Aung Soe

စစ်ကိုင်းမှာ စစ်ကားတစီး မိုင်းဆွဲခံရလို့  ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းမြို့ပေါ်ကနေ နုံးတွင်းခြေတော်ရာ အမြောက်တပ်ထဲကို မောင်းနှင်လာတဲ့ စစ်ကောင်စီကားတစီး ဖေဖော်ဝါရီလ ၂ ရက်ည ၆ နာရီလောက်မှာ မိုင်းဆွဲခံရတာကြောင့် ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် နယ်ထိန်းနဲ့ ရဲတဦးကို UG တွေ ရှင်းလင်းနိုင်ခဲ့

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာပြီးနောက် ဖေဖော်ဝါရီလ ၃ ရက် ဒီမနက် ၉ နာရီမှာ နယ်ထိန်းခေါင်းဆောင်တဦးနဲ့ ရဲတပ်သားတဦးတို့ကို ဒေသကာကွယ်ရေးတပ်တွေက ရှင်းလင်းနိုင်ခဲ့ပြီး သူတို့ကိုင်ဆောင်ထားတဲ့ G3 လက်နက် ၂ လက်ကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အရာတော်မှာ စစ်ကောင်စီစခန်းတခု တိုက်ခိုက်ခံရလို့  ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရဟုဆို

"စကစတွေက ကျနော်တို့ကို ၆၀ မမ၊ ၄၀ မမတွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူး။ မြေပြင်ကင်းထောက်တွေ သတင်းပေးချက်အရ စကစ ၂ ကောင်က ဆေးရုံမှာ သေတယ်။ နောက်ထပ် ၂ ကောင်က ဆေးကုသနေရတယ်လို့ အတည်ပြုနိုင်ခဲ့တယ်" လို့ ဆိုပါတယ်။

ရွာမီးရှို့နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF ၁ ဦးကျဆုံး

"ရဲဘော်က အပြန်အလှန်ပစ်ခတ်နေတဲ့အချိန်မှာ ဒဏ်ရာရသွားတယ်။ အဖွဲ့တွေ နောက်ဆုတ်တော့ သူကနောက်မဆုတ်ပဲ ခံပစ်နေတဲ့အခါ သူ့ကို ဖမ်းမိသွားတာ။ ပြီးတော့ အသတ်ခံလိုက်ရတာ။ အဘိုးအိုကတော့ ထွက်မပြေးနိုင်လို့ နေအိမ်မှာ ကျန်ခဲ့တာ။ သူလည်း အသတ်ခံလိုက်ရတယ်" လို့ဆိုပါတယ်။

ပုသိမ်ကြီးနယ်က စစ်ကောင်စီသတင်းပေးတဦး ရှင်းလင်းခံရ

"ဖြူစင်သန့်က ရွေးကောက်ပွဲအတွက် မဲစာရင်း၊ သန်းခေါင်းစာရင်းတွေ လိုက်လံကောက်ပေးနေသူ တယောက်ပါ။ ပြီးတော့ ရဲဘော်တွေကိုလည်း ချိန်းဆိုပြီး သူနဲ့သွားတွေ့တဲ့ ရဲဘော်တွေဖမ်းဆီးခံရတာတွေ ရှိပါတယ်။ သူရဲ့ မိသားစုနဲ့ သူက စကစ ဒေါက်တိုင်ဖြစ်တယ်"လို့ဆိုပါတယ်။

အသံတိတ်သပိတ်နေ့မှာ ဓာတ်ပုံရိုက်သူ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

"သူက Silent Strike ပုံတွေကို မှတ်တမ်းရိုက်နေတဲ့အချိန်မှာ မြို့ကိုပတ်ပြီး ကင်းလှည့်နေတဲ့ ရဲနဲ့စကစတွေက ဖမ်းသွားတာ။ သူနေတဲ့ အောင်ချမ်းသာရပ်ကွက်က မန္တလေး-မြစ်ကြီးနား လမ်းမပေါ်မှာ ရှိတာဗျ"

ကျေးရွာတွေကို မီးဝင်ရှို့နေတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၆ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို မီးဝင်ရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီမှာ တိုက်ခိုက်ခံရတာကြောင့် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ ၂ နှစ်ပြည့်မှာ PDF အင်အား ၂၀၀ ကျော် ဆန္ဒပြ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကိုင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁ ရက်ဒီမနက်၇ နာရီလောက်မှာ တော်လှန်ရေးကာလ ၂ နှစ်ပြည့်သွားပေမယ့် ရဲဘော်တွေအနေနဲ့ ဘယ်တော့မှသွေးမအေးကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီကား တိုက်ခိုက်ခံရ

စစ်ကိုင်းအခြေစိုက် တမခ ၃၃ မှ အင်အား ၂၀ လိုက်ပါလာတဲ့ကားဟာ မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကန်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဆီကို အင်အားဖြည့်သွားချိန် ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာကြားကိုအရောက်မှာ လေးလုံးတွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ People's knight Defen se Force Myinmu (PKDF - MMU)မှ ဗိုလ်အေးချမ်းက ပြောပါတယ်။

စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းကို သတ်မှတ်ထားချိန်အတိုင်း သွားလာကြဖို့ PDF တွေ တောင်းဆို

အဲဒီကားလမ်းကို ဒေသခံပြည်သူတွေအနေနဲ့ ည ၉ နာရီကနေ မနက် ၅ နာရီအချိန်အထိ လုံးဝမသွားကြဖို့၊ အရေးပေါ်ကိစ္စနဲ့ သွားရမယ်ဆိုပါကလည်း ကားအတွင်းမီး၊ အပြင်မီးတွေ ဖွင့်ပြီးမှသာ သွားလာပေးပါရန် မေတ္တာရပ်ခံအပ်တယ်လို့ People's knight Defen se Force Myinmu (PKDF-MMU)မှ ဗိုလ်အေးချမ်းက ပြောပါတယ်။ "စကစတွေရဲ့ကားတွေကို ကျနော်တို့က မိုင်းဆွဲတိုက်ခိုက်နေလို့ စကစတွေက အရပ်သားကားတွေကို အသုံးပြုသွားလာတာတွေ ရှိတယ်။ ဒီအချိန်မှာ ကျနော်တို့က ကားတွေကို ခွဲခြားဖို့ ခက်ခဲ့လာတယ်။ ဒါကြောင့် အခုလို စည်းကမ်းချက်ထုတ်ရတာဖြစ်ပါတယ်" လို့ဆိုပါတယ်။

PDF စခန်းတခု မီးရှို့ခံလိုက်ရလို့ သိန်း ၈၀ခန့်ဆုံးရှုံး

စစ်ကြောင်းဟာ စခန်းကို မီးရှို့ဖျက်စီးခဲ့ပြီးနောက် ဇန်နဝါရီ၂၅၊၂၆ရက်နေ့တို့မှာ မြရိပ်ကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် အိမ်ခြေ (၇၅)လုံးဆုံးရှူံးခဲ့ရပါသေးတယ်။

အိမ်ထောင်စုစာရင်းကောက်ပြီးပြန်လာတဲ့ စစ်အုပ်စုယာဥ်တန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

"မိုင်းဆွဲလိုက်တဲ့အချိန်မှာ ဆိုင်ကယ် ၃ စီးကိုထိသွားတယ်။ ဆိုင်ကယ် ၁ စီးမှာက ၂ ယောက်စီလိုက်စီးကြတာ။ အဲဒီထဲကမှ ကားပေါ်အရောက်မှာ ၃ ယောက်သေတယ်ဗျ။ နောက် ၁ ယောက်ကတော့ တော်တော်လည်းပြင်းထန်ဒဏ်ရာရသွားတယ်ဗျ" လို့ဆိုပါတယ်။

ကျေးရွာကို မီးရှို့ဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၄ ဦးသေ

အင်အား ၈၀ ဝန်းကျင်နဲ့ စည်လှောင်ချောင်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက မြရိပ်ကျေးရွာကို မီးရှို့ဖို့ဝင်လာချိန် မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာလို့ စစ်ကျွန်မခံမြွေဆိုးတသိုက် - PDFမှ တပ်ရင်းမှူး ဗိုလ်ပေါကြီးက ပြောပါတယ်။

စစ်ကောင်စီရန်ကင်းဖို့  PDF တွေစောင့်ရှောက်မှုနဲ့ သီးနှံရိတ်သိမ်းနေရတဲ့ ဒေသခံတွေ

"ရွာကပြည်သူတွေက အကုန်လုံးထွက်ပြေးတိမ်းရှောင်နေကြတာ။ သူတို့ရွာအနီးအနား တောင်မကပ်ရဲကြဘူး။ အဲဒါကြောင့် ကျနော်တို့အဖွဲ့နဲ့နောက်တဖွဲ့တို့က လုံခြုံရေးယူပေးခဲ့တာ။ အခုချိန်ထိတော့ ရွာအနီးပတ်ဝန်းကျင်တွေမှာ စကစတွေက ကင်းပုန်းဝပ်တာတွေရှိနေသေးတယ်" လို့ဆိုပါတယ်။

ခြုံခိုတိုက်ခိုက်ခံရမှာစိုးလို့ ခြုံတွေမီးရှို့တဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးသေဟုဆို

"စကစအများစုက ဒီပဲယင်းမြို့နယ် ညောင်လှကျွေးရွာဘက်က အထိနာနေတဲ့ကောင်တွေကို သွားကြိုနေတဲ့အချိန် စခန်းမှာကျန်ခဲ့တာတွေကို ကျနော်တို့က တိုက်ခိုက်ခဲ့တာပါ။ စကစ ဘက်ကလည်း လက်နက်ငယ်နဲ့ခဏပဲရမ်းပစ်ခဲ့တယ်။ အတွင်းသတင်းအရ ငါးယောက်သေတာကို အတည်ပြုနိုင်ခဲ့တယ်။ သေတဲ့ငါးယောက်က စျေးတန်းကကောင်တွေဗျ။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်" လို့ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10