ဆူးရနံ့

"မ.အ.လ အမြီးကို မီးမရှို့ကြကြေး"

"ရှက်ရမ်းရမ်းဖို့တော့ မဖြစ်နိုင်ဘူး။ ဒီအကောင်က ရှက်​ကြိုးနဲ့ချက်ကြိုး မှားအဖြတ်ခံထားရတဲ့ အကောင်ဗျ။ ဒီတော့ ဖြစ်နိူင်ချေများတာကတော့ ကြောက်ကန်ကန်ဖို့နဲ့ ကြောက်ချီးပန်းဖို့ များတယ် ဆရာရီးရဲ့" ဤသည်ကား မ.အ.လအုပ်စု လတ်တလော ပြုမူလာနေခြင်းအပေါ် မိတ်ဆွေကြီး ကိုဘုန်း၏ ခတ်တည်တည် မှတ်ချက်ပြုမှုပါ အဆွေ။ ကိုဘုန်း၏ မှတ်ချက်အရဆိုလျှင်ဖြင့် ကြောက်ကန် အကန်မခံရအောင် မ.အ.လ ၏ ခြေထောက်များ ရိုက်ချိုးကြိုးတုပ် တခုခုလုပ်ဖို့ လိုသလို၊ ကြောက်ချီး အပန်းမခံရစေရန်အတွက် တခုခုဖြင့် ထိုးဆို့ ပိတ်ပင်ထားရန် အမှန်တကယ် လိုအပ်မည်ဟု အတွေးဝင်မိချေ၏။

ဘုရားထက်ကြီးတဲ့ ဆဖားဂူကြီး

"ဟုတ်တယ်ဆရာကြီး။ အခု ပယောဂပူးတာလား၊ ဆေးမိတာလားမသိရတဲ့ဘုန်းကြီးကိစ္စကအတော်ဆိုးနေပြီဗျို့။ သူကအခု ဂေါတမဗုဒ္ဓကိုတောင်လုပ်ကြံနေပြီ။ လုပ်ကြံတယ်ဆိုတာ လန်ကြုတ်ဇာတ်လမ်းတွေပြောပြီး ဘုရားကိုသိက္ခာချနေတာကိုပြောတာဗျ"

လပြည့်က ငပုပ်ကိုဂွမ်းတော့မလို့ဗျို့၊ အခုတော့ငပုပ်က လကိုဖမ်းသွားတယ် #သရော်စာ

"ကြားပြီးပါပကောဗျာ။ ကျုပ်ဖြင့် အဲဒီသံလမ်းပြေးယာဥ်သမား ဖိုးလပြည့်ကိုစိတ်ဆိုးချက်ဗျာ။ တခါတည်းအပြီး ဆော်လိုက်ရမှာ။ အခုကျတော့ စည်းမရှိကမ်းမရှိ ကားမောင်းလာပြီး သူ့အစီအစဥ်အတိုင်း အလုပ်လုပ်နေတဲ့ ရထားဝန်ထမ်းကို ဖမ်းလားစီးလား လုပ်ပြန်သတဲ့။ အမှန်က ဒါဟာဝတ္တရားနှောက်ယှက်မှုဗျ။ မအလကြီးကို ဖမ်းရမယ့်ကိစ္စ။ ဖိုးလပြည့်က ငပုပ်ကို အပြုတ်မဆော်တော့၊ ထုံးစံအတိုင်း လကို ငပုပ်က ဖမ်းပြန်တာပေါ့ဗျာ"

"ယွစိ( သို့မဟုတ်) မအလ၏ ပွစိပွစိအော်လံ" (သရော်စာ)

"စာရေးသူကြီး စဥ်းစားကြည့်လေဗျာ၊ ဒီယွစိပြောသမျှထဲမှာ မအလကြီးကို အပြစ်ပြောတာ တလုံးမှမပါတဲ့အပြင် မအလတို့ လေသံနဲ့တထပ်တည်း NLD ကို ပုတ်ခတ်တာ၊ NUG ကိုကန့်လန့်ပြောတာ PDF ကို ကြောက်တာတွေက မိတ္တူဆွဲထားသလား မှတ်ရတာလေဗျာ။ ကျုပ်အထင်တော့ မအလကြီးက ယွစိပါးစပ်ခဏငှါးပြီး သူ့အလုံးကြီးထည့်ပေးလိုက်ပုံပါပဲ"

ရှင်စခဘောမတို့ဖွတဲ့ကိန်းဆိုက်ပြီ

"ရန်ကုန်ကလူတွေဘက်လှမ်းလက်တော့ဖြင့်မေးရဦးမယ် ကိုဘုန်းရဲ့။ အဲဒီဘက်မယ် ရှင်အဇ္ဇဂေါဏများပြန်ကြွလာသလားဘာလားဆိုသဟာကိုလေ။ လက်လုပ်လက်စားတွေ ရွှေတကျပ်သား ၂၅ သိန်းကို အလုအယက်ဝယ်နေကြလို့ ရွှေလုပ်ငန်းရှင်အသင်းက မရိုးမသားတွေပါမှာစိုးပြီး မိတ္တူတွေတောင်းရ၊ ဝယ်ယူခွင့်အလေးချိန် ကန့်သတ်ရဆိုတာကိုး"

ဟိုင်း ဖိုးသကြား သံညှပ်ကြီးရောက်ပါပြီဗျား

"စာရေးသူကြီးရေ။ဒီ မအလ တို့အာဏာကြောင်အဆက်ဆက်က ဗြောင်လိမ်တဲ့နေရာမတော့ အာဂတွေချည်းပဲနော။ အခု လက်ယက်ကုန်းရွာက မူလတန်းကျောင်းဖြစ်စဥ်ကိုလည်း ဗြောင်လိမ်နေတာပဲ။ ခုအချိန် သကြားမင်းလူ့ပြည်ဆင်းပြီး အမှုစစ်ရင်တောင်၊ ဒီကောင်တွေဗြောင်လိမ်တဲ့အထဲ မြောသွားမလားမဆိုနိူင်ဘူးရယ်ဗျ။"

" အချဥ်ပေါင်းရမယ်..အချဥ်ပေါင်း"

ကမ္ဘာ့သတင်းစာမျက်နှာမှာ အဆွေတော်ကြည့်ကြည့် အချဥ်ကိုအချဥ်နဲ့ပေါင်းနေတဲ့အချဥ်ပေါင်းသတင်းတွေ ဖုန်ထောင်းထောင်းထလို့ပါဗျာ။

" ကုန်စျေးနှုန်းကို ဘယ်သူ ကြိမ်နဲ့ဆော်တာလဲ"

"ဒါက ဒီလိုရှိပါတယ် အရှင်မင်းကြီး။ဘုရား ကျွန်တော်မျိုးကြီး မနေ့က အမိန့်တော်ပြန်ရင်း အမိန့်မနာခံမည်စိုး၍ ကြိမ်ဒါဏ်ပါပေးခဲ့ပါသေးသည် ဘုရား။ယခုအခါ ကြိမ်ဒါဏ်ကြောင့် မြစ်ဖူးယောင်ခြင်းသာ ဖြစ်ပါတယ်ဘုရား။မြစ်ရေတက်ခြင်းမဟုတ်မူ၍၊နောက်တနေ့ဆိုလျှင် မြစ်အယောင်ကျသွားပါလိမ့်မယ် ဘုရား"

"မမဟေဇာ ၃၈ ဖြာမင်္ဂလာရလို့လား"

မိတ်ဆွေကြီးအိမ်ရှေ့ရောက်တော့ ကျုပ်စိတ်ထဲ"ထိတ်ကနဲ"ဖြစ်ရလေတယ်။ ဘုရားရေ..ကျုပ်မိတ်ဆွေကြီးအိမ်သည်ကား ပိန်းပိတ်တိတ်ဆိတ်နေပါဘိ။ ရှိသမျှတံခါးအားလုံးပိတ်လျှက်ပါတကား။

"မောင်လေး တမာရွက်စားပေးရတယ်"

မှတ်မိကြသေးတယ်မို့လား။ ကိုဗစ်ဆိုတာကြီးကျုပ်တို့ အာစီယံကြီးထဲရောက်လာကာစက အသံမက်ဆေ့တခုအကြောင်းလေ။ "မောင်လေး တမာရွက်စားပေးရတယ်"ဆိုတာကြီးလေ။ ကပ်ရောဂါကြီးကို ဆေးမြီးတိုနဲ့ ဖြေရှင်းခိုင်းတဲ့မက်ဆေ့လေ။ တမာပင်တွေအတော်မျက်ခုံးလှုပ်ခဲ့ရတာ။

ရှင်ဇိုအာဘေးအစား ဂင်တိုဂွသေးသာ သေလိုက်ပါတော့

ကိုတင်အောင်ညွှန်းလိုက်တဲ့ဟာကြီးက နံရံပေါ်မှာခန့်ခန့်ကြီးရပ်လို့။ ကျုပ်ကိုခေါ်မလာဘဲ ပါးစပ်ကပြောရင်မယုံမှာစိုးတယ်ထင်ပါရဲ့။ အေးပေါ့လေ ကျုပ်လည်း ကျုပ်မျက်စိနဲ့တပ်အပ်မမြင်ရင် ယုံချင်မှယုံမှာပါ။ဘုံအိမ်သာနံရံပေါ်က စာသားအစုအဝေးကြီးက ကျိန်စာလား၊ ဆဲစာလားမသိ။ ဒါပေမယ့်အသစ်။

ညောင်စေ့အလှူညောင်ပင်အကုသိုလ်နဲ့ ရုရှားသွားငရဲသား

စကစ ကြီးတို့အလှူက ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးထက်မကလိုချင်တာများလား။ နိုင်င်ငံတကာစာမျက်နှာမှာ နိုင်င်ငံရေးတွေတည်ငြိမ်၊ စီးပွါးရေးတွေတည်ငြိမ် နေသယောင်ဆောင်နေတာများဖြစ်မလား။ အများအမြင်မှာ ဘာသာရေးသမားကြီးတွေ မေတ္တာရှင်ကြီးတွေလို့ထင်စေမြင်စေပေါ့ ဂလိုလား။ ဟန်ကိုယ့်ဖို့ဆိုတဲ့စကားက မဟန်ရင်တော့သူများဖို့ ဖြစ်တတ်သဗျ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10