မုံရွာကိုခြင်းခတ်သွားတဲ့ ဆားလင်းကြီးက လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပေါ်တာဆွဲ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာမြို့ပေါ်ကို ခြင်းခတ်သွားတဲ့လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာမြို့ပေါ်ကို ခြင်းခတ်သွားတဲ့လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်မှာကျရောက်ခဲ့တဲ့ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးမဟာမိတ်အင်အားစု Women Alliance Burma - WAB အဖွဲ့က ဦးဆောင်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
“ရဲဒုတပ်ကြပ် ၂ ဦးကို မကျည်းတိုင်း-ဖိုးကိုးလမ်းမပေါ်မှာ လိုက်လံဖမ်းဆီးတာ၊ အဖမ်းမခံဘဲနဲ့ သူတို့မှာပါတဲ့ လက်ပစ်ဗုံးနဲ့ ပြန်လည်ခုခံတာလုပ်လို့ နေရာမှာတင်ပစ်ခတ်ခဲ့တာပါ၊ ၁ ဦးကတော့ ၁ ချက်မှန်ပြီး နောက်၁ ဦးကတော့ ၂ ချက်မှန်တာ၊ နေရာမှာတင် ၁ ဦးကတော့သေတယ်၊ ၁ ဦးကတော့ အသက်ရှင်လျက်ပါလာပြီး သွေးထွက်လွန်သေသွားတာ”
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်မြောင်းရွာမှာ ဒီဇင်ဘာ ၁၂ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံအမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
"မနက်ပိုင်းလည်း သူတို့ရှေ့က မဖြတ်ရဲဘူး။ ညနေအပုပ်ချိန်ဆို ပိုးဆိုးတာပေါ့။ အဲ့ဂိတ်ကဟာတွေက နေ့ညမရွေး ပုလင်းလိုက် ထောင်သောက်တာ။ လက်တားခေါ်ပြီး ပိုက်ဆံဆို သိန်းဂဏန်းအောက်မလျော့ဘူး တောင်းတာ၊ မိန်းမပျိုလေးတွေပါရင် ထားခဲ့ခိုင်းတာတော့။ ဒူးထောက်ပါ တောင်းပန်ရတယ်။ အဲ့ကြောင့် သူတို့ရှေ့က မဖြတ်သွားရဲတော့တာ။"
“ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ပတ်ပြီးကြဲချသွားတာ။ ဗုံးကတော့ ဘယ်အမျိုးအစားတွေသုံးတာတော့ မသိဘူး။ ဗုံး ၂ လုံးရွာထဲကျတဲ့အခါမှာ နေအိမ် ၁၂ လုံးကျော် ပျက်စီးသွားတယ်။”
WAB အဖွဲ့ဝင်အမျိုးသမီးတွေက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း-UDHR ပါ အချက်တွေ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် - CEDAW နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ကျား၊မရေးရာအခြေပြု အကြမ်းဖက်မှု - GBV ဆိုင်ရာ အသိပညာတွေကိုမျှဝေပေးခဲ့တယ်လို့ WAB ရဲ့အဖွဲ့ဝင် ဆရာမ မနွယ်နွယ်မိုးက ပြောပါတယ်။
“မြို့နယ်တွင်းမှာ လောင်းကစားပြုလုပ်မှုတွေကြောင့် စီးပွားရေးပျက်တယ်၊ ဆင်းရဲမွဲတေမှုတွေ ဖြစ်တယ်။ ခိုက်ရန်ဖြစ်ကြတယ်၊ သတ်ဖြတ်လုယက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ အဲ့လိုဆိုးကျိုးတွေ မဖြစ်လာဖို့အတွက် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်။”
"စစ်မှုထမ်းအတွက် ဖမ်းတာပါပဲ။ (ပိုက်ဆံ)ပေးနိုင်တဲ့သူကတော့ ပြန်ထွက်ပေါ့။ မပေးနိုင်တဲ့သူကတော့ တပ်ထဲသွားပေါ့။ ခွဲတမ်း ၅ ဦးပေးရမယ်ဆို ၁၀ ယောက်လောက်၊ ၂၀ ယောက်လောက် ဖမ်းလိုက်တယ်။ ပိုက်ဆံရတဲ့သူကို ပိုက်ဆံယူတယ်။ မရတဲ့သူကို စစ်မှုထမ်းထည့်တာ။"
“ဆား၊ ဆီ၊ ဆန်တို့မရှိတော့ကျတော့ ရွာထဲမှာ လုံးဝမနေချင်ကြတော့တာ။ တချို့ကျလည်း စစ်** ရဲ**တွေက ရွာထဲကထွက်လို့ရှိရင် ပစ်သတ်မယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ခင်ဗျားတို့ကိုတွေ့ရင် ပစ်သတ်မှာဆိုပြီး ခြိမ်းခြောက်ခံထားရလို့ သူတို့တွေမထွက်ရတာ။ အခုတော့ ထွက်ရတာအဆင်ပြေလို့ သူတို့အရဲစွန့်ပြီး ထွက်လာတာ။”
"ဖမ်းသွားတဲ့သူကို သိန်း ၁၀၀ ပေးနိုင်ရင် လွှတ်ပေးတယ်။ မရွေးနိုင်တာတို့ ရွေးချိန်နောက်ကျတာတို့ဆိုရင် စစ်မှုထမ်းတဲ့အထဲ ထည့်တယ်။ အသက် ၁၈ နှစ်မပြည့်ရင်တော့ ပြန်လွှတ်တယ်။"
စိုက်ခင်းအကျယ် ၁ ဧကကျော်မှာ ဧရာပဒေသာစပါးမျိုးကို သြဂုတ်လလယ်ပိုင်းမှာ စတင်ပျိုးထောင်ကာ စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်မှာ စတင်ရိတ်သိမ်းခဲ့ရာ စပါးတင်း ၅၀ ထွက်ရှိခဲ့တယ်လို့ Phoenix Guerilla Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးရဲဘော် မြူ က ပြောပါတယ်။
"အမျိုးသားအလောင်း ၄ လောင်းက အိမ်တွေနဲ့ရောပြီး မီးရှို့သတ်ထားခဲ့တာ။ အလောင်းတွေက ရွာလယ်လောက်မှာ တွေ့ရတာ။ ရုပ်တွေကပျက်နေပြီဆိုတော့ ရွာခံတွေလား စစ်ကြောင်းက ဖမ်းလာသူတွေလားဆိုတာ စိစစ်နေတုန်းပါ။ "
မကွေးတိုင်းထဲက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ စလင်း၊ မြိုင်၊ ပေါက်၊ ရေစကြို စတဲ့မြို့နယ်တွေမှာ ၇၆ နှစ်ပြည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲတွေကျင်းပခဲ့ပြီး မြိုင်မြို့နယ်မှာ ပြုလုပ်တဲ့ပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး ဒေသအခေါ် သန်းဦးချောက်(တော)ထဲမှာရှိတဲ့ လယ်ကွင်းတခုကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ ဗုံးကျဲချခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။