သံချပ်ကာယာဉ်တစီးကို မတ္တရာနယ်မှာ ပထမဆုံးအကြိမ် ဖျက်ဆီးနိုင်၊ သံချပ်ကာနဲ့အင်အားပြမှု စစ်တပ်က ထပ်မလုပ်တော့
" R7နဲ့သုံးလုံးပစ်လိုက်တယ်။ ဘီးတွေကတော့ မောင်းမရအောင်စုတ်ပျက်သွားတယ်တဲ့။ စကစ က တင့်ကားနောက်တစီးနဲ့ မတ္တရာဘက်ကိုပြန်ဆွဲသွားတယ်"
" R7နဲ့သုံးလုံးပစ်လိုက်တယ်။ ဘီးတွေကတော့ မောင်းမရအောင်စုတ်ပျက်သွားတယ်တဲ့။ စကစ က တင့်ကားနောက်တစီးနဲ့ မတ္တရာဘက်ကိုပြန်ဆွဲသွားတယ်"
တိုက်ခိုက်ခံရတဲ့ တပ်သားတွေဟာ ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၅၁ က ဖြစ်ပြီး ဇူလိုင် ၈ ရက် နေ့လယ် ၁၀ နာရီကနေ ၁၁ နာရီ ၁၅ မိနစ်အထိ ၁ နာရီကျော်အကြာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖ ရဲဘော်တဦး ကပြောပါတယ်။
စဉ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနဲ့ ပင်လယ်ကြီးတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း သပိတ်ကျင်းမြို့နယ်အခြေစိုက်တပ်တခုရဲ့ ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် ၁၅ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ချအလင်းဝင်တဲ့ စစ်တပ်ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့တွေလည်းရှိတယ်လို့ ဆိုပါတယ်။
ကျဆုံးသူတွေဟာ ဗိုလ်မင်းဒင် ၃၅ နှစ်၊ ရဲဘော် မြစိန် ၂၃ နှစ်၊ တင်မောင်ထွန်း ၃၅ နှစ်၊ ဗိုက်ကြီး ၃၀ နှစ်၊ သာအေး ၂၃ နှစ်၊ လှဝင်း ၂၂ နှစ်၊ မြအေး ၃၄ နှစ်၊ မိုးသူ ၃၅ နှစ်၊ တင်စိန် ၂၁ နှစ်၊ အေးမင်းနိုင် ၃၄ နှစ်၊ သောင်းလှထွန်း ၂၃ နှစ်၊ အေးမင်းစိုး ၃၄ နှစ်၊ ဘိုကြီး ၂၈ နှစ်၊ ဌေးလှဦး ၃၄ နှစ်နဲ့ မိုင်းတပ်သား လူမောင် ၂၄ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ မြို့ကို အလုံးအရင်းနဲ့ ဝင်လာတဲ့အခါမှာ သူတို့(စကစ)အကုန်လုံးက မြို့စောင့် ဘန်ကာကြီးတွေကနေ ပစ်အားနည်းနည်းနဲ့ပစ်ပြီး ထွက်ပြေးသွားကြတယ်။ မြို့အနောက်ဘက်ခြမ်း တခြမ်းလုံးမှာရှိနေတဲ့ ဘန်ကာတွေ၊ မြို့အရှေ့ဘက်မှာရှိနေတဲ့ တချို့ဘန်ကာတွေကို ကျနော်တို့တွေ သိမ်းနိုင်တယ်။ သိမ်းနိုင်လို့လည်း မြို့ကို ၂ နာရီကျော် ထိန်းနိုင်တဲ့ အခြေနေမျိုး ဖြစ်လာတာ။”
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက အမှတ် ၂၈ ရဲတပ်ရင်းနဲ့ ရွှေတောင်ဦးတပ်ကုန်းတို့ကို ဇူလိုင် ၇ ရက် ယမန်နေ့ မွန်းလွဲပိုင်းမှာ မောင်းသူမဲ့လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်ဗျူဟာ(၄၅) KLG PDF က ပြောပါတယ်။
ဇူလိုင် ၇ ရက် ယမန်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ ပျဥ်းမလျှပ်စစ်မီးဓါတ်အားပေးစက်ရုံကို ဒရုန်းအကြီး ၈ စီးနဲ့ ဗုံးသီး ၈ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်မှုံကြီးက ပြောပါတယ်။
ဇူလိုင် ၇ ရက် မနေ့က မနက် ၁၀ နာရီခွဲလောက်က မြို့မြောက်ဖက်ခြမ်းက စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်ရှိတဲ့ ထွေအုပ်ရုံးနဲ့ မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ရဲတပ်သား ၂၀ ဝန်းကျင်ရှိတဲ့ ရဲစခန်းကို တပြိုင်တည်း ဝင်တိုက်ခဲ့ကြတာဖြစ်ပြီး နေ့လယ် ၁ နာရီခွဲကျော်မှာ ပြန်ဆုတ်ခဲ့ကြတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနောက်မြောက်စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မြင့်နိုင်က ပြောပါတယ်။
"ကျောင်းအပြင်မှာ ကင်းထွက်စောင့်နေတဲ့ ၃ ယောက်ကိုပစ်ခဲ့တာပါ။ စစ်သား ၁ ယောက်နဲ့ပျူ ၁ ယောက်သေတယ်။ ၁ ယောက်က ထွက်ပြေးသွားတယ်။ လက်နက်တွေ မရခဲ့ပါဘူး"
အဆိုပါ စခန်းရှိတဲ့ရွာဟာ ပျူစောထီးတွေနေတဲ့ တပ်ကုန်းရွာသစ်ရွာလို့ သိရကာ ကာကွယ်ရေးတပ်ဖွဲတွေက ဇူလိုင် ၆ ရက် မနက် ၁၀ နာနာရီကနေ ညနေ ၆ နာရီအထိ ဒရုန်း၊ ရော့ကက်၊ ၆၀ မမ၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
"ကျနော်တို့ စခန်းကိုသိမ်းဖို့အထိ ရည်မှန်းချက်နဲ့ ဝင်တိုက်ခဲ့တာ။ စခန်းသိမ်းဖို့ဟာက မအောင်မြင်ခဲ့ဘူး။ စစ်ကောင်စီဘက်က အရှေ့ဘက်က နန်းတော်ကျွန်းနဲ့ သုံးဆယ်ပြည့်တွေဘက်က ပစ်ကူပေးတယ်။ ပြီးတော့လေကြောင်းကနေ ပစ်ကူပေးဖို့ခေါ်တယ်လို့ ကြားတာကြောင့် ကျနော်တို့ပြန်ဆုတ်ခဲ့ရတယ်။"
လက်ရှိ မတ္တရာမြို့နယ်ထဲက စခန်းသာ၊ ကျောက်မဏ္ဍပ်၊ စပါးကျည်တောင်၊ ကျောက်ကြမ်းတောင်၊ ငွေပုထိုး၊ ရှင်မတောင်၊ နဂါးပတ်၊ နွားခြံကုန်း၊ ဝန်တင်ကုန်း၊ လက်သန်းတောင်၊ ခြေတော်ရာ၊ ကိုရင်လေးတောင်၊ ကင်းရွာ၊ ဆည်တော်လမ်းခွဲ၊ ရေနံ့သာ တိုးဂိတ်၊ ရေနံ့သာရဲစခန်း၊ နပတ်လည်အင်းစခန်း အပါအဝင် စစ်ကောင်စီစခန်း ၂၅ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"စနိုက်ပါနဲ့ ပစ်ခတ်တာက ၂ ကောင်သေတယ်၊ ရှေ့တစီးမှာ ၁ ဦးသေပြီး နောက်တစီးက ၁ ဦးသေပါတယ်"
“ကျနော်တို့ သွားရောက်ပစ်ခတ်ချိန်မှာ သူတို့ဘက်ကပြန်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပြန်ပစ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိခဲ့ဘူး။ **တွေပစ်ချလိုက်လို့ ဒရုန်းတစီးတော့ ဆုံးရှုံးသွားတယ်။”
မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့မြောက်ဘက်အဝင်မှာရှိတဲ့ ရေနံ့သာရဲစခန်းကျပြီးနောက် စစ်ကောင်စီတပ်က မတ္တရာမြို့ကို ခံစစ်ပြင်ထားတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာသို့စတင်ရှောင်တိမ်းနေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။