယာဉ်ကို လုံခြုံရေးယူနေတဲ့ ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"သူက ယူနီဖောင်းဝတ်၊ လက်နက်အပြည့်အစုံနဲ့ ရှိနေချိန် ဆိုင်ကယ်နဲ့အနားကပ်ပြီး ခေါင်းကိုတေ့ပစ်ခဲ့တာ၊ တချက်ပဲ။ ပစ်ခတ်တဲ့အချိန် ကျန်တဲ့ရဲတွေလည်းရှိနေတယ်"

ဒလန်လို့သတင်းထွက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"မနေ့က ဒလန်လို့ သတင်းထွက်နေတဲ့ ၃ ယောက် ရွာလယ်လမ်းမှာ ပစ်သတ်ခံရတာလို့တော့ သိရတယ်။ အိမ်တွေကနေ ဖမ်းဆီးပြီး ပစ်သတ်သွားတာ။ သူတို့က ကြံခိုင်ရေးပါတီဝင်တွေလည်း ဖြစ်တယ်"

ဆိုင်ကယ်ကို ကျော်တက်တဲ့ မီးသတ်ကား တိမ်းမှောက်ပြီး ဆိုင်ကယ်ပေါ်လဲကျ

"ဆိုင်ကယ်က ရှေ့က သွားတာ။ မီးသတ်ကားက နောက်က မောင်းနေရင်းကနေ ဆိုင်ကယ်ကို ကျော်တက်ချိန်မှောက်ပြီး လူရော ဆိုင်ကယ်ပေါ်ကိုပါ ပိမိသွားတာ"

စစ်တပ်က ပစ်ခတ်လို့ PDF ၁ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၁ ဦးဒဏ်ရာရ

"စစ်ကြောင်းကလည်း ရွာထဲအဝင် သူတို့ကလည်း အထွက်။ သူတို့ကို တွေ့တာနဲ့ စစ်ကြောင်းက တန်းပစ်တာ။ ၂ ယောက်သေသွားတယ်။ ၁ ယောက်က ဒဏ်ရာတွေနဲ့ လွတ်လာတယ်။"

အမြန်လမ်းမှာ လမ်းလယ်ကျွန်းကို အိမ်စီးကားကဝင်တိုက်လို့ ယာဉ်မောင်းသေဆုံး၊ ၂ ဦးဒဏ်ရာရ

"အရှိန်များပြီး လမ်းလယ်ကျွန်းမှာရှိနေတဲ့ ခရေပင်နဲ့ထန်းပင်တွေကို ဝင်တိုက်ခဲ့တာ။ ကားကတော့ တခြမ်းစုတ်ပြတ်သွားတယ်"

အသက်မပြည့်သေးတဲ့ မိန်းကလေးကို ပထွေးဖြစ်သူက ခြိမ်းခြောက် သားမယားပြုကျင့်

"သူ့အမေက မနက်ဆို ဒေသအလုပ်ကောက်စိုက်တာသွားတယ်။ အိမ်မှာ ကလေးနဲ့ သူ့ပထွေးနဲ့ ကျန်ခဲ့ချိန်မှာ ပထွေးဖြစ်သူက ကြံတာပါ။ ခုအများသိတာကလည်း ဘေးလူတွေကမြင်လို့ သိရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10