"ဒီ ၁၈ စီးကို နေ့လည် ၁ နာရီကျော်မှာ တိုက်တာ။ ၁၈ စီးထဲက ၂ နေရာပေါင်း ကား ၂ စီး ထိခိုက်ပြီး လုံးဝပျက်စီးသွားတယ်။ ပျက်စီးခဲ့တဲ့ ကား ၂ စီးက ပထမဆုံးကားနဲ့ တတိယကားပါ။ စကစတွေ သေဆုံး၊ ဒဏ်ရာရသွားတာကိုတော့ စုံစမ်းနေဆဲပါ။ ကျနော်တို့ ရဲဘော်တွေက ခြုံခိုတိုက်ခိုက်တာဆိုတော့ လုံးဝအထိအခိုက် မရှိခဲ့ဘူး"
"ဒုတိအကြိမ်မှာတော့ ၃ စီး ပျက်တယ်။ ဖြစ်စဥ် ၂ ခုပေါင်းဆိုတော့ စကစ ကား ၅ စီး ပျက်စီးတယ်။ စကစတွေ သေဆုံး၊ ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ မြင်းမူ ဆေးရုံကို စစ်ကား ၃ စီးနဲ့ လူနာတွေ လာပို့သွားတယ်လို့ သိထားရတယ်။ ဦးရေ ဘယ်လောက်ဆိုတာ မသိရဘူး"