ရေဦးမှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရ
"လေယာဉ်နဲ့တကြိမ်ဗုံးကြဲခံထားရတော့ ဒီနေ့လည်း ဗုံးလာကြဲမှာကိုကြောက်လို့ ရွာကို တယောက်မှမသွားရဲကြတာပါ။ ကျမသားလေးက အဲ့ကျောင်းမှာ စာသင်နေတာ။ CDM ကျောင်းဖြစ်လို့ ဗုံလာကြဲတာလို့ ထင်ပါတယ်။ ကျမသားအပါအဝင် ကလေးတွေကတော့ ကံကောင်းလို့ မထိခိုက်ခဲ့ဘူး။ ကျမတို့ကတော့ ရွာကို ဘယ်နေ့ပြန်ဝင်ကြရမလဲဆိုတာကို မသိရသေးဘူး။ အခုက တခြားရွာတွေမှာရှောင်နေရတော့ အခက်အခဲအများကြီး ရှိကြတာပေါ့နော်"