သတင်း

ဖောင်းပြင်မှာ လေကြောင်းနဲ့ပစ်လို့ ၃ နှစ်အရွယ် ကလေးတဦးသေဆုံး

“စာသင်ကျောင်းမှာက ၂ လုံး၊ ရွာမထဲမှာက ၃ လုံး၊ ဗုံး ၅ လုံးချသွားတယ်၊ အဲ့မှာ ကလေးမလေး ၂ ယောက်ထိတာ၊ တယောက်က ပွဲချင်းပြီးဆုံးသွားတယ်၊ အကြီးမလေးကလည်း ၅၀/၅၀အခြေနေမှာ ရှိနေတယ်။”

ကသာမှာ PDF ၅ ဦးနဲ့ ပြည်သူ ၁ ဦး အသတ်ခံရ

“သတ်ပြီးတော့ ခန္ဓာကိုယ်တွေမှာ ကျားဘီလူးစစ်ကြောင်းဆိုပြီး စာရေးသွားသေးတယ်၊ အလောင်းက တော့ ပြန်ရပြီ၊ ပစ္စည်းတွေလည်း ပါသွားသေးတယ်၊ ဒရုန်း ၁ စီးရယ်၊ ပဒိန် (လက်လုပ်စိန်ပြောင်း) ၂ လက်၊ ပါရီ (Type 81 rifle) ၁ လက်၊ အတို ၁ လက် ပါသွားတယ်လို့ ကြားတယ်။”

ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာ ယာယီဝင်လုပ်တဲ့ ပျူစောထီးခေါင်းဆောင် ရက်ပိုင်းအတွင်း ရှင်းလင်းခံရ

“သူ(ကိုတင်ဦး)က စမ်းတောင်ကွေ့ရွာထိပ်မှာ ဆိုင်ကယ်နဲ့ ရပ်နေတာကို ကျနော်တို့က မထင်မှတ်ဘဲ တွေ့လို့ ရှင်းခဲ့တာ။ ဘယ်တွေကို မှန်လဲတော့ မသိဘူး။ ပွဲချင်းပြီးသေတာ"

မြိုင်နယ်၊ နှမ်းဆီကန်ရွာကို မီးရှို့ပြီး ဒေသခံ ၃ ဦးကို ဖမ်းဆီး

“ရွာသားတွေကထွက်ပြေးရင်း စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတာ။ အဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါတယ်။ အမျိုးသမီးကိုတော့ သူတို့ပြန်လွှတ်ပေးလိုက်တယ်။ အမျိုးသားတွေကိုတော့ ဖမ်းထားတယ်။ သူတို့(စစ်ကောင်စီ)တွေ ရွာထဲမှာ ရှိနေတုန်းပဲ”

ကျောက်တံခါးမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေ၊ ကလေးငယ် ၁ ဦးဒဏ်ရာရ

"အိမ်က ထရံကာ ဖက်မိုးအိမ်ဆိုတော့ လက်နက်ကြီးက အိမ်ပေါ်ကျလို့ အိမ်ထဲရှိနေတဲ့သူတွေထိသွားတာ။ သမီးနဲ့အမေနဲ့ သေတယ်။ ​မြေးက ဒဏ်ရာရတယ်"

ဒီပဲယင်းမှာ ၃ ရက်ဆက် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

"စုစုပေါင်းစစ်သား ၃ ယောက်သေတယ်လို့ ကင်းထောက်က တဆင့်သိရတယ်။ ထိခိုက်ပျက်စီးတာတော့ မသိရသေးပါဘူး"

မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်အုပ်စုက ရေကြောင်းကနေ စစ်ကြောင်းထိုးနေ

"အိမ်ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာ မသိရသေးဘူး။ မနက် ၆ နာရီကျော်လောက်မှာ ဒေါင်းကျွန်းရွာရဲ့အရှေ့ဘက်ထဲက ကျွဲခြံကုန်းမှာတပ်စွဲထားတဲ့တပ်ကနေပြီး လက်နက်ကြီးနဲ့ပစ်တာ။ ဒေါင်းကျွန်းက နွားခြံပေါ်ကျပြီး နွားတွေတော်တော်ထိတယ် "

မိုးညိုက တပ်သတင်းပေးဆိုသူ ရွှေတောင်နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရ

“ ဆိုင်ကယ်နောက်ကနေ လာပစ်သွားတာပြောတယ်။ သေတော့ မသေဘူး ဖြစ်ဖြစ်ချင်းတော့ သွေးအိုင်ထဲမှာ ပက်လက်ကြီး။ ဘယ်နှစ်ချက်မှန်တယ်တော့ မသိရဘူး။ သူက စစ်ကောင်စီကို သတင်းပေးလုပ်နေတာလေ“

ပုသိမ်-မုံရွာလမ်းမှာ စျေးကား လမ်းဘေးထိုးကျလို့ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

" ဥသျှစ်ပင်ကနေစျေးဝယ်ပြီး အပြန်မှာဖြစ်တာ။ မျက်နှာဆိုင်ကလာတဲ့ကားကို ရှောင်လိုက်ရာကနေ လမ်းဘေး လျှိုထဲထိုးကျသွားတာ။ လမ်းဘေးထိုးကျတော့ ဘေးမှာရပ်ထားတဲ့လှည်းကိုပါဝင်တိုက်တာ။ လှည်းမှာတော့ လူမရှိဘူး"

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီဘက်ကနေ သုံ့ပန်းနဲ့ဘက်ပြောင်းခိုလှုံလာသူ ၅၀၀ ကျော်ရှိ

"အခုဆို တလကျော်ပြီး အဲကာလမှာ သုံးမျိုး ဖြစ်တယ်။ ပြည်သူရင်ခွင်ခိုလှုံတာရှိတယ် အလင်းဝင်တာရှိတယ် တချို့တွေဆို စစ်သုံပန်းအဖြစ်အဖမ်းခံရတာရှိတယ်။ အားလုံးပေါင်း ၅၀၀ ကျော်ရှိတယ်။ အခြေအနေအရ မတူတာကို အဓိကဟိုက်လိုက်လုပ်ပြောချင်တယ်။"

ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု တပ်စွဲတဲ့နေရာ ၄ ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုများ (ရုပ်/သံ)

"တိုက်ပွဲကြာချိန်က ၁ နာရီကျော်ကြာတယ်၊ ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစုကလည်း လက်နက်ကြီး ပစ်ကူပေးတယ်၊ ကျနော်တို့ဘက်က သိမ်းတော့မသိမ်းနိုင်ဘူး၊ ရန်သူ့ဘက်က သာလွန်အင်အားနဲ့ နှစ်ဖက်ညှပ်ပြီးတိုက်တော့ နောက်ပြန်ဆုတ်လာခဲ့တာ"

မတ္တရာက စစ်ရှောင်စခန်း ၃ ခုမှာ ရိက္ခာအရေးပေါ်လိုအပ်နေ

စစ်ရှောင်စခန်း ၃ ခုမှာ အသက် ၁၀ နှစ်အောက်ကလေးငယ် ၁၀၀ ဝန်းကျင်ရှိပြီး ကိုယ်ဝန်သည်တွေအပြင် ထွက်ပြေးလာစဥ် လမ်းမှာ ဒဏ်ရာရသူတွေလည်းရှိပြီး မေးခိုင်ကာကွယ်ဆေးတွေလည်း လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကပစ၂၂ ကလာတဲ့ စစ်တပ်ဖောကား ၂စီး မိုင်းဆွဲခံရပြီး ၄ ဦးသေ၊ ကား ၁ စီးပျက်စီးလို့  ကရိန်းနဲ့ဆွဲရ

“သတင်းကြိုရထားလို့ သဲချောင်းထဲမှာ မိုင်းကြိုထောင်ထားတာ။ သဲချောင်းအလယ်လောက် အရောက်မှာ မိုင်းဆွဲခဲ့တာ။ အရှေ့ကားကိုတည့်တည့်ဆွဲနိုင်ခဲ့တယ်။ သဲချောင်းထဲဆိုတော့ ကားကိုဖြည်းဖြည်းပဲ မောင်းတော့သေချာထိအောင်ဆွဲနိုင်ခဲ့တာ“

ရမည်းသင်းနယ်အပိုင် အမြန်လမ်းမှာ ခရီးသည်တင်ကား မီးလောင်

"အင်ဂျင် Heat တက်ပြီး အချိန်မှီမငြိမ်းလိုက်နိုင်လို့ မီးလောင်သွားတာ။ လူတွေ ထိခိုက်ဒဏ်ရာရတာမျိူးတော့မရှိဘူး"

နေပြည်တော်နဲ့ ၇ မိုင်အကွာလမ်းပိုင်းထိ PDF က ပြည်သူနဲ့တွေ့ဆုံကာ စစ်တပ်ထုတ်ကုန်များစစ်ဆေး( ရုပ်/သံ)

DF တွေ စစ်ဆေးမှုပြုလုပ်ခဲ့တဲ့နေရာနဲ့ ၅ မိုင်ခန့်အကွာ နေရာ ၃ ခုထက်မနည်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေနဲ့ အထိုင်တပ်ရင်းတွေတည်ရှိတာဖြစ်ပြီး အခြေအနေပေါ်မူတည်ပြီး တပ်ရင်းတွေအနီးအထိ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ စီစဥ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10