"လေယာဉ်ကရွာအနောက်မြောက်ထဲမှာ ၁ စီး မြောက်ပိုင်းကနေ ၁ စီး စစ်သားတွေကိုခွဲချတာ၊အဲဒီကြားထဲမှာ ညှပ်ပူးညှပ်ပိတ် မိသွားကြတာ၊ လေယာဉ်တွေနဲ့ ဗုံးတွေပစ်ကျဲလိုက်တော့ ကလေးတွေကကြောက်အားကြီးပြီး ဆရာမတွေကလည်း ၁၀ ယောက်လောက် ဘုန်းကြီးကျောင်းထဲမှာကလေးတွေကို စာသင်နေတာ၊ ကလေးတွေအန္တရာယ်ရှိတယ်ဆိုပြီး ဆရာမတွေက ဘုန်းကြီးကျောင်းအောက်ကမြေအောက်ခန်းထဲကိုပိတ်သွင်းလိုက်တာ၊အနောက်ဘက်ကစာသင်ကျောင်းထဲကနေ စစ်တပ်ကဝင်တာဆိုတော့ အကုန်ပိတ်မိပြီးဖမ်းဆီးခံလိုက်ရတာ၊မနေ့ညနေတုန်းကတော့ဘုန်းကြီးက ကလေးတွေဘာမှမလုပ်ဖို့ အသံချဲ့စက်နဲ့အော်သေးတယ်၊ ရွာထဲကနေထွက်ပြေးတဲ့ရွာသူရွာသားတွေကို စစ်တပ်က ကိုယ်အိမ်ထဲကိုယ်ပြန်ဝင်မဝင်ရင်ရွာမီးနဲ့ရှို့မယ်လို့ပြောတယ်၊ ကလေးတွေလည်းအကုန်ဖမ်းထားတာစစ်တပ်က၊"