ရှမ်းမြောက်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော် ၄၁ ဦးရဲ့ မိသားစုတွေကို ငွေထောက်ပံ့
“MOD က ကျနော်တို့အတွက် ရိက္ခာအတွက် ထောက်ပံ့ပေးတဲ့အထဲကနေ ရှမ်းမြောက်ကိုသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ၁ သိန်းစီပေးတာ ၂ ကြိမ်ရှိပါပြီ။"
“MOD က ကျနော်တို့အတွက် ရိက္ခာအတွက် ထောက်ပံ့ပေးတဲ့အထဲကနေ ရှမ်းမြောက်ကိုသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ၁ သိန်းစီပေးတာ ၂ ကြိမ်ရှိပါပြီ။"
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတရွာက ဒေသခံ ၁၅၀ ကျော်ကို သြဂုတ် ၁၀ ရက်မနေ့က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF အဖွဲ့ဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်၊ ဝဲလောင်ရွာက စစ်ကောင်စီ တပ်စခန်းတခုကို တိုက်ခိုက်ခဲ့တာကြောင့် ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
" မြို့ကို စီးနင်းတပ်စွဲထားတာမျိုးတော့ မဟုတ်ဘူး။ မြို့ကိုအထိုင်ချလိုက်ရင် လေကြောင်းလာပြီး ပြည်သူတွေကိုထိခိုက်မှာစိုးတဲ့အတွက် ကျွန်တော်တို့က ဖြတ်တောက်ရေးတွေလုပ်ပြီးပဲ ထိန်းထားတယ် "
“အသက် ၆၀ လောက် သက်ကြီးတွေများတယ်။ အမျိုးသမီးအများစုပေါ့။ ဒူးနားခါးနားတွေ၊ သွေးတိုး၊ ဆီးချိုတွေ အဖြစ်များနေတယ်။ မနေ့က သွေးပေါင် ၂၄၀ ရှိတဲ့ လူနာတောင်တွေ့ခဲ့ရတယ်။"
"နေ့လယ်ခင်းလည်းဖြစ်နေတော့ ကျနော်တို့အဖွဲ့တွေလည်း လာမတိုက်လောက်ဘူးထင်ပြီး ပျူတွေက ပေါ့ပေါ့ဆဆနေနေချိန်မှာ ဝင်ပစ်ခဲ့တာ။ အကုန်ထွက်ပြေးကြတယ်။ ၂ ကောင်ကတော့ ကျည်ထိပြီးမှ ထပြေးတာ၊ ဒဏ်ရာတော့များတယ်။"
“သွားသိမ်းတာ ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ သိပ်မဝေးဘူး။ ပစ်ခတ်တဲ့နေရာမှာပဲ ကားကိုထိုးထားခဲ့တာမလို့ အဲ့ဒါကို ကျနော်တို့သွားသိမ်းတာ။”
ကျဆုံးရဲဘော်တွေဟာ မကွေးတိုင်းထဲက ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းနဲ့ အောင်လံမြို့နယ် စတဲ့ မြို့နယ်အတွင်း နေ့ရက်အသီးသီးမှာ ကျဆုံးတာဖြစ်ပြီး အဲဒီအထဲက ရဲဘော် ၇ ဦးကျဆုံးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက်ကို အထိမ်းအမှတ်နေ့ သတ်မှတ်ကာ ကျင်းပတာလို့ ပြောပါတယ်။
မကွေးတိုင်း၊ စလင်းမြို့ မြို့မရဲစခန်းကို ဩဂုတ် ၁၀ ရက်က ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာ မြောက်ဘက်လှေဆိပ်မှာ ထောက်ခံစာထုတ်ပေးတာကို အကြောင်းပြပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၈ ရက် မနက် ၈ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ အမေ့သွေးပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီက သိရပါတယ်။
"ရေဖြူကန်နားမှာက ဓာတ်တိုင်တွေက လှဲခံထားရတာ။ အဲ့ဒါကို ခဏခဏလာပြင်တယ်။ လာပြင်တိုင်းလည်းတိုက်ခိုက်ခံရတယ်။ ဒီတခေါက်မှာတော့ အရာရှိတွေပါကျတာ သိရတယ်။"
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကိုင်းတောမရဲစခန်း၊ စစ်တပ်အထိုင်စခန်းနဲ့ ပျူစောထီးစခန်းတွေကို သိမ်းပိုက်ပြီးပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို စစ်ရှောင်တွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဩဂုတ် ၉ ရက်က မုံရွာမြို့ကနေ ကား ၄ စီးနဲ့ ထွက်ခွာလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းနဲ့ စစ်သားအင်အား ၆၀ ဦးလောက်လိုက်ပါလာတဲ့ မှန်လုံကား ၂ စီး ၊ အန်စာတုံးကား ၁ စီး ၊ သံပြားကာကား ၁ စီးတို့ကို မြင်းမူတိုးဂိတ်အနီး နေ့လယ် ၁၀ နာရီ ၅၅ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာလို့ Dog Killers People's Defence Force Myinmu(DK-PDF MMU) ရဲဘော်မောင်ကာ က ပြောပါတယ်။
"တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ကြီးသံတွေက ဆက်တိုက်ပဲ။ ဒီမနက်(သြဂုတ် ၁၀)လည်း ထပ်ပစ်နေတယ်။ အများစုလက်နက်ကြီးတွေက ခလရ ၇၃ ကပစ်နေတာ"
"ရေချောင်းစပ်နားမှာ ရေနစ်သေဆုံးတဲ့အနေထားနဲ့ ပြန်တွေ့ရတယ်။ အလောင်းအနေထားကတော့ တော်တော်လေး အခြေနေဆိုးနေပါပြီ။ သူကနည်းနည်းတော့ သောက်စားတတ်တယ်”