PDF အဖြစ်စွပ်စွဲခံရသူရဲ့ မိဘပိုင် စားသောက်ဆိုင်နဲ့ တိုက်ကို စစ်ကောင်စီ ဖျက်ဆီးချိတ်ပိတ်
"စစ်ကားတွေကော ရဲကားတွေကော ဆိုင်ရှေ့မှာအများကြီးဗျ၊ စစ်ကားကို ၅ စီး လောက်ပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့သားက PDF အဖွဲ့ဝင်ဆိုပြီး ဆိုင်ကိုချိတ်ပိတ်ဖို့လာတာတဲ့။ အဲဒီကလေးကအဲလိုမဟုတ်ပါဘူး၊ မကွေးတက္ကသိုလ်ကျောင်းသားပါ၊ အဲဒီကလေးကအိမ်မှာ မရှိတာကြာပါပြီ၊ အရင်ကလည်း တခါလာပြီးစစ်သေးတယ်။ အဲဒီတုန်းကလည်း ဆိုင်ပိုင်ရှင်ကို သေနတ်ဒင်နဲ့ခေါင်းကိုရိုက်လို့ ၃ ချက်ချုပ်လိုက်ရတယ်။ ဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးကိုလည်း ပါးတွေရိုက်သွားကြတယ်၊ ခုဟာက စိုးလွန်းတယ်ဗျ"