သတင်းတို

ငါန်းမြာကြီးရွာကို လေကြောင်းသုံးတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

“အဖိုးကြီး ၁ ယောက်ကတော့ ဒီအတိုင်းပဲ ဒဏ်ရာနဲ့သေသွားတယ်။ အဖွားကြီး။ ၁ ယောက်ကတော့ ဗုံးဒဏ်မခံနိုင်လို့ လေရိုက်ပြီးသေသွားတယ်။ နောက်ထပ်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ပြည်သူတွေက ပြေးချိန်တောင် မရလိုက်ဘူး။”

အမြန်လမ်းမှာ ကုန်တင်ကားချင်းကျော်တက်ရာက တိုက်မိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

" Hino Ranger ယာဥ်ကို Nissan Condor ယာဥ်က ကျော်တက်ရာကနေ ခေါင်းနဲ့ချိတ်ပြီး တိုက်မိသွားတာ။ အရှိန်လည်းပါတာဆိုတော့ ကျော်တက်နဲ့ယာဥ်က ယာဥ်မောင်းသေတယ်။ ယာဥ်နောက်လိုက် ဒဏ်ရာရတယ်"

ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပေါ်တာအဆွဲကြမ်းနေ

“ လူတွေဂုတ်ကို သေနတ်နဲ့ထုပြီး ဖမ်းခေါ်သွားတာ။ လွတ်လာတဲ့သူက ဘယ်သူ့အမျိုးပါလို့ တာဝန်ရှိသူကိုပြောတော့ လွတ်လာတာတဲ့။ သူ့မှာလည်း သေနတ်နဲ့ထုထားတာ ရောင်ရမ်းနေတာပဲ”

ပေါက်မှာ စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံး

" စစ်တပ်က အကြောင်းမဲ့တိုက်ခိုက်တာပါ။ အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းနဲ့ ဗုံးလာချခဲ့တာပါ။ အိမ်ရှင်အမျိုးသား ၁ ဦး ပွဲချင်းပြီးသေသွားတယ်"

ကြို့ပင်ကောက်က နယ်မြေရဲစခန်းတခု တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

“ကျနော်တို့က စခန်းရဲ့ မျက်စောင်းထိုး ကိုက် ၁၅၀ နေရာလောက်ကပစ်တာပါ။ စခန်းထဲမှာလည်း မီးတွေကဖွင့်ထားတာ။ စစ်ယူနီဖောင်းဝတ်တယောက် လဲကျသွားတာကို မြင်လိုက်ရတာ။“

စစ်ကိုင်းတိုင်းမှာ ၇ လအတွင်း အရပ်သား ၅၀၀ ဦးဝန်းကျင်သေဆုံး

စစ်ကိုင်းတိုင်းမှာ အခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အတွင်း အရပ်သားပြည်သူ ၄၉၉ ဦးသေဆုံးခဲ့တယ်လို့ Data for Myanmar က ဩဂုတ် ၂၇ ရက် မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၃ နှစ်ကြာ စစ်ရှောင်နေရသူတွေကို ထိုင်းရောက်မြန်မာတွေက ဆန်ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကာလရှည်စစ်ရှောင်နေရတဲ့ မှန်တောရွာနဲ့ ဆည်တောရွာ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေတဲ့အတွက် ရိက္ခာဆန်တွေကို သြဂုတ် ၂၅ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ Lighthouse စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

ချောင်ဦးနယ်၊ ကံကြီးကုန်းရွာ ပျုစောထီးစခန်းတွေမှာ တိုက်ပွဲပြင်းထန်နေ

“မနက် ၇ နာရီထဲက ဟောင်ဝစ်ဇာတွေနဲ့ ထုနေတာ၊ ဂျက်ဖိုက်တာနဲ့လည်း ပစ်တယ်။ လောလောဆယ်တော့ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ ချောင်းဦးမှာ အင်အားအကြီးဆုံး ပျူရွာက ကံကြီးကုန်းပဲ။”

လက်ပံတန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာနှစ်ရွာကိုမီးရှို့

"စကစ စစ်ကြောင်းက ပြီးခဲ့တဲ့ရက်က အထိနာထားတော့ အခဲမကျေဘဲ ထပ်ဝင်လာရာကနေ တနေကုန် တိုက်ပွဲဖြစ်တာ။ ညနေလောက်မှာ စကစဘက်က အင်အားထပ်တိုးလာလို့ တော်လှန်ရေးအဖွဲ့တွေဘက်က နောက်ဆုတ်ပေးလိုက်ရတာ။"

တောင်ငူမှာ စစ်တောင်းမြစ်ရေပြန်တက်လို့ လူဦးရေ ၄၀၀၀ ကျော် ပြန်လည်ပြောင်းရွှေ့နေရ

"အနိမ့်ပိုင်းတွေဆို လူတရပ်ကျော်တယ် ရေမြုပ်နေတာ။ အချို့နေရာကျတော့ လမ်းပေါ်ရေ ၂ ပေ ကျော်လောက် တက်နေတာရှိတယ်။ ရေဝင်ပြီးနေမရတဲ့သူတွေကတော့ အမြင့်ပိုင်းတွေ ပြောင်းနေရတာတွေရှိတယ်"

ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သား လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်

ဆားလင်ကြီးမြို့မရဲစခန်းက ရဲတပ်သား ဝင်းကိုဟာ သြဂုတ်လ ၂၅ ရက်ညနေ ၃ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့အကူအညီနဲ့ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

ရေစီးနဲ့မျောသွားတဲ့ မောင်ဖြစ်သူကိုလိုက်ဆယ်ရင်း မောင်နှမ နှစ်ဦးစလုံးရေနစ်သေဆုံး

"ရေနစ်တဲ့ကလေးတွေရဲ့နေအိမ်အရှေ့နားလောက်မှာက ရေမြောင်းက လူကြီးခါးလောက်ရှိတယ်။ ဖြစ်တဲ့အချိန် မိုးကလည်းကောင်းနေ၊ တောင်ကျရေကလည်းစီးနေချိန် ကလေးက မြောင်းနား သွားဆော့တာနေမယ် မျောပါသွားတာ။ အမကလည်းလိုက်ဆယ်ရင်း မျောပါသွားတာ"

S.T.A.R တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ အထူးမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်

သင်တန်းသားရဲဘော် ၄၁ ဦးအတွက် ဇွန်လ ၁၆ ရက်ကနေ သြဂုတ်လ ၂၄ ရက်အထိ သင်တန်း ပေးခဲ့ရာ ၁ ဦးက ကျန်းမာရေးမကောင်းတဲ့အတွက် ရဲဘော် ၄၀ ဦးသာသင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနေတာဟာ ပညာတတ်နည်းပါးတာကြောင့်လို့ စစ်ခေါင်းဆောင်ပြော

“မဲမသမာမှုကြောင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်တဲ့နည်းလမ်းနဲ့ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းကို သုံးသပ်ရမည်ဆိုပါက မိမိတို့နိုင်ငံမှာ ပညာတတ်များနည်းပါးခြင်းကြောင့်ဖြစ်တာကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးကိုမကြည့်ဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများဖြင့် နိုင်ငံတော်ရဲ့အနာဂတ်ကို ဖျက်ဆီးနေကြခြင်းပင်ဖြစ်ကြောင်း”

၇ နှစ်အရွယ် တူမဝမ်းကွဲကို အဓမ္မကျင့်တိမ်းရှောင်နေတဲ့ စစ်သားဟောင်းကို PDF က ဖမ်းဆီး

“ဒီကောင်က အဲဒီကိစ္စဖြစ်ပြီး ပြေးလာတာ၊ တပ်ခွဲ ၆ က ရဲဘော်တွေက ဖမ်းပြီးမေးတော့ သူက ဓားထိုးမှုဖြစ်ပြီး ပြေးလာတာလို့ပြောတာ။ ကျနော်တို့ ဇီးကုန်း ပကဖ က စစ်ဆေးမေးမြန်းတော့မှ မုဒိမ်းကျင့်ပြီး ပြေးလာတယ် ဆိုတာသိရတာ” လို့ ဇီးကုန်းမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10