Kyaw Gyi

သံဃာအပါ လူ ၅ ဦးနဲ့ ရှော့တိုက်ဒုံးတွေဖမ်းမိ၊ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့လို့ စစ်တပ်ဝါဒဖြန့်

"ကျနော်တို့ဘက်ကလည်း ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းပဲ ကြားလိုက်တယ်။ သေချာတာကတော့ ကျနော်တို့ အဖွဲ့ဝင်တွေ မဟုတ်ဘူး။ လူတွေကတော့ ရေတံခါးတာဝကျေးရွာက လူတွေလို့ပဲ သိရတယ်"

PDF တွေကိုစိန်ခေါ်လေ့ရှိတဲ့ ပျူ‌စောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

"ကျနော်တို့ရဲဘော်တွေ သွားတုန်းကတော့ အခြားမစ်ရှင်နဲ့ သွားတာ။ မစ်ရှင်ထဲမှာက သူကိုရှင်းဖို့လည်းပါတယ်။ အခြားမစ်ရှင်က မလုပ်ဖြစ်တာရယ် သူကိုက အသင့်တွေ့တာကြောင့် ပစ်ခတ်ခဲ့တာ"

စေတီနဲ့ဘုန်းကြီးကျောင်းတွေကို စစ်တပ်လေကြောင်းက ဗုံးကြဲ သံဃာ ၁ ပါးနဲ့ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

"သက်သက်မဲ့ကြီး ဘုန်းကြီးကျောင်းတွေပေါ် ရွာတွေထဲကို ​ဗုံးကြဲပစ်ခတ်သွားတာ။ ဒေသခံတွေဆို ပြင်ဆင်ချိန်မရှိဘဲ အကုန်လုံး ဝရုန်းသုန်းကားဖြစ်ကုန်ပြီး ပြေးရတာ။ လေကြောင်းနဲ့ ၅ ကြိမ်လောက် ဗုံးကြဲတာ ပစ်ခတ်တာလုပ်သွားတာ"

သံတောင်ကြီးတိုက်ပွဲ လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရာရ

"တိုက်ပွဲက တော်တော်ဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေလည်း အပြန်အလှန်ပစ်ကြတယ်။ စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးကတော့ ပိုများတယ်။ သိရသလောက်က သေဆုံးဒဏ်ရာရသူတွေလည်းရှိတယ်။ သေဆုံးသူတွေကတော့ အတိအကျမသိရဘူး"

မန္တလေးမှာ တကိုယ်တော်ဆန္ဒပြတဲ့ အမျိုးသမီးအပါ ၂ဦးဖမ်းခံရပြီး ကျောက်ဝိုင်းက ဆိုင် ၉၀ ကျော်ပိတ်ခံရ

"မနေ့ကတည်းက မဖွင့်တဲ့ ဆိုင်တွေကို ဓာတ်ပုံလိုက်ရိုက်ပြီး ဒီမနက်မှာ ပိတ်တယ်ဆိုပြီး စာလိုက်ကပ်တာ။ မဖွင့်ရဘူး လာဖွင့်ရင် အရေးယူခံရမယ်ဆိုပြီး ပြောသွားတယ်"

ရွှေဘိုနယ်၊ ဇီးဖြူကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ အမျိုးသား ၄ ဦးသေဆုံး

"စကစ စစ်ကြောင်းဝင်လာတော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က အင်အားများတယ်။ တိုက်ပွဲက အချိန်တော်ကြာ ဖြစ်သွားတယ်။ ရဲဘော်တွေဘက်ကတော့ အားမတန်လို့ ပြန်ဆုတ်လာရတယ်"

တောင်ငူ ခပေါင်းတံတားစစ်ရေးဂိတ် ဗုံးပစ်ခံရ၊ စစ်တပ်က ပစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

"စကစဂိတ်ကို ဗုံးလာပစ်သွားတာလို့ သိရတယ်။ သူတို့တွေ ကံကောင်းသွားတာက ဗုံးက မပေါက်လိုက်ဘူး။ အဲ့ဒါကို သူတို့က အကာရံတွေလုပ်ခွဲလိုက်တာ။ အဲ့ဒီအချိန်မှာ အမျိုးသားတဦးက ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတာကို ပစ်လိုက်တာ"

ပုလဲမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက ၃ နေရာကို လေကြောင်းကနေဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဇီးဖြူကုန်းရွာအနီးနဲ့ မြကုန်းကျေးရွာ အပါအဝင် ၃ နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပျက်စီးမှုနဲ့ ဒေသခံထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

မိုင်းအတုကို ရှင်းလင်းပြီး လာကြည့်တဲ့စစ်တပ် ပေပါမိုင်းထိပြီး ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ

"သူတို့ ၂ ဖွဲ့က တိုးဂိတ်ဟောင်းထဲမှာ ကျနော်တို့ဘက်က အယောင်ပြထောင်ထားတဲ့ မိုင်းအတုကို သေနတ်တွေနဲ့ ပစ်ခတ်ရှင်းပြီး အားလုံးရှင်းသွားပြီဆိုတဲ့အထာနဲ့ ဂိတ်ထဲဝင် စကားပြောနေချိန်မှာ ကြိုတင်ထောင်ထားတဲ့ ပေပါမိုင်းကို ခွဲလိုက်တာ"

ရေတာရှည်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးဟုဆို

"ပထမရက်မှာတော့ ၄ ယောက်သေတာ။ နောက်တရက်မှာတော့ သူတို့က ကွင်းပြောင်ထဲကနေ တက်လာတော့ ကျနော်တို့ဘက်က အပိုင်စောင့်ပြီးပစ်ရတာ။ တော်တော်ကျကုန်တယ်။ သူတို့ဘက်က အကောင်ကြီးတကောင်ပါ ထိသွားလို့ ချက်ချင်းပြန်ဆုတ်သွားကြတာ”

သစ်ချိုကုန်းရွာ ၅ ရက်ဆက်တိုက်ခိုက်ခံရပြီး ပျူစောထီး ၃ ဦးဒဏ်ရာပြင်းထန်ရ

"ဒရုန်းတစီးတည်းနဲ့ ခေါက်တုံခေါက်ပြန်သွားချနေရတာ။ ကြားထဲမှာလည်း စကစ ဘက်က စစ်ကူလာတဲ့ အဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့သေးတယ်။ ပျူတွေထိခိုက်တာက မိုင်းဆွဲတာနဲ့ ဒရုန်းဗုံးချချိန်မှာထိတာ"

မြင်းခြံမှာ ၃ ရက်အတွင်း အမျိုးသမီး ၄ ဦးအပါအဝင် ၁၀ ဦးအသတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံးကျေးရွာ၊ မကျီးသမျှားကျေးရွာနဲ့ တူရွင်းဘိုကျေးရွာတွေအနီးမှာ ဇန်နဝါရီ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း အမျိုးသမီး ၄ ဦးအပါအဝင် ၁၀ ဦး အသတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်မှု နှစ်ဖက်ထိခိုက်မှုရှိ (ရုပ်/သံ)

ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီခန့်မှာ ပြင်စည် စာသင်ကျောင်းဝင်းအတွင်း အင်အား ၄၀ လောက်နဲ့ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာတော့ သုံးထောင့်ကျေးရွာ အထက ထဲမှာ အင်အား ၃၀ ခန့်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ Myingyan District Drone Strike တာဝန်ရှိသူက ပြောပါတယ်။

မြဝတီကနေ ရန်ကုန်ကိုပို့မယ့် လက်နက်တွေ စစ်ကောင်စီဖမ်းဆီး

"နနွင်းအိတ်တွေထဲ ထည့်သယ်လာရာမှာ ဖမ်းမိတယ်လို့ သိရတယ်။ ယာဥ်ပေါ်မှာက အမျိုးသမီး ၁ ဦးနဲ့ ယာဥ်မောင်းပဲပါတယ်။ မနေ့မနက်ပိုင်းကလည်း ခရီးသည်တင်ယာဥ်တစီးပေါ်က လက်နက်တွေ အများကြီးမိသေးတယ်။ အဲ့ဒါကိုတော့ စကစ ဘက်ကသတင်းဖုံးထားတယ်”

ကျွန်းလှဘက်ကို စစ်တပ်အင်အား ၃၀၀ ကျော် ဝင်ရောက်၊ ဒေသခံ ၅,၀၀၀ ကျော် ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းနေရ

"အချို့ကျတော့ ပြင်ဆင်ပြီးအခြေနေကြည့်နေတယ်။ အချို့ရွာတွေကျတော့ သူတို့ထွက်လာတယ်ဆိုက တည်းကိုက ကြိုရှောင်နေကြရတယ်။ စကစဘက်ကလည်း တဖြည်းဖြည်းရွေ့လာနေတယ်။ မြိုပေါ်ရောက်ပြီးရင် ရွာတွေဘက်ကိုလည်း ရောက်လာနိုင်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10