သတင်းတို

ဒီပဲယင်းက စစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာအရေးပေါ်လိုနေ

"စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအဓိက လိုအပ်တယ်ခင်ဗျ။ ကျုပ်တို့အနေနဲ့လည်း စစ်ရှောင်တဌာနကို တနပ်စာ စသဖြင့် မျှကူနေရတယ်"

စေတုတ္တရာနယ်က ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးနေရ

" စစ်ကြောင်းတွေက တရွာဝင်တရွာထွက် သွားနေသလို ရွာအနီးတွေက စိုက်ခင်းတွေဘက်နဲ့ တောစပ်တွေကိုလည်း သွားလာနေတော့ မနေရဲတော့ဘဲ ပြေးကြရတာ။ ခုအချိန်က မိုးတွင်လည်းဖြစ်တော့ စစ်ရှောင်နေကြရတာ တော်တော်ဒုက္ခများကြတယ်။"

မုန်းမှာ စစ်ရှောင်နဲ့ဒေသခံတွေ တုပ်ကွေးနဲ့အရေပြားရောဂါအဖြစ်များနေပြီး ဆေးဝါးမလုံလောက်

" ခုက တုပ်ကွေးနဲ့ ယားနာဖြစ်နေကြတာက လူ ၁၀၀ မှာ ၆၀ လောက်ဖြစ်နေကြတာ။ အဓိက ရေမသန့်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ယားပြီးတော့ ပြည်တည်နာတွေပုံစံ ဖြစ်ကြတာ။ တချိန်လုံး ကုတ်နေရတယ်။ ဖျားတာဆိုရင်လည်း ကိုယ်လက်ကိုက်ခဲပြီး မလှုပ်နိုင်တဲ့အခြေနေထိ ကြုံတွေ့နေကြရတယ်"

ကျောင်းသားလက်ရုံးတပ်တော်ရဲ့ စစ်သင်တန်းဆင်းပွဲ အာရက္ခဒေသထဲမှာ ပြုလုပ် (ရုပ်/သံ)

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်ကောင်စီရဲ့ လက်အောက်မှာ စစ်မှုမထမ်းချင်သူ လူငယ်အများအပြားပါဝင်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၀) ကို SAF ရဲ့ ဗဟိုဌာနချုပ်ရှိရာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပခုက္ကူခရိုင်တပ်ရင်း ၁၅ ကျားသစ်နက်တပ်မတော်က ဝါဆိုသင်္ကန်းကပ်လှူ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အခြေပြုလှုပ်ရှားနေတဲ့ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း ကျားသစ်နက်တပ်မတော်၊ တပ်ခွဲ ၁ က ဩဂုတ် ၁၈ ရက် မနေ့မနက် ၈ နာရီခွဲခန့်မှာ ဝါဆိုသင်္ကန်း ကပ်လှူခဲ့တယ်လို့ သိရပါတယ်။

မှော်ဘီ၊ ရဲတပ်ရင်း ၅ က ရဲတဦး လက်နက်နဲ့အလင်း၀င်

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အ‌ခြေစိုက် ရဲတပ်ရင်း ၅ မှ ရဲတပ်သားတဦး လက်နက်နဲ့အတူ အလင်း၀င်လာတယ်လို့ အဲ့ဒီအဖွဲ့က ဩဂုတ် ၁၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီပဲယင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်ဖို့လုပ်နေ

“ကိုယ့်ဌာနေကိုယ် ပြန်ဆုတ်သွားတဲ့အချိန်မှာမှ သူတို့ လူတွေအများကြီးချပြီးတော့ ပြန်စီးလိုက်တဲ့သဘောပေါ့၊။ မြို့လယ်ကောင်ကနေ နေရာအနှံ့ကို ဖြန့်ချပစ်လိုက်တာ။”

တောင်ရွာဘိုမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး  သေဆုံးမှုများဟုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ အင်အား ၇၀ ကျော်ပါစစ်တပ်စစ်ကြောင်းကို သြဂုတ် ၁၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင်တပ်ရင်း ၅ ဆီက သိရပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဒီပဲယင်းမြို့ကို သိမ်းပိုက်ထားရှိမှု မြင်ကွင်းများ (Photo News)

ဒီပဲယင်းမြို့ကို အောင်မြင်စွာသိမ်းပိုက်ပြီးတဲ့နောက် တိုက်ပွဲဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဓာတ်ပုံမှတ်တမ်း မြင်ကွင်းတချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးတိုင်းကကျေးရွာတချို့မှာ ဆေးဝါးပြတ်လပ်နေ

"အခုချိန်က တုပ်ကွေးတွေ စ,နေပြီဗျ။ နယ်တွေမှာက ပိုက်ဆံတွေပေးပြီး ကာကွယ်ဆေးထိုးလေ့မရှိသလို ထိုးမယ်ဆိုလည်း အဲ့ဒီကာကွယ်ဆေးက ကျနော်တို့ဆီမှာမရှိဘူး။ အခုရောဂါဖြစ်လာပြီဆိုတော့လည်း ကုသဖို့ ဆေးဝါးပါ အနိုင်နိုင်ဖြစ်နေတယ်"

တိုက်ပွဲတွင်း အိမ်စောင့်ကျန်ခဲ့တဲ့အမျိုးသား ပျောက်ဆုံးနေပြီး ၈ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

"သူ့မိန်းမက သူတို့နဲ့အတူရှောင်ပြေးဖို့ ခေါ်သေးတယ်။ သူက အိမ်ကိုချစ်တော့ အိမ်စောင့်နေခဲ့မယ် ပြောတယ်။ ညနေ ၃ နာရီလောက်မှာ သူတို့အိမ်နားမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးကတည်းက ပျောက်သွားတာ။ ဖုန်းပါသွားပေမယ့် စက်ကပိတ်ထားတယ်"

နမခအနီး ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်ရရှိ

“ Confirm ဖြစ်ပါတယ်ဗျ။ လောလောဆယ် ဒီပဲယင်းမြို့ကတော့ အလုံးစုံသိမ်းနိုင်ပြီပေါ့။ ဝေဟင်တော့ တချက်ကြောက်ရတယ်။ စစ်ကောင်စီဘက်က တချို့လည်း ထွက်ပြေးတယ်။ တချို့လည်း လက်နက်ချတယ်။”

ဒီပဲယင်းနဲ့ အင်းတော်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်

“ရေဦးဘက်က စစ်ကြောင်းမှာ ဒုတပ်ကြပ်တဦးကျတယ်လို့ ကြားရတယ်။ ဒီပဲယင်းမှာရှိနေတဲ့ ဗိုလ်တဦး ကျတယ်လို့ ကြားရတယ်။ အခြေအနေတွေက ရုတ်ရုတ်သဲသဲနဲ့ ဝေဟင်ကလည်း ဆက်တိုက်လာနေတာ ဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှု အခြေအနေ ဘာတခုမှမသိရသေးဘူး။”

ပခုက္ကူမြို့အဝင်က စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း (ရုပ်/သံ)

“အဲဒီဂိတ်မှာ အထိုင်ချနေကြတာ မဟုတ်ဘူး။ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေက ကားတွေနဲ့လာပြီး စစ်ဆေးရေးလုပ်တာ။ လူအင်အား ၁၀ ဦးခန့်ပါတယ်။ ခရီးသွားကားတွေကို ပိုက်ဆံလာတောင်းကြတာ။ ပစ်ခတ်ခဲ့တာကြောင့် မျက်မြင်ရှေ့တင် ဒဏ်ရာ ၃ ဦးရပြီး ထွက်ပြေးသွားတယ်။”

မုန်းမှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှူကြောင့် ၅ လအတွင်း ပြည်သူ ၁၉ ဦးသေပြီး၊ ၅၄ ဦးဒဏ်ရာရ

"အဓိက လက်နက်ကြီးကြောင့် ပြည်သူတွေထိခိုက်သေဆုံး များရတာ။ လေယာဥ်ကြောင့် ထိခိုက်တာ နည်းတယ်။ တိုက်ပွဲလည်းမရှိဘူး။ လက်နက်ကြီးကတော့ နေ့တိုင်း ၁၀ လုံးနဲ့အထက်ကို ပစ်ခတ်နေတော့တာ။ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10