Kyaw Gyi

ပဲခူးမြို့ အထက ၄ မှာ အလယ်တန်းကျောင်းသားချင်း အုပ်စုဖွဲ့ထိုးကြိတ်မှုဖြစ်

"ဒဏ်ရာတွေကများတော့ အရှင်းတော့မပျောက်သေးဘူး။ ထိုးကြိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းဘက်ကတော့ ထိုးတဲ့ကလေးတွေကို ကျောင်းတပတ်အနားပေးထားတယ်လို့ဘဲ သိရတယ်။ ခံရတဲ့ကလေးကတော့ တော်တော်ခံလိုက်ရတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။

ပဲနွယ်ကုန်းမှာ အမျိုးသား ၁ဦး မိုင်းနင်းမိလို့ ခြေထောက်တဖက်ဖြတ်လိုက်ရ

မိုင်းနင်းမိလို့ ကိုအောင်ကိုကိုမှာ ဘယ်ဘက်ခြေသလုံးထိခိုက်မှုများတာကြောင့် ဖြတ်လိုက်ရပြီး ဒူးခေါင်းနဲ့ ညာဘက်ခြေထောက်မှာ အစမှန်ဒဏ်ရာ(စိုးရိမ်ရ)ရသွားတာကြောင့် ဒေသခံတွေက ကျောက်တံခါးဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

ပြည်မြို့မှာ ရာအိမ်မှူး ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး

ဇန်နဝါရီလ ၂၂ ရက် မနေ့ည ၈ နာရီခွဲခန့်မှာ အသက် ၇၀အရွယ် အောင်ရတနာရပ်ကွက် ရာအိမ်မှူး ဦးကျင်ပွားဟာ သူရဲ့နေအိမ်ရှေ့မှာရှိနေချိန် တရပ်ကွက်တည်းနေ အသက် ၂၅ နှစ်အရွယ် သက်လူ ဆိုသူက ဓားနဲ့လာခုတ်သွားတာလို့ ဆိုပါတယ်။

စစ်တပ်ကပစ်တဲ့ ၁၂၀ မမ ကျည်ထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ဇန်နဝါရီလ ၂၁ ရက် ည ၁၀ နာရီလောက်ကနေ ည ၁၁ နာရီအထိ ရေတာရှည်အခြေစိုက် ၆၀၄ ဒုံးတပ်က ၁၂၀ မမ လက်နက်ကြီး ၈ လုံးပစ်ခတ်ရာ ၃ လုံးဟာ ရှမ်းစုကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ပဲခူးမြို့မှာ စစ်ကောင်စီက နေအိမ်ဓာတ်ပုံရိုက်တာ၊ အိမ်ထောင်စုစစ်ဆေးတာတွေကြောင့် မြို့ခံတွေ ထိတ်လန့်နေ

"ဘာကြောင့်လာကောက်တယ်ဆိုတာ မေးလည်း မဖြေဘူး။ သူတို့လိုချင်တာ တောင်းတယ်။ မပေးဘူးလို့လည်း မပြောရဲဘူး။ သူတို့ခေတ်ဆိုတော့ ပြဿနာရှာမှာလည်း စိုးရိမ်နေရတယ်"

ပဲနွယ်ကုန်းမှာ ကောက်ရတဲ့ ဗုံးသီးနဲ့ ဆော့ကစားသူ ဗုံးကွဲလို့ ပွဲချင်းပြီသေ၊ ၅ ဦးဒဏ်ရာရ

"ကောက်ရတဲ့ဗုံးကို ပိုက်လုံးထဲထည့်ပြီး လှုပ်ကစားတယ်လို့ သိရတယ်။ ဗုံးပေါက်တော့ သူရော အနားမှာရှိနေတဲ့သူတွေရော ထိကုန်တာ"

ပြည်သူ့စစ်ဖွဲ့ဖို့ဖိအားပေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခံရပြီး ၁ ဦးသေ

" စောင့်ပစ်တဲ့အချိန်မှာ နိုင်ကြီးက အရင်လာတာ အရှိန်များတော့ တည့်မထိဘဲ ရှပ်မှန်တာလောက်ပဲ ဖြစ်သွားတယ်။ အုပ်ကြီးကျတော့ တည့်တည့်မှန်တာ၊ နှစ်ယောက်စလုံး ဆိုင်ကယ်လဲသွားပေမယ့် နိုင်ကြီးကို ထပ်ပစ်ဖို့အချိန်မရဘဲ ပြန်ဆုတ်လာရတာ"

ထင်းမီးဖိုကတဆင့် နေအိမ်မီးလောင်လို့ မွေးကင်းစ ရက်သားမိန်းကလေးငယ် ၁ ဦးသေဆုံး

" ပုခက်ထဲအိပ်နေတဲ့ ကလေးကို အကြီးဆုံး ၅ နှစ်သားကလေးနဲ့ အိမ်စောင့်ထားခဲ့ပြီး အလတ်ကလေး ၂ ယောက်ကို သူ့အဒေါ်အိမ်ဆိုလားမသိဘူး သွားပို့တာ။ အဲ့ဒီအချိန်မီးထလောင်ပြီး ပုခက်ထဲက ၁၅ ရက်သား ကလေးက မီးထဲပါသွားတာ”

ဒိုက်ဦးမှာ ပြည်သူစစ်ထဲဝင်ဖို့ အမျိုးသမီးတွေပါ ဖိအားပေးခံနေရ

"ခုက အမျိုးသားတွေမပေးနိုင်ရင် အမျိုးသမီးတွေက ဝင်ရမယ်ဆိုပြီး ပြောလာတယ်။ အမျိုးသား အချို့ကလည်း ပြည်သူစစ်ထဲဝင်ရမှာစိုးလို့ အခြား(ဒေသ)ကို ထွက်ကုန်တာဆိုတော့ အမျိုးသမီးတွေကို အကြပ်ကိုင်လာတဲ့သဘောပဲ"

အောက်ချင်းမောင်နှံလို့ တင်စားခံရတဲ့ လင်မယား ၂ ဦး ၁ ရက်ခြားပြီး ကွယ်လွန်

"လင်မယားနှစ်ယောက်က ဘယ်သွားသွား၊ ဘာလုပ်လုပ် အတူသွား အတူလာပဲ။ စျေးသွား၊ ဘုန်းကြီး ကျောင်းသွားလည်း တူတူပဲ။ ကျန်းမာရေးကောင်းတဲ့အချိန်ထိ တူတူတွေ့ရတတ်တယ်။ ခုလည်း အမျိုးသမီး ဆုံးသွားတော့ အဖိုးလည်း စိတ်ထိခိုက်ပြီးဆုံးသွားတာနေမယ်"

အင်းတကော်ကဆီဆိုင်မှာ ရေတင်တဲ့စက်နှိုးရာက မီးလောင်မှုဖြစ်ပြီး စက်နှိုးတဲ့ဝန်ထမ်း သေဆုံး

"ဓာတ်ဆီတွေဆိုတော့ အငွေ့တွေက ပျံ့နေတာဖြစ်လောက်တယ်။ မီးစက်နှိုးချိန်မှာ မီးပွားထွက်တော့ မီးကူးသွားပြီးလောင်တာ။ ကောင်လေးကတော့ မီးလောင်ဒဏ်ရာနဲ့ ဆုံးသွားတယ်"

၁ နှစ်တာတိုက်ပွဲ ၄,၀၀၀ ကျော်အတွင်း စစ်သား ၅,၀၀၀ ကျော်သေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးကြောင်း KNU ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ၂၀၂၃ အတွင်း တိုက်ပွဲပေါင်း ၄,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅,၀၀၀ ဦးကျော် သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၁၈ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မိတ္ထီလာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာက ၁ ဦးသေဆုံး

"ကျောင်းမှာက စုံညီ(ပွဲတော်) လုပ်နေကြတာ။ အထိုးခံရတဲ့ ကျောင်းသားကလည်း အပြင်အရပ်ဝတ်နဲ့ဘဲ။ ကျောင်းဝတ်စုံမဝတ်ထားဘူး။ ထိုးတဲ့ကလေးကလည်း ထိုးပြီး ထွက်ပြေးသွားလို့ ပတ်ဝန်းကျင်အပြောအရ ကျောင်းသားလို့ဘဲ သိရတယ်။"

ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်ပေးနေတဲ့ ရာအိမ်မှူး ပစ်သတ်ခံရ

"သူတို့ ဆိုင်ထိုင်နေချိန်မှာ ရုတ်တရက်ဝင်ရောက်ပြီး လေးငါးခြောက်ချက်လောက် ပစ်ခတ်ခဲ့တယ်။ ရာအိမ်မှူးဆိုသူက နေရာမှာပဲ သေသွားတယ်။ အုပ်ကြီးကတော့ မသေဘူး"

ဘုရားကြီးမှာ ကား ၃ စီးဆင့်တိုက်ပြီး အမျိုးသမီး ၁ ဦးသေဆုံး

"ဆီဘောက်ဆာက ယာဥ်ကြောရှင်း မရှင်းမကြည့်ဘဲ ကွေ့ချလိုက်တာ။ သူနဲ့ကပ်ပါလာတဲ့ ကားကို တိုက်ပြီး ထမင်းဆိုင် ခြံနားရပ်ထားတဲ့ကားပါ ထပ်တိုက်တာ။ Nissan Vanette ခေါင်းခန်းက လိုက်လာတဲ့ အမျိုးသမီးက ခေါင်းတခြမ်းကြေသွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10