Aung Soe

စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကောလင်းမြို့ခံ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလ ၈ ရက်ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ညီအစ်မ ၂ ဦး မြေပဲသိမ်းနေချိန် တိုက်မိုင်းထိလို့ တဦး ခြေထောက်ဖြတ်ရ

"မိုင်းကို အကြီးဖြစ်သူက နင်းမိတာ။ အတူတူ သီးနှံကောက်နေကြတာဆိုတော့ နှစ်ယောက်လုံးကို ထိသွားတာ။ မိုင်းကတော့ စကစတွေ ထောင်ထားတဲ့ မိုင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ လယ်ပြင်က ကန့်ဒေါင့်ရဲစခန်းနဲ့ ၂ ဖာလုံလောက်ပဲ ဝေးတယ်" လို့ ဆိုပါတယ်။

သရက်ခြံဆေးဖြန်းနေတဲ့အမျိုးသား ၃ ဦးကို စစ်ကောင်စီနဲ့ပျူတွေကပစ်ခတ်လို့ ၁ ဦးသေဆုံး

"ပျူနဲ့စကစတွေက ဆယ်ကိုးဦးလောက်ရှိတယ်။ ဘာမှမလုပ်ဘဲနဲ့ အကြောင်းမဲ့လာပစ်တာ။ ၃ ယောက် မှာ ၂ယောက်ထွက်ပြေးလွတ်လာတယ်။ ဦးဝင်းအောင်ကတော့ ခြေထောက်ကျည်မှန်သွားလို့ ကျန်ခဲ့တယ်။ အဲဒါကိုကျနော်တို့ PDF ရဲဘော်တွေ သွားရောက်ရှာဖွေခဲ့ပါတယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီကို လာဘ်ထိုးပြီး မူးယစ်ဆေးရောင်းသူများလာ

မူးယစ်ဆေးဝါးရောင်းချနေတဲ့ နေရာတခုဖြစ်တဲ့ မန္တလေးမြို့၊ သမန်းကုန်းရပ်ကွက်၊ ၅၁×၁၂၄ လမ်းမှာရှိတဲ့ ခြံဝန်းကြီးတခုမှာ လူငယ်တွေအများဆုံး မူးယစ်ဆေးသုံးနေကြတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကလေးက ရွှေဆိုင်တဆိုင်မှာ သေနတ်ကိုင်ဆောင်ထားသူတဦးက ရွှေပစ္စည်းအချို့ လုပြေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှာရှိတဲ့ ကလျာဏရွှေပန်းထိမ်ဆိုင်က ရွှေပစ္စည်းအချို့ကို သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတဦးက ဖေဖော်ဝါရီလ ၈ ရက် ဒီမနက် ၁၁ နာရီလောက်မှာ လုယူထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီက တရွာဝင် တရွာထွက် စစ်ဆေးလာနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို တရွာဝင်၊ တရွာထွက် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ဂိတ်အသစ်ချဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ်ကြီး ၁ ဦးပါ ၆ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်မှာ စစ်ဆေးရေးဂိတ်အသစ်ချဖို့ လာကြတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီလ ၆ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံရတာကြောင့် သုံးပွင့်ဗိုလ်ကြီး တဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရလို့ ဗိုလ်တဦးအပါ ၂၂ ဦးသေဆုံး

"နမခထဲကို ရှော့တိုက်ဒုံး ၄ လုံး ပစ်သွင်းတာမှာ ၃ လုံး ကွဲတယ်။ ၁ လုံးကတော့ မကွဲလိုက်ဘူး။ ဂိုဒေါင်တွေ၊ ဂိတ်တွေပျက်စီးသွားတယ်။ ၉ နာရီမှာ ပစ်ခတ်တဲ့အခါကျတော့ စကစတွေ တန်းစီနေကြတဲ့အချိန်မှာဖြစ်လို့ တော်တော်များများ ကျဆုံးသွားတာ။ ၃ နာရီမှာ တိုက်တာကျတော့ အဆောက်အဦတွေ ပျက်စီးတာများတယ်။ အထိအခိုက်တော့ နည်းတယ်ပေါ့" လို့ ဆိုပါတယ်။

ကလေးမြို့ပေါ်က စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရဟုဆို

ကလေးမြို့၊ စစ်ကောင်စီလက်အောက်ခံ ခရိုင်ဆည်မြောင်းရုံးအနီးမှာ အထိုင်ချတပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၁ နာရီမှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလုပ်သွားတဲ့အမျိုးသားတဦးကို စစ်ကောင်စီကပစ်ခတ်

"မနက်မှာ စကစအင်အားက ခန့်မှန်း ၆၀ ခန့်နဲ့ ပြင်ဦးလွင်ရပ်ကွက်ကို စစ်ဆေးနေတဲ့အချိန် ကင်းပုန်းဝက်ထားတဲ့အဖွဲ့နဲ့ တိုးတာ။ သူက စကစတွေနဲ့တွေ့လို့ နေအိမ်ဘက်ကိုပြန်လှည့်သွားတဲ့အခါ ပစ်ခတ်လိုက်တာ။ ကျည်ဆံကတော့ ပေါင်ကိုထိပြီး ဖောက်ထွက်သွားတာတော့ သေချာပါတယ်"လို့ အထက်ပါတာဝန်ရှိသူက အတည်ပြုပြောပါတယ်။

ကလေးဆည်မြောင်းရုံး မိုင်းခွဲခံရပြီး ဘက်ဟိုးတစီးပါ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်နယ်မြေ၊ ၆ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခရိုင်ဆည်မြောင်းရုံး ဖေဖော်ဝါရီလ ၃ ရက်မနေ့ည ၇ နာရီလောက်မှာ မိုင်းခွဲခံရပြီး ရုံးရှေ့မှာရပ်ထားတဲ့ ဘက်ဟိုးတစီးပါ မီးရှို့ခံလိုက်ရတယ်လို့ သိရပါတယ်။

မြင်းခြံမှာ စစ်ကားတစီး တိုက်ခိုက်ခံရလို့  ၂ ဦးသေဆုံး

"ကားထဲမှာက အရပ်ဝတ်နဲ့စကစ ၆ ကောင်ပါတယ်။ အဲဒီကားကို နဘူးအိုင်-မြင်းခြံလမ်းပိုင်းတနေရာမှာ စောင့်ကြိုမိုင်းဆွဲခဲ့တာ။ သေဆုံး၊ ဒဏ်ရာရတာကိုတော့ ဖရဲသီးပြောလာလို့ အတည်ပြုနိုင်ခဲ့တာ"

စစ်ကိုင်းမှာ စစ်ကားတစီး မိုင်းဆွဲခံရလို့  ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းမြို့ပေါ်ကနေ နုံးတွင်းခြေတော်ရာ အမြောက်တပ်ထဲကို မောင်းနှင်လာတဲ့ စစ်ကောင်စီကားတစီး ဖေဖော်ဝါရီလ ၂ ရက်ည ၆ နာရီလောက်မှာ မိုင်းဆွဲခံရတာကြောင့် ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် နယ်ထိန်းနဲ့ ရဲတဦးကို UG တွေ ရှင်းလင်းနိုင်ခဲ့

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာပြီးနောက် ဖေဖော်ဝါရီလ ၃ ရက် ဒီမနက် ၉ နာရီမှာ နယ်ထိန်းခေါင်းဆောင်တဦးနဲ့ ရဲတပ်သားတဦးတို့ကို ဒေသကာကွယ်ရေးတပ်တွေက ရှင်းလင်းနိုင်ခဲ့ပြီး သူတို့ကိုင်ဆောင်ထားတဲ့ G3 လက်နက် ၂ လက်ကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အရာတော်မှာ စစ်ကောင်စီစခန်းတခု တိုက်ခိုက်ခံရလို့  ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရဟုဆို

"စကစတွေက ကျနော်တို့ကို ၆၀ မမ၊ ၄၀ မမတွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူး။ မြေပြင်ကင်းထောက်တွေ သတင်းပေးချက်အရ စကစ ၂ ကောင်က ဆေးရုံမှာ သေတယ်။ နောက်ထပ် ၂ ကောင်က ဆေးကုသနေရတယ်လို့ အတည်ပြုနိုင်ခဲ့တယ်" လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10