ကဗျာဆရာဦးစိန်ဝင်းအား မီးရှို့သတ်သူကို မုံရွာပလဖ ဖမ်းဆီးထား
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပြင်မှာ ကဗျာဆရာ ဦးစိန်ဝင်းအား မီးရှို့သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပြင်မှာ ကဗျာဆရာ ဦးစိန်ဝင်းအား မီးရှို့သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံဆီက သိရပါတယ်။
"ဒါ ပေါ့ဆမှုတခုပဲပေါ့။ ပေါ့ဆလို့ပေါ့။ ကျနော်တို့ ဒီအယုံထားလို့ပေါ့နော့။ ကိုယ့်လူဆိုပြီးမှလည်း တချို့ဟာတွေကျလည်း အယုံမထားသင့်ဘူးလေ။ ကျနော်တို့ ဒီမြို့သစ်က လက်နက်ချအညံ့ခံတဲ့ ရဲတွေပါမယ်။ သနန်က ပျူစောထီးတွေပါမယ်။"
"မနက် ၄ နာရီလောက်ကတည်းက ရွာနားကိုဝင်ကပ်ထားတာ။ အာရုဏ်တက်ချိန်လောက်မှ ဝင်လုံးပြီး ပြန်လည် သိမ်းယူထားတာ။ ထိတွေ့မှုက အသေးစားတွေရော အကြီးစားတွေရောဖြစ်တယ်။ သူတို့ ပြန်ဆုတ်သွားပြီး ဒရုန်းတွေနဲ့ပြန်ချတာတွေရှိတယ်။"
" မီးရှို့တဲ့အခါမှာ ရွာထဲကလူတွေကို သူတို့က ဓားစားခံအဖြစ် ဖမ်းပြီးခေါ်ထားတာ။ သူတို့ပြန်သွားတဲ့အချိန် လူတွေကို ပြန်လွတ်ပေးလိုက်တယ်။ သူတို့ထဲမှာ တချို့ကလည်း ပစ်သတ်ထားခဲ့လိုက်ဘာညာပြောတယ်။ သတ်ထားပြီး မီးရှို့ခဲ့လိုက် ပြောတယ်။ နောက်တခါဆိုရင်တော့ သတ်ပစ်မှာလို့ပြောသွားတယ်။”
"မနက်အစော ၅ နာရီလောက်ဆိုတော့ အချို့က အိပ်ယာထဲရှိသေးတယ်။ အချို့က အိမ်ရှေ့ငုတ်တုတ်ထိုင်နေချိန် ဖမ်းခံရတာ။ ဖမ်းခံရတဲ့ ၁၁ ယောက်မှာ လမ်းပေါ်မှာဖမ်းခံရသူက ၁ ယောက်ပဲပါတာ။ ကျန်တာက အချို့ကခြင်ထောင်ထဲနဲ့ အိမ်ထဲမှာချည်း ဆွဲ(ဖမ်း)ခံရတာ"
" ကျနော်တို့ဆီက သင်တန်းဆင်းရဲဘော်တွေ လက်တွေ့သင်ခန်းစာဆင်းတဲ့အနေနဲ့ ဝင်တိုက်ခဲ့ကြတာ။ အလောင်းကတော့ ၅ လောင်းတွေ့ခဲ့တယ်။ ၁ ကောင်ကတော့ ဝင်တိုက်တဲ့အချိန်ကတည်းက ထွက်ပြေးသွားတာ။ သူတို့လည်း ခံပစ်တယ်။ ခံပစ်လို့ ၁ နာရီလောက်ကြာသွားတာ။"
စစ်ကိုင်းတိုင်း၊ တပ်မ ၃၃ ကနေ စစ်ကောင်စီယာဉ်တန်း ၁၂ စီးဟာ မုံရွာမြို့ နမခထဲကို သွားမယ်လို့ သတင်းရတာကြောင့် ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီလောက်မှာ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်အနီး အသင့်စောင့်ပြီး ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F တပ်မှူး မိုးညိုက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး နှောညောင်ပင်ရွာက စစ်ကောင်စီခန့် ဥက္ကဌဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာ ၁၂ ရက်ညက ဒေသခံ ၄ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားခဲ့တယ်လို့ နှောညောင်ပင်ရွာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဆိုပါ ထုတ်ပြန်စာမှာ သစ်မခုတ်ရ၊ ဝါးမခုတ်ရ၊ မျှစ်မချိုးရ၊ ထင်းမသယ်ရ စတဲ့အချက်တွေအပြင် အပိုဒ် ၂၂ မှာ ပအဖ၊ ပကဖ၊ PDF စတဲ့ အဖွဲ့ဝင် ရဲဘော်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် နှုတ်နဲ့ဖြစ်ပါစေ ကိုယ်ထိလက်ရောက်ဖြစ်ပါစေ ပုန်ကန်စော်ကားတယ်လို့ ယူဆရရင် ပြင်းထန်စွာ အပြစ်ပေးမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
"အလစ်ဝင်တိုက်တာဆိုတော့ ပွဲကသိပ်မကြာဘူး။ စစ်အုပ်စုဘက်က ၈ ယောက်တော့ အတည်ပြုနိုင်တယ်။ လက်နက်တော့ မကောက်နိုင်ခဲ့ဘူး။ မုံရွာဘက်ကမ်းက လက်နက်ကြီးပစ်ကူလို့ နောက်ဆုတ်ခဲ့ရတယ်။"
“ဘာပိုးမှန်းတော့ မသိဘူး၊ အများစုက အနှံမထွက်ဘဲ အရွက်တွေဝါလာကြတာ။ ၁ ဧကကို ၁၀ တင်းထွက်ဖို့ကို မသေချာဘူး။ တချို့ဆို ၁ ဧက ၅ တင်းလောက်ပဲ ထွက်ကြတာ။ အဲ့တော့ရောင်းစရာ မရှိဘူးလေ။ အိမ်စားဖို့တောင် အနိုင်နိုင်၊ ရောင်းဖို့ကျန်တဲ့လူတွေလည်း ရှိမှာပေါ့။”
မကွေးတိုင်း၊ ပခုက္ကူခရိုင် ကမ္မမြို့အနားက ရေလာလေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရှင်ဖမ်းမိသူတွေရှိပြီး လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၈ စစ်ကြောင်း စစ်ကော်မရှင် အဖွဲ့ဆီက သိရပါတယ်။
“ သေဆုံးတဲ့သူ ၂ ဦးကတော့ အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့အပြင် ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ မောင်ဖိုးအောင်ရဲ့ ဝမ်းကွဲအမ၊ သူ့သားက ပျူစောထီးပါ။ ၁ ဦးကတော့ သူ့အမရဲ့ ယောက္ခမပါ။ မနေ့က နာရေးလုပ်ပါတယ်။“
" ထင်းပေါက်ခိုင်းတာမျိုး၊ အလုပ်ကြမ်းတွေ ပင်ပန်းတဲ့အလုပ်တွေကို ခိုင်းတာမျိုးတွေကိုလည်း နိုင်ငံရေးအကျဉ်းသားရော၊ အခြားရာဇဝတ်အကျဉ်းသားရော ငွေကြေးမပေးနိုင်တဲ့သူကတော့ အကုန်လုပ်ရတယ်ပေါ့နော်။ ပေးနိုင်တဲ့သူတွေကတော့ အခြားရာဇဝတ်အကျဉ်းသားဖြစ်ရင်တောင်မှ အလုပ်မလုပ်ရဘဲနဲ့ အကျဉ်းထောင်ထဲမှာ အေးဆေးသာယာစွာ အနားယူလို့ရတဲ့ နေရာလေးဖြစ်အောင် ထောင်အာဏာပိုင်တွေက ဖန်တီးထားပေးတယ်။"
“ မိုင်း ၂ လုံးနဲ့ဆွဲလိုက်တာ ဆိုင်ကယ် ၃ စီး လန်ထွက်သွားတယ်။ အလောင်း ၂ လောင်းကို မြို့ဘက်ကိုပြန်သယ်သွားတယ်။ မိုင်းဆွဲပြီးတော့ စကစဘက်က လက်နက်ငယ်တွေနဲ့ပြန်ပစ်လို့ ကျနော်တို့ပြန်မပစ်နိုင်ဘဲ နောက်ပြန်ဆုတ်လာတယ်။“