ငါန်းဇွန်မှာ လေကြောင်းဗုံးကြဲခံရလို့ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကျဆုံးပြီး နေအိမ်တွေနဲ့ဘုန်းကြီးကျောင်း ပျက်စီး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး နေအိမ်တချို့နဲ့ ဘုန်းကြီးကျောင်း ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။