Kyaw Gyi

ရေစကြိုမှာ လူမှုကူညီရေးအသင်းကား ၁ စီး ပစ်ခတ်မီးရှို့ခံရ

"အောက်ဆီဂျင်ကိစ္စနဲ့ ပခုက္ကူဘက်သွားပြီး ပြန်လာတာလို့ သိရတယ်။ ကားပဲ မှားပစ်ခံရတာလား။ ဘာကြောင့်လဲ ဆိုတာတော့ မသိရသေးဘူး"

ရေစကြို၊ ဆင်မရဲပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၁၀ ဦးထက်မနည်းသေဆုံး

" ဒီဘက်က အင်အားအလုံးအရင်းနဲ့ဝင်တော့ စကစတွေဘက်က ရေရှည်တင်းမခံနိုင်ဘဲ ထွက်ပြေးကုန်တယ်။ စကစနဲ့ပျူတွေ သေဆုံးတာတော့ ရှိတယ်"

ကန့်ဘလူမြို့ပေါ် ကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အားရာကျော်ရောက်ရှိ တိုက်ပွဲပြင်းလာနိုင် (ရုပ်/သံ)

မနက်ပိုင်းမှာ ရွှေဘိုဘက်ကနေ စစ်ကားအများအပြားနဲ့ ရောက်ရှိလာပြီး မြို့လယ်ခေါင်မှာ ပျူစောထီးခေါင်းဆောင် ဦးဝါသဝအပါအဝင် စစ်တပ်ထောက်ခံသူတွေက ကြိုဆိုခဲ့ကြပါတယ်။

တောင်ငူနယ်မှာ စစ်ကောင်စီဘက်က တပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲက တပ်စခန်း ၃ ခုကို စစ်ကောင်စီဘက်က ထပ်မံစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဇန်နဝါရီ ၂၇ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဇာတိ ကာဘိုးရွာပျူစောထီးစခန်းတိုက်ပွဲ စစ်အုပ်စုသေဆုံးမှုများပြီး သေနတ် ၈ လက်ရ

" တိုက်ပွဲက တော်တော်ကြာတယ်လို့ ပြောလို့ရတယ်။ ရွာဝန်းကျင်က ကာကင်းတွေအကုန်နီးပါး သိမ်းနိုင်ခဲ့ပြီးတော့ ရွာလယ်က ဘန်ကာတခုလောက်ပဲ ကျန်ခဲ့တာ"

ပဲခူး အထက ၄ မှာ အုပ်စုဖွဲ့ ဝိုင်းထိုးတဲ့ ကျောင်းသား ၇ ဦး ရဲစခန်းနဲ့ကျောင်းမှာခံဝန်ထိုးရ

"နစ်နာသူကျောင်းသားမိဘ ဘက်ကတော့ ဝိုင်းထိုးတဲ့ ကလေးတွေရဲ့ရှေ့ရေးကို ကြည့်ပြီး ခံဝန်နဲ့ပဲ ကျေအေးပေးလိုက်တယ်။ ရဲစခန်းမှာတော့ ဝိုင်းထိုးတဲ့ကျောင်းသားတွေဘက်ကလည်း တောင်းပန်တယ်လို့ သိရတယ်”

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"အဲ့နေ့က လက်နက်ကြီး ၄ ကြိမ်လောက်ပစ်တယ်။ အဓိက ရွာတွေဘက်ကိုပစ်တာ။ ထိတဲ့သူတွေကလည်း ရွာပြင် လယ်ထဲအလုပ်လုပ်နေချိန် သူတို့အနားကျပြီး ထိခိုက်ကြတာ"

ပဲခူးနယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမှောက်လို့ ၇ ဦးဒဏ်ရာရ

"ကားက မောင်းလာရင်းကနေ နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်သွားတာ။ ကားပေါ်မှာ ကလေးငယ်တွေပါပေမယ့် ကံကောင်းလို့ ကလေးတွေထိခိုက်ဒဏ်ရာမရကြဘူး"

စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

"ဒီရက်ပိုင်းမှာ စကစဘက်က နေ့တိုင်းလိုလို အလုံးရေအများကြီး ရွာတွေဘက်ကို ပစ်နေတာ။ အရင်ကထက် ပစ်ခတ်တဲ့အရေအတွက်က ပိုများလာတယ်။ အများစုက ညပိုင်းနဲ့မနက်အစောပိုင်းတွေမှာ ပစ်တာများတယ်"

ဝေါဒေသခံ ၈၀ ကျော်ကို စစ်တပ်ဖမ်းဆီးပြီး တံတား ၁ စင်းကိုပါ မီးရှို့ဖျက်ဆီး

"စကစ အဖွဲ့က တံတားကို အညာစုဘက်ကနေ ရှို့လိုက်တာ။ အဲ့ဒီအချိန်မှာ တံတားကိုဖြတ်နေတဲ့သူတွေရော တံတားထိပ်တွေမှာ ရောက်နေတဲ့သူတွေရောကို စကစဘက်က ပိတ်ဖမ်းထားလိုက်တယ်။ ပြီးတော့ အညာစုရွာထဲကသူတွေရော ဖမ်းဆီးတာတွေရှိတယ်"

ဇာဒီရွာကပျူစောထီးတွေကို PDF တိုက်ခိုက်လို့ ၆ ဦးသေဆုံးပြီး သေနတ် ၂ လက်ရ

"အဲ့ရွာက ပျူရွာလေ။ တိုက်ပွဲဖြစ်ပွားချိန်ကတော့ နာရီပိုင်းလောက်တော့ကြာမယ်။ သကြားစက်ဘက်ကနေ စကစအဖွဲ့တွေ စစ်ကူလာမှ ကိုယ်တွေအဖွဲ့ဝင်တွေက ပြန်ဆုတ်လာကြတာ"

ပဲခူးမြို့ အထက ၄ မှာ အလယ်တန်းကျောင်းသားချင်း အုပ်စုဖွဲ့ထိုးကြိတ်မှုဖြစ်

"ဒဏ်ရာတွေကများတော့ အရှင်းတော့မပျောက်သေးဘူး။ ထိုးကြိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းဘက်ကတော့ ထိုးတဲ့ကလေးတွေကို ကျောင်းတပတ်အနားပေးထားတယ်လို့ဘဲ သိရတယ်။ ခံရတဲ့ကလေးကတော့ တော်တော်ခံလိုက်ရတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။

ပဲနွယ်ကုန်းမှာ အမျိုးသား ၁ဦး မိုင်းနင်းမိလို့ ခြေထောက်တဖက်ဖြတ်လိုက်ရ

မိုင်းနင်းမိလို့ ကိုအောင်ကိုကိုမှာ ဘယ်ဘက်ခြေသလုံးထိခိုက်မှုများတာကြောင့် ဖြတ်လိုက်ရပြီး ဒူးခေါင်းနဲ့ ညာဘက်ခြေထောက်မှာ အစမှန်ဒဏ်ရာ(စိုးရိမ်ရ)ရသွားတာကြောင့် ဒေသခံတွေက ကျောက်တံခါးဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

ပြည်မြို့မှာ ရာအိမ်မှူး ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး

ဇန်နဝါရီလ ၂၂ ရက် မနေ့ည ၈ နာရီခွဲခန့်မှာ အသက် ၇၀အရွယ် အောင်ရတနာရပ်ကွက် ရာအိမ်မှူး ဦးကျင်ပွားဟာ သူရဲ့နေအိမ်ရှေ့မှာရှိနေချိန် တရပ်ကွက်တည်းနေ အသက် ၂၅ နှစ်အရွယ် သက်လူ ဆိုသူက ဓားနဲ့လာခုတ်သွားတာလို့ ဆိုပါတယ်။

စစ်တပ်ကပစ်တဲ့ ၁၂၀ မမ ကျည်ထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ဇန်နဝါရီလ ၂၁ ရက် ည ၁၀ နာရီလောက်ကနေ ည ၁၁ နာရီအထိ ရေတာရှည်အခြေစိုက် ၆၀၄ ဒုံးတပ်က ၁၂၀ မမ လက်နက်ကြီး ၈ လုံးပစ်ခတ်ရာ ၃ လုံးဟာ ရှမ်းစုကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10