သတင်းတို

ခလရ ၁ တပ်က တပ်သား ၃ ဦး သေနတ်တွေယူထွက်ပြေးလို့ ပစ်မိန့်ပေးဖမ်းခိုင်း

“အချုပ်စောင့်တဲ့ဗဟိုကင်း ကင်းသမား ၂ ယောက်ရယ်၊ အချုပ်သားတယောက်ရယ် မနက် ၃ နာရီလောက်ကြီး ထွက်ပြေးသွားတာ။ ခလရ ၁ က တောအစပ်မှာဆိုတော့ပြေးလို့လွယ်တယ်။ သေနတ်တလက်စီ ပါသွားတယ်”

မုံရွာ Local PDF အဖွဲ့ဝင် ၁၄ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

“သတင်းက မှန်တယ်။ သူတို့မိသွားတဲ့နေရာက နယ်နည်းနည်းကြမ်းတယ်။ တိုက်ပွဲတွေ ခဏခဏဖြစ်နေတဲ့နေရာ။ နှစ်ဖက်တင်းမာမှု တော်တော်ရှိတဲ့နေရာပေါ့။ ရက်ကတော့ အတိကျမသိဘူးဗျ။ ဖြစ်စဉ်ဖြစ်သွားတာတော့ အတည်ပြုလို့ရတယ်။ တယောက်ပြီးတယောက် ပါနေတာလည်း အတည်ပြုလို့ရတယ်။ ဘယ်နေ့ဘယ်ရက်တော့ မပြောတတ်ဘူး။ ဟိုဘက်က ကြိတ်ဖမ်းနေတာ”

နတ်တလင်းက စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်လို့ စစ်သားတဦးသေဆုံး

"သူတို့စခန်းက ရွာရဲ့အရှေ့ဘက်နားမှာ စခန်းချထားတာ၊ ပထမဆုံး စပြီးပစ်ခတ်ခံရတဲ့ကောင်က စခန်းရှေ့မှာတဦးထဲရှိနေတဲ့အချိန် ပစ်နိုင်ခဲ့တာ လဲကျသွားတာကို မြင်လိုက်ရတယ်"

မန္တလေးမှာ PDF အယောင်ဆောင်တွေက ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်းနေ

"ခုက ငွေတောင်းခံရတဲ့ သူတဦးကနေပြီး ကျနော်တို့ဆီကို သူတို့ပို့ထားတဲ့စာကို ပြန်ပို့လာပေးလို့ သိရတာ။ ဘယ်နှဦးလောက်ထိ သူတို့က ကျနော်တို့အဖွဲ့နာမည်သုံးပြီး ငွေတောင်းထားပြီပြီလဲဆိုတာ မသိရသေးဘူး။ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့အဖွဲ့က အရင်ကလည်း ခုလို ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်း အလှူခံတာမျိုးမရှိသလို နောင်လည်း အဲလိုလုပ်မှာ မဟုတ်ဘူး။ ခုလုပ်ရပ်ဟာ စစ်ကောင်စီဘက်က PDF နဲ့လူထုကို သွေးခွဲနေတဲ့ လုပ်ရပ်လို့ မြင်တယ်"

ခင်ဦးမှာ စစ်တပ်က လမ်းသွားပြည်သူတွေကို ပစ်ခတ်ပြီး ရွာတရွာကိုပါ မီးရှို့နေ

“မနေ့ကလည်း ကင်းပုန်းတွေဝပ်ပြီး လမ်းသွားလမ်းလာတွေကို စစ်တယ်။ ပါလာတဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေ သူတို့ဆီပေးခဲ့ရတယ်။ ဒီနေ့မနက်လည်း လာတဲ့ပြည်သူတွေကို အလာမခံဘဲ ပစ်လွှတ်တယ်။ လက်နက်ငယ်တွေနဲ့ လိုက်ပစ်တယ်။ ရေဦး တိုင်းရင်းဆေးရုံကနေ ပြည်သူတွေ ပြေးတဲ့နေရာတွေဆီ လက်နက်ကြီး ၆ လုံး ဆက်တိုက်ပစ်တယ်”

ဂဠုန်-PDF စခန်းမှာ ယမ်းပေါက်ကွဲရာက သိန်း ၃၀၀၀ ကျော်ဖိုးခန့် ဆုံးရှုံးသွား

"ကလေးတွေက PT ပြေးနေတာ၊ အပူအအေးမမျှတလို့ မတော်တဆပေါက်ကွဲတာမျိုးပါ။ ဘယ်သူကြောင့်မှ မဟုတ်ပါဘူး။ အညာဆိုတော့ ထန်းလက်မိုးအဆောင် ကလေးတွေရဲ့ အသုံးအဆောင်တွေ၊ ဖုန်းတွေ မိုင်းမျိုးစုံနဲ့ထိပ်ဖူးတွေ၊ ပြောင်းတွေ၊ ယမ်းတို့ ငွေသား တချို့လည်း မီးလောင်တဲ့အထဲ ပါသွားတာပေါ့ဗျာ။ ပြည်သူ့ရဲ့ချွေးနဲစာနဲ့ စုဆောင်းထားတာတွေ သိန်းထောင်ချီ ဆုံးရှုံးခဲ့ရတော့ စိတ်ထိခိုက်မိတာတော့ အမှန်ပါ"

လမ်းပေါ်ရပ်ထားတဲ့ ကားကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ

"ကုန်းကားက ရပ်ထားတာ။ ရပ်ထားတဲ့ကားကလည်း လမ်းပေါ်ရောက်နေတယ်။ အဲ့ဒါကို ရော်ဘာခြစ်ဖို့သွားတဲ့ အလုပ်သမားတွေ တင်လာတဲ့ကားကလည်း မရှောင်နိုင်ဘဲဝင်တိုက်တယ်။ ကားပေါ်မှာက ယာဥ်မောင်းအပြင် အယောက် ၂၀ ကျော်လောက် ပါတယ်"

ပခုက္ကူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါ ၂ ဦး အသတ်ခံရပြီး ဆိုင်ထိုင်နေတဲ့ သားအဖ ၂ ဦးဖမ်းဆီးခံရ

"နိုင်လင်းအောင်က အုပ်ကြီးတာဝန်လည်း ယူထားတယ်။ ပြီးတော့ မြစ်ခြေမြို့ရဲ့ပျူစောထီးခေါင်းဆောင် ဖြစ်တယ်။ သူက ရင်ဘတ်မှာ သေနတ်ဒဏ်ရာ ၃ ချက်ရပြီးတော့ နေအိမ်ထဲမှာတင် ပွဲချင်းပြီး သေတယ်။ ပြီးတော့ သူ့အိမ်ကိုရောက်နေတဲ့ ကားဂိတ်မှူးမှာလည်း ရင်ဘတ်နဲ့လက်မှာ ဒဏ်ရာနဲ့ ပွဲချင်းပြီးသေတယ်"

မတ္တရာမြို့နယ်၊ ပိုဝမြောက်ရွာကို စစ်တပ်က တလတည်း ၂ ကြိမ်မီးရှို့

“ပိုဝမြောက်ရွာက ဒီလထဲမှာပဲ မီးရှို့ခံရတာ ၂ ကြိမ်ရှိပြီ။ လေတွေကလည်း တိုက်နေတော့ မီးငြိမ်းဖို့က တော်တော်ခက်တယ်။ ဖမ်းဆီးခံရတဲ့ ရွာသားတွေတော့ မရှိဘူး။ ရွာသားတွေကတော့ ရွာထဲမရောက်သေးပါဘူး”

လောင်းကစားဒိုင်အိမ်ကို ပစ်တဲ့ကျည်က ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေပေါ်ကျလို့ ၂ ဦးဒဏ်ရာရ

"ဖိုးသဲက ချဲဒိုင်လုပ်တယ်။ လောင်းကစားဝိုင်းတွေလည်း ထောင်ပြီးတော့ စစ်ကောင်စီကို ငွေရှာပေးနေတာ။ အဲဒါကြောင့် သတိပေးတဲ့အနေနဲ့ ပစ်ခတ်ခဲ့တာ။ ကံဆိုးချင်တော့ ဖိုးသဲအိမ်နားက စာသင်ကျောင်းနောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေဆီကို ၄၀ မမတလုံးကျပြီး ၂ ဦး ဒဏ်ရာရသွားတာ"

အင်းတော်မှာ စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့်သေဆုံးဟုဆို

“လက်နက်သွားယူမယ့်အချိန်မှာ *တွေဘက်က အင်အားအလုံးအရင်းနဲ့တက်လာလို့ ပြန်နောက်ဆုတ်ခဲ့ရတာ။ တိုက်တဲ့ချိန်မှာတော့ ၄၊ ၅ ယောက်က လဲကျသွားတာ မြင်တာပေါ့။ တချို့ဒဏ်ရာရတဲ့ *တွေဆို ငါ့ကိုကယ်ပါဦးဆိုပြီး လှမ်းအော်နေတဲ့အသံတွေ ကြားနေရတယ်"

ရွှေကျင်နဲ့ကျောက်ကြီးကို လေယာဥ်ဗုံးအလုံး ၃၀ နီးပါးကြဲချလို့ ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးနေရ

မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်မှာ KNU အုပ်ချုပ်နယ်မြေ ရွှေကျင်မြို့နယ်၊ တကက်ပူကျေးရွာနဲ့ ကျောက်ကြီးမြို့နယ် တကော်ဒဲကျေးရွာတို့ကို တိုက်လေယာဥ် ၄ စီးနဲ့ ၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံး ၂၈ လုံးထက်မနည်း ကြဲချခဲ့လို့ အဲ့ဒီရွာတွေအပါအဝင် အနီးတဝိုက်ကျေးရွာ ၂၁ ရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာဒေသခံတွေကို PDF ကထောက်ပံ့ကူညီပေး

"ကျနော်တို့မှာရှိတဲ့ ရန်ပုံငွေထဲကနေ တတ်နိုင်သလောက် ကူညီပေးတာပါ။ ဖေဖော်ဝါရီလထဲမှာ စပြီးကူညီပေးတာ။ ဆန်၊ ဆီနဲ့ အဝတ်အစား၊ ယာယီအိမ်ဆောက်ဖို့ မျှောနဲ့ဝါးရယ်နောက်ပြီး တပ်ရင်းက ရဲဘော်/မေ တွေက ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးတာတွေလည်း အခါအားလျော်စွာနဲ့ တတ်နိုင်တဲ့ဘက်က ကူညီပေးနေပါတယ်"

ဂျန်မာသုံးတဲ့ စစ်ကောင်စီတပ်ကို မီးပျက်ချိန် ဒရုန်းနဲ့တိုက်ခိုက်လို့ ၂ ဦးဒဏ်ရာရ

"ပုံမှန်ဆို ဒီကောင်တွေဆီမှာ ဂျန်မာ(ရေဒီယိုလှိုင်းဖြတ်စက်) ရှိတယ်။ အဲ့တာတွေဖွင့်ထားရင် သူတို့နေရာတွေကို ဒရုန်းပျံလို့ မရဘူး။ မနေ့က ပခုက္ကူဘက်မှာ မီးလိုင်းပျက်နေတုန်းရှိတဲ့ ဂျန်ပါတွေ အလုပ်မလုပ်ချိန်မှာ ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာ။ တပ်စွဲနေတဲ့ အဆောက်အဦးထဲကွဲလို့ ၂ ယောက် ဒဏ်ရာရတယ်”

မြိုင်မှာ စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF တဦးသေဆုံး၊ စစ်သားတွေလည်း သေဆုံးမှုရှိ

“၆ နာရီဝန်းကျင်မှာ မိုင်း ၂ လုံးခွဲတာ။ သရက်ကန်ရွာက ဒဏ်ရာရတဲ့ကောင်တွေကို မြိုင်ဆေးရုံပို့ဖို့ ကင်းပုန်းဝတ်ပေးနေတဲ့ ၅ ယောက်လုံးကို မိုင်းဆွဲခဲ့တာမှာ ၅ ယောက်လုံး သေတယ်။ နေ့လယ် ၁၀ နာရီလောက်မှာ သရက်ကန်ရွာက ထွက်လာတဲ့ ဖောကားတွေကို အဖွဲ့ ၃ ဖွဲ့ ပေါင်းပြီးမိုင်းဆွဲတာမှာ ဖောကားတွေတော့ ပျက်သွားတယ်။ ညနေ ၁ နာရီ ၂၀ မိနစ်လောက်မှာ မြိုင်ဘက်ကထွက်လာတဲ့ကားကို ကိုင်းတောမ ရဲစခန်းနဲ့ စက်မှု ၂ အကြား မိုင်းဆွဲတိုက်ခိုက်တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10