သတင်းတို

လက်ပံတန်းမှာ တိုက်ပွဲပြင်းထန် ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာက ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိကာ လက်နက်မျိုးစုံနဲ့ ကျည်ဆန်တွေ သိမ်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ဒူးယားက ပြောပါတယ်။

ရှိမ်းမကားရဲစခန်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

“ရွာတခြမ်းလောက်ထိ ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်။ စစ်အုပ်စုနဲ့ ၃ ကြိမ် တိုက်ခိုက်မှုဖြစ်ခဲ့တယ်။ သူတို့မြင် သူတို့ပစ်၊ ကိုယ်မြင် ကိုယ်ပစ် ပုံစံမျိုးနဲ့တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ရဲမေတဦးနဲ့ စစ်ကောင်စီတပ်သားတဦးသေတယ်။”

ဆားလင်းကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကျောင်းသူ ၁ ဦးအပါ အမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

" ပစ်တာကတော့ သူတို့စစ်ကြောင်းမထိုးဘဲနဲ့ လက်နက်ကြီးတွေနဲ့ပစ်နေတာပါ။ မုံရွာဘက်ခြမ်းကနေပစ်တာ ညောင်ပင်သာဂိတ်စခန်း၊ မအူဂိတ်စခန်းတို့ကနေ လှမ်းလှမ်းပစ်နေကြတာ။"

ကျောက်ပန်းတောင်းက ပျူစောထီးတဦး အသတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်သူ အသတ်ခံခဲ့ရတယ်လို့ Ah Nyar Myay People's Defense Force-Kyaukpadaung အဖွဲ့ဆီက သိရပါတယ်။

ကင်းပတ်နေတဲ့ ပျူစောထီး အမျိုးသမီးခေါင်းဆောင် သီတာယုမွန်နဲ့ ပူးပေါင်းအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့တောင်ဘက်ရှိ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။

မအူရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက် လက်နက်ခဲယမ်းတွေသိမ်းဆည်း (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲကင်းစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ စခန်းကိုမီးရှို့ဖျက်ဆီးခဲ့နိုင်တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မအူရဲစခန်းကိုသိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ စခန်းကိုမီးရှို့ခဲ့

“ စခန်းကို ဝင်ရှင်းလင်းတဲ့ အချိန်မှာတော့ အလောင်းတွေတော့ မတွေ့ခဲ့ရဘူး။ လက်နက်ခဲယမ်းတွေပဲ သိမ်းဆည်းနိုင်ခဲ့တယ်။”

ဝက်ထီးကန်တိုက်ပွဲမှာသေဆုံးတဲ့ ‌ပေါင်းတည်ရဲစခန်းက ဒုရဲအုပ် ငြိမ်းလင်းအောင်ကို မီးသင်္ဂြိုဟ်

“တမြို့နယ်ကို နှစ်ယောက်ဆိုပြီး (ပေါင်းတည်ကနေ) ဝက်ထီးကန်ကို တွဲဘက်တာဝန်ကျရင်း တိုက်ပွဲမှာ သေတာ”

ပဲခူး-မွန်နယ်စပ်က စစ်ကောင်စီတပ်ရင်း ၂ ခုကို ရှော့တိုက်ဒုံးနဲ့ပစ်လို့ သေဆုံးမှုရှိ

"၆၀ သီးတွေက ကျည်'အ'ကုန်လို့ ထိရောက်မှုမရှိဘူး။ ဒုံးသီးတွေကျတော့ အမြောက်တပ်ဝန်းထဲကို နှစ်လုံးကျတယ်။ သတင်းရတဲ့ အခါမှာတော့ စကစဘက်ကသေဆုံးတာတွေရှိတယ်"

ဖြတ် ၄ ဖြတ်လုပ်ထားတဲ့ ပျူစောထီးရွာတွေဆီ ရိက္ခာပို့သူ ၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ

“ထောက်ပို့တာတော့ မဟုတ်ဘူး။ ပျူရွာတွေမှာ စားနပ်ရိက္ခာခက်ခဲလို့ မှောင်ခိုဈေးကွက်တင်သွင်းတယ် ပြောရမှာပေါ့။ ဘယ်လိုအရေးယူမလဲ စိစစ်နေတုန်းပဲ။ စစ်မေးရင်းနဲ့ ဘယ်သူတွေလည်းပါတယ်ဆိုပြီးပေါ်လာတဲ့အတွက် (ဖမ်းမိတဲ့) လူဦးရေက များလာတယ်။”

PDF သတင်းစုံစမ်းနေတဲ့ စစ်သားတဦးကို အသေဖမ်းမိပြီး သေနတ်နဲ့ကျည်အချို့ကို သိမ်းဆည်း

” လက်ကပ်ကို အရှင်ဖမ်းဖို့သွားတာ။ သူက လက်ပစ်ဗုံးနဲ့ ပစ်တာ သေနတ်နဲ့ပြန်ပစ်တာတွေလုပ်လို့ အသေပစ်သတ်လိုက်ရတာ။“

SRAF တပ်ဖွဲ့ဝင်တွေ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေ (ရုပ်/သံ)

အခုလို စိုက်ပျိုးမွေးမြူရတဲ့ အကြောင်းရင်းက ပြည်သူတွေရဲ့ထောက်ပံ့လှူဒါန်းငွေတွေကို ဖြုန်းတီးမနေဘဲ စစ်အသုံးစရိတ်နဲ့ လက်နက်ခဲယမ်းဝယ်ယူရာမှာ အထောက်အကူဖြစ်နိုင်ဖို့အတွက် လုပ်ကိုင်ရတာလို့ BLDF စစ်ဒေသ ၂၊ ဒုစစ်ရေးတာဝန်ခံ ရဲဘော် နာရွဲ့ဆမ် ကပြောပါတယ်။

အညာမှာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်း တောင်သူတွေ ကောက်စိုက်ရင်းဆန္ဒပြ (ရုပ်/သံ)

ဆန္ဒပြ တောင်သူတွေဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ လုပ်ရပ်တွေကို ကြိုဆိုထောက်ခံကြပြီး မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း သြဂုတ် ၂၃ ရက် မနက်ပိုင်းက ကောက်စိုက်ရင်း ဆန္ဒပြခဲ့တာလို့ ဆန္ဒပြဦးဆောင်သူ တောင်သူတဦးက ပြောပါတယ်။

ပြည်နဲ့အောင်လံအစပ်မှာ တိုက်ပွဲဖြစ်၊ စစ်တပ်က တောနင်းရှာနေလို့ စစ်ရေးတင်းမာနေ

" စကစကား တက်လာတာကို မိုင်းဆွဲပြီး ချောင်းပစ်တာ။ စကစဘက်ကလည်း အင်အားများတော့ သူ့ဘက် ကိုယ့်ဘက် ထိကုန်တာ။ အကျဆုံးတွေလည်း ရှိတယ်။”

ဟင်္သာရွာစခန်းကနေ စွန့်ခွာလာတဲ့ ရဲနဲ့ ပျူစောထီးတွေ မိုင်းဆွဲခံရပြီး ၁၀ ဦး သေဆုံးဟုဆို

“မောက္ကလန်ရွာ သင်္ချိုင်းကုန်းအနားမှာ ကျနော်တို့ရဲဘော်တွေ အသင့်ခင်းထားတဲ့မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ ဒရုန်းနဲ့ ကြည့်တာမှာ ၇ ဦးကတော့ အဲဒီနားမှာတင် ပွဲချင်းပြီး သေသွားတယ်။ ဒဏ်ရာရသူတွေလည်းအများအပြားရှိတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10