ခင်ဦးနယ်က ရွာ ၂ရွာကို စစ်တပ်ကမီးရှို့၊ ကျေးရွာကာကွယ်ရင်း PDF ၂ ဦးသေဆုံး
"စစ်ကြောင်းက ရွာကိုမီးရှို့ဖို့ဝင်လာတဲ့ အချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက ရွာသူ၊ ရွာသားတွေကို အပြင်ကိုထုတ်နေတာ။ အဲဒီမှာ ထိတွေ့တိုက်ပွဲဖြစ်တော့ မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်မှာ စကစဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာမှာ ရဲဘော် ၂ ယောက်ကျသွားတာ။ တယောက်ရဲ့အလောင်းကတော့ ရလို့သင်္ဂြိုလ်လိုက်ပြီ။ နောက်တလောင်းကတော့ ရှာမတွေ့ သေးဘူး"