Aung Soe

လဝကရုံးထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

"စကစ ၃ ကောင်က ကျနော်မျက်စိရှေ့မှာတင် သေဆုံးခဲ့တာ။ နောက်ထပ် ၂ ကောင်ကတော့ ရုံးထဲကို ပြေးဝင်သွားတယ်။ ဒီကောင်တွေရုံးထဲကအထွက်မှာဘဲ တိုက်ခိုက်လိုက်တာ။ သူတို့ဖက်က ပြန်မပစ်နိုင်ခဲ့ဘူး။ ပြီးတော့ စကစတွေက ရုံးထဲမှာတပ်စွဲနေတာကြာပြီ"လို့ ဆိုပါတယ်။

ဒလန်အိမ်မှာ တပ်စွဲထားတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးဟုဆို

"ကျနော်တို့တိုက်ခိုက်တဲ့အချိန်မှာ စကစတွေရဲ့ ဘန်ကာထဲကို ကျသွားတာ။ အဲဒီအချိန်မှာဘဲ နေရာမှာတင် ၂ကောင်ပွဲချင်းပြီးသေတာ။ ၁ ကောင်ကတော့ ဆေးရုံကိုပို့လိုက်တယ်။ အခုလို သေဆုံး၊ဒဏ်ရာရတာကို ဒရုန်းကင်မရာကနေမြင်ခဲ့ပြီး အတည်ပြုနိုင်ခဲ့တာ"လို့ ဆိုပါတယ်။

စစ်ကောင်စီ လေ့ကျင့်ရေးတပ် တိုက်ခိုက်ခံရလို့ ၉ ဦးဒဏ်ရာပြင်းထန်

"စကစ ကိုးယောက်လုံးက ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေတယ်လို့ အတွင်းဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာပါ။ ကျနော်တို့ဘက်က ဒဏ်ရာရသွားတာက တပ်ကိုပထမအကြိမ် ပစ်တဲ့အချိန်မှာ ပြောင်းကွဲထွက်သွားလို့ ရသွားတာ။ ဒဏ်ရာကမစိုးရိမ်ရဘူး။ ကျနော်တို့ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကလည်း တပ်တွင်းထဲကို ကျရောက်ခဲ့တယ်"လို့ ဆိုပါတယ်။

ပကဖခေါင်းဆောင်မင်္ဂလာဆောင် လက်နက်ကြီးနဲ့ထုခံရလို့ ၇ နှစ်အရွယ်ကလေးတဦး မျက်စိတဖက်ပျက်စီး

"အိအိချွန်ကို ဆုမွန်ကမင်္ဂလာဆောင်ပွဲကနေ ဆိုင်ကယ်နဲ့ နေအိမ်ကိုလိုက်ပို့တဲ့အချိန်မှာ လက်နက်ကြီးစတွေစင်ပြီးတော့ သူတို့နှစ်ယောက်ကိုထိသွားတာ။ ကလေးမမှာတော့ မျက်စိတဖက်လုံးဝပျက်စီးသွားတယ်။ အခုကဆေးကုသမှုခံယူထားလို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး။ လက်နက်ကြီးကပွဲကိုမကျဘဲ နေအိမ်ကိုကျသွားတာ" လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ တိရစ္ဆာန်​မွေးမြူရေးနဲ့လေ့ကျင့်ရေးတပ်က အင်အားဖြည့်တင်းပြီး ကျေးရွာတွေကိုမီးဝင်ရှို့နေ

"ဒီစကစတွေက မနေ့ကPDFတိုက်ခိုက်တဲ့အခါ လွတ်မြောက်သွားတဲ့ကောင်တွေပါ။ မနေ့က ဘုန်းကြီးကျောင်းမှာ ညအိပ်စားသောက်ပြီးတော့ မိုးလင်းတာနဲ့မီးရှို့တာ။ အခုတရွာပြီး၊တရွာ ရှို့နေပါတယ်" လို့ဆိုပါတယ်။

ဥသျှစ်ပင်မြို့မှာ အရက်အတူ သောက်ရာက လူသတ်မှုဖြစ်လို့ လင်မယားနှစ်ဦး သေဆုံး

"ခမည်းခမက်တွေ အရက်သောက်စကားများပြီး ဖြစ်ကြတာ ကောင်လေးရဲ့အဖေနဲ့အမေကို ကောင်မလေးအဖေက အရိုးအသွား ၂ ပေလောက်ရှိတဲ့ ဓါးမနဲ့ ခုတ်တာပါ။ ခုတ်တဲ့သူက ထွက်ပြေးရင်း​ ချောက်ထဲလိမ့်ကျလို့ ခြေထောက်ကျိုးသွားတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။

ပခုက္ကူမှာ တိုက်ပွဲဖြစ်နေလို့ ကျေးရွာ ၁၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီရဲ့ တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးအမှတ် (၁) တပ်ကို ဖေဖော်ဝါရီလ ၁၁ ရက် ဒီမနက် ၇ နာရီမှာ ပခုက္ကူအခြေစိုက် မဟာမိတ်တပ်ပေါင်းစု ဒေသကာကွယ်ရေးတပ်(MCKC PDF)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် အနီးကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ကလေးမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၂ ရက်အတွင်း ၉ ဦးသေဆုံးခဲ့တယ်လို့ဆို

"ကျနော်တို့ကပစ်ကတည်းက အနီးကပ်ပစ်တာလေ။ သေဆုံးတာကို မြင်ရတာပေါ့။ ကိုက်သုံးဆယ်လောက်ပဲဝေးတာကို။ ၉ ယောက်သေဆုံးတာကို ကျနော်တို့မျက်စီနဲ့မြင်ပြီးအတည်ပြုခဲ့တာပါ" လို့ ဆိုပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကောလင်းမြို့ခံ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလ ၈ ရက်ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ညီအစ်မ ၂ ဦး မြေပဲသိမ်းနေချိန် တိုက်မိုင်းထိလို့ တဦး ခြေထောက်ဖြတ်ရ

"မိုင်းကို အကြီးဖြစ်သူက နင်းမိတာ။ အတူတူ သီးနှံကောက်နေကြတာဆိုတော့ နှစ်ယောက်လုံးကို ထိသွားတာ။ မိုင်းကတော့ စကစတွေ ထောင်ထားတဲ့ မိုင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ လယ်ပြင်က ကန့်ဒေါင့်ရဲစခန်းနဲ့ ၂ ဖာလုံလောက်ပဲ ဝေးတယ်" လို့ ဆိုပါတယ်။

သရက်ခြံဆေးဖြန်းနေတဲ့အမျိုးသား ၃ ဦးကို စစ်ကောင်စီနဲ့ပျူတွေကပစ်ခတ်လို့ ၁ ဦးသေဆုံး

"ပျူနဲ့စကစတွေက ဆယ်ကိုးဦးလောက်ရှိတယ်။ ဘာမှမလုပ်ဘဲနဲ့ အကြောင်းမဲ့လာပစ်တာ။ ၃ ယောက် မှာ ၂ယောက်ထွက်ပြေးလွတ်လာတယ်။ ဦးဝင်းအောင်ကတော့ ခြေထောက်ကျည်မှန်သွားလို့ ကျန်ခဲ့တယ်။ အဲဒါကိုကျနော်တို့ PDF ရဲဘော်တွေ သွားရောက်ရှာဖွေခဲ့ပါတယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီကို လာဘ်ထိုးပြီး မူးယစ်ဆေးရောင်းသူများလာ

မူးယစ်ဆေးဝါးရောင်းချနေတဲ့ နေရာတခုဖြစ်တဲ့ မန္တလေးမြို့၊ သမန်းကုန်းရပ်ကွက်၊ ၅၁×၁၂၄ လမ်းမှာရှိတဲ့ ခြံဝန်းကြီးတခုမှာ လူငယ်တွေအများဆုံး မူးယစ်ဆေးသုံးနေကြတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကလေးက ရွှေဆိုင်တဆိုင်မှာ သေနတ်ကိုင်ဆောင်ထားသူတဦးက ရွှေပစ္စည်းအချို့ လုပြေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှာရှိတဲ့ ကလျာဏရွှေပန်းထိမ်ဆိုင်က ရွှေပစ္စည်းအချို့ကို သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတဦးက ဖေဖော်ဝါရီလ ၈ ရက် ဒီမနက် ၁၁ နာရီလောက်မှာ လုယူထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီက တရွာဝင် တရွာထွက် စစ်ဆေးလာနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို တရွာဝင်၊ တရွာထွက် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ဂိတ်အသစ်ချဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ်ကြီး ၁ ဦးပါ ၆ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်မှာ စစ်ဆေးရေးဂိတ်အသစ်ချဖို့ လာကြတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီလ ၆ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံရတာကြောင့် သုံးပွင့်ဗိုလ်ကြီး တဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10