သတင်းတို

ရေစကြိုဘက်ကရွာ ၁ ရွာကို စစ်တပ်ကစစ်ကြောင်းထိုးမီးရှို့လို့ လူဦးရေ ၉၀၀ ကျော် ရွာပြင်ထွက်ပြေးခဲ့ရ (ရုပ်/သံ)

တိုက်ပွဲဖြစ်တာမရှိဘဲ ဒီဇင်ဘာ ၁ ရက် မနေ့က မနက် ၅ နာရီခွဲလောက်မှာ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပစ်ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဆိုပါတယ်။

မင်းဘူးခရိုင်မှာ နေအိမ် ၂၀၀ နီးပါးကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့လို့ စစ်ရှောင်နေရတဲ့ ၄,၀၀၀ ကျော် စောင်၊ အနွေးထည် အကူအညီတွေ လိုအပ်နေ

“ ဆောင်းတွင်းကာလဖြစ်တဲ့အတွက် တောထဲတောင်ထဲမှာ ဖြစ်သလိုနေရတာကြောင့် ဖျားနာတဲ့သူတွေများပါတယ်။ လယ်မရွာမှာ ပိတ်မိပြီးမပြေးနိုင်တဲ့ အဖိုးအို ၁ ဦးလည်း မီးလောင်ဒဏ်ရာရရှိထားပါတယ်။ အဲ့ဒီအဖိုးအိုကိုလည်း ဆေးဝါးကုသမှုပေးနေပါတယ်။”

မုံရွာမှာ မီးကြိုးဖြတ်တဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေကို PDF က အသိပေးစာထုတ်ပြန်

"စစ်ကောင်စီ ထောက်တိုင်အဖြစ် ဘဏ္ဍာငွေရှာပြီး ပြည်သူတွေအပေါ် မတရားသဖြင့် အနိုင်အထက် ပြုကျင့်နေတဲ့သူတွေကို သတိပေးတာပါ။ ဆက်လုပ်နေရင်တော့ ထုတ်ပြန်စာပါ အကြောင်းအရာအတိုင်း ကျနော်တို့ တုန့်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီဗျ။"

စီပါရွာထဲ စစ်ကြောင်းပြန်ထိုးလာမှာကြောက်လို့ ဒေသခံတချို့  ရွာပြင်မှာ တဲထိုးပြီးနေရ

"တဲအလုံးရေ ၂၅၀ လောက်ရှိတယ်၊ တဲလေးတွေနဲ့ကတော့ စင့်တွေဘာတွေ မထိုးနိုင်ဘူးလေ ဒီအတိုင်းပဲမြေပြင်မှာပဲအိပ်ရတာ မြေပြင်မှာပဲနေပြီးတော့မှ ဘေးက အကာရံလေးတွေနဲ့ပေါ့၊ အပြည့်စုံတော့မကာနိုင်ဘူးပေါ့၊ ရွာထဲ စစဝင်ချင်းမြင်ရတဲ့မြင်ကွင်းက တအားဝမ်းနည်းမိတယ် တအားလည်းသူတို့ကိုဒေါသဖြစ်တယ် ဘယ်တော့မှလဲ သူတို့ကိုအရှုံးပေးမှာမဟုတ်ဘူး"

မကွေးကရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ပြီးလုယက်သွားသူတွေထဲက ၁ ဦးကို ပြည်မြို့မှာဖမ်းမိ ◼ ရွှေဆိုင်ပိုင်ရှင် ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး အသက်ဘေးက လွတ်မြောက်

ရွှေဆိုင်ဓားပြတိုက်ရာမှာပါဝင်သူ ၂ ဦးအနက် ၁ ဦးကို အခင်းဖြစ်ပွားတဲ့ နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီခွဲခန့်မှာ မကွေးမြို့နယ်၊ ယင်းဆိပ်ရွာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး ကျန် ၁ ဦးကိုတော့ ကနဦးဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်တွေအရ နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီခန့်မှာ ပြည်မြို့၊ ရွှေဆံတော်ဘုရားပေါ်မှာ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

အမ်းမြို့တိုက်ပွဲကဆုတ်ခွာလာတဲ့စစ်ကြောင်း လမ်းမှာတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး ၁၄ ဦးဖမ်းဆီးခံရ

"လွန်ခဲ့တဲ့ ၂ ပတ်လောက်က အမ်းကနေ ဆုတ်ခွာထွက်ပြေးလာကြတာပါ။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီးတော့ ဖွဲ့စည်းပုံပျက်သွားတယ်။ လက်နက်ချတဲ့သူချ၊ ထွက်ပြေးတဲ့သူပြေးနဲ့ ၁၄ ဦး လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။"

မုံရွာက ဝါဂွမ်းကြိတ်စက်ရုံမှာ မီးလောင်လို့ ဝါဂွမ်းတွေနဲ့ စက်ရုံအဆောက်အဦတွေပျက်စီး

"ဂွမ်းကြိတ်တဲ့စက် လည်ပတ်နေတုန်းမှာ ကျောက်ခဲညပ်ပြီး မီးပွားထွက်ပြီး မီးကူးသွားတာ။"

ကားတံခါးဖွင့်တာကိုရှောင်တိမ်းရာက ဆိုင်ကယ်မှောက်ပြီး လမ်းပေါ်လွင့်ကျတဲ့သားအမိကို တွဲကားကဝင်တိုက်လို့ မိခင်သေဆုံး

"လမ်းဘေးမှာက ကားလေး(အိမ်စီးကား) ၁ စီးရပ်ထားတယ်။ သူတို့သားမိ၊ သားဖ ၃ ယောက်က ဆိုင်ကယ်နဲ့အလာ ရပ်ထားတဲ့ကားလေးက ကားတံခါးကိုဖွင့်လိုက်တဲ့အချိန် အဲ့ဒီကားတံခါးကို ရှောင်လိုက်တာ။ အဲ့မှာ နောက်ကလာတဲ့ တွဲကားနဲ့တိုက်မိလိုက်တာပါ "

၃ ရက်ဆက်တိုက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါ ၁ ဒါဇင်ကျော် သေဆုံး  ■ သုံ့ပန်း ၁ ဦး၊ သေနတ် ၅ လက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းရမိ

“စကစဘက်က စုစုပေါင်း တိကျတဲ့သတင်းအရတော့ ၂၄ ယောက်သေတယ်ဗျ။ ရရှိတဲ့ အလောင်းက ၈ လောင်း ရတယ်။ ဒီထက် ကျဆုံးတာတွေ ထိခိုက်ပြင်းထန်တွေနဲ့ ပျောက်ဆုံးနေတာတွေလည်း ရှိသေးတယ်လို့သိရပါတယ်။ စကစထဲက အရာရှိအဆင့် စစ်ကြောင်းမှူး ၁ ယောက်လည်း ကျတဲ့ထဲပါတယ်။”

စစ်ကိုင်းမှာ စစ်တပ်က ၂ ရက်ဆက်တိုက် ကားတန်းတွေကိုဗုံးကြဲလို့ ဆီကားနဲ့ ကုန်ကား ၅ စီး မီးလောင်

“ဆီကားက များတယ်၊ ကုန်ကား ၁ စီးပဲပါတယ်။ ကျနော်တို့နဲ့ ဝေးတာတောင် မီးခိုးလုံးကြီးတွေ မြင်နေရတယ်။ (မီးငြိမ်းဖို့)ရေ အဲ့လိုကတော့ မရှိဘူးရယ်၊ ရေနံကားတွေဆိုတော့ ပိုဆိုးတာပေါ့။ မီးက ပိုလောင်တော့တာ။ တန်ဖိုးငွေကတော့ ဆုံးရှုံးမှာပ၊ ကားဖိုးတင် သိန်းထောင်ချီနေတာ။”

စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လမ်းမှားရောက်သွားတဲ့ ခဲယမ်းပစ္စည်းတွေသယ်လာတဲ့ကား ဖမ်းဆီးခံလိုက်ရ

" ကားက ၂ စီး။ ၁ စီးပဲ အဖမ်းခံလိုက်ရတာ။ စကစတွေ တွေ့ချိန် ကားတွေကနောက်ပြန်လှည့်တာ ၁ စီးက ညှပ်ပြီးတော့ ကျန်ခဲ့တာ။ ကျန်ခဲ့တဲ့ ကားပေါ်မှာ ပစ္စည်းတွေကျန်ခဲ့တာ"

အထူးတိုက်ခိုက်ရေးသင်တန်းမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၂၂ ဦးကို ကိုယ်စီလက်နက်တပ်ဆင်ပေး (ရုပ်/သံ)

“ ၂ လခွဲအတွင်းမှာ အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဆင့်ထိ ပြုလုပ်ပေးတယ်။ သင်တန်းသားက အသစ်တွေပါ၊ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲပြီးလာတက်တဲ့ ရဲဘော်တွေလည်းရှိတယ်။”

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ အမျိုးသား ၁ ဦး ကားတိုက်ခံရပြီးသေဆုံး

"လမ်းက လေးလမ်းသွားဆိုတော့ ဒုတိယလမ်းလောက်ကနေ တိုက်ခံရပြီး ပါသွားတာနေမယ်။ တက်ကြိတ်ခံထားရတယ်နဲ့တူတယ်။ ဦးနှောက်ကို အပုံလိုက်ထွက်ကျနေတယ်။ အလောင်းနဲ့ ဦးနှောက်က ၆ ပေလောက်ကွာတယ်။"

ပဲခူးရိုးပေါ်မှာ မိုင်းရှာနေတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးများ

“ ကျနော်တို့ထောင်တဲ့မိုင်းကွင်းမှာ မိုင်းရှာနေတဲ့အချိန်မှာ ဆွဲချလိုက်တာ။ အဲ့နေရာမှာပဲ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးကုန်တာပါ ။ စစ်ကောင်စီဘက်က လက်နက်ကြီး၊ငယ်တွေနဲ့ပစ်လို့ PDF ရဲဘော် ၁ ဦးရဲ့လက်ကိုကျည်ထိမှန်ခဲ့ပေမယ့် မစိုးရိမ်ရဘူး။”

အထူးတိုက်ခိုက်ရေးသင်တန်းမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၂၂ ဦးကို ကိုယ်စီလက်နက်တပ်ဆင်ပေး

“ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် တိုက်ပွဲဝင်ခဲ့တယ်။ ရရှိခဲ့တဲ့ လက်နက်အရေအတွက်ကလည်း များနေပါပြီ။ ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့ကို ထောက်ပံ့ပေးတာမရှိဘူး၊ ပြည်သူလူထုအားနဲ့ပဲ သွားနေရတဲ့ အနေအထားပါ။ ပြည်သူလူထုကလည်း ပါဝင်ထောက်ပံ့ဝန်းရံတယ်။ ကျနော်တို့ကလည်း တော်လှန်ရေးမှာ စွမ်းစွမ်းတမံကြိုးစားခဲ့တယ်။ ရရှိခဲ့တဲ့ လက်နက်တွေနဲ့ပဲ ပြန်လည်တပ်ဆင်ပေးခဲ့တာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10