လောင်းကစားဝိုင်းမှာ ကစားနေတဲ့ ရဲတပ်ကြပ်တဦး ဓားထိုးခံရ
"ရဲတပ်ကြပ်က ဒီဂျင်ဝိုင်းမှာ အမြဲတမ်းလာရောက် ကစားတယ်ဗျ။ အဲနေ့က ကစားနေရင်း စကားအချေအတင် ပြောကြရာကနေ ဓားနဲ့ထိုးခံရတာ။ ဒဏ်ရာကတော့ ဝမ်းမှာ တချက်ရသွားတယ်။ ပြည်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရတယ်"
"ရဲတပ်ကြပ်က ဒီဂျင်ဝိုင်းမှာ အမြဲတမ်းလာရောက် ကစားတယ်ဗျ။ အဲနေ့က ကစားနေရင်း စကားအချေအတင် ပြောကြရာကနေ ဓားနဲ့ထိုးခံရတာ။ ဒဏ်ရာကတော့ ဝမ်းမှာ တချက်ရသွားတယ်။ ပြည်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရတယ်"
"ဒီ ၁၈ စီးကို နေ့လည် ၁ နာရီကျော်မှာ တိုက်တာ။ ၁၈ စီးထဲက ၂ နေရာပေါင်း ကား ၂ စီး ထိခိုက်ပြီး လုံးဝပျက်စီးသွားတယ်။ ပျက်စီးခဲ့တဲ့ ကား ၂ စီးက ပထမဆုံးကားနဲ့ တတိယကားပါ။ စကစတွေ သေဆုံး၊ ဒဏ်ရာရသွားတာကိုတော့ စုံစမ်းနေဆဲပါ။ ကျနော်တို့ ရဲဘော်တွေက ခြုံခိုတိုက်ခိုက်တာဆိုတော့ လုံးဝအထိအခိုက် မရှိခဲ့ဘူး" "ဒုတိအကြိမ်မှာတော့ ၃ စီး ပျက်တယ်။ ဖြစ်စဥ် ၂ ခုပေါင်းဆိုတော့ စကစ ကား ၅ စီး ပျက်စီးတယ်။ စကစတွေ သေဆုံး၊ ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ မြင်းမူ ဆေးရုံကို စစ်ကား ၃ စီးနဲ့ လူနာတွေ လာပို့သွားတယ်လို့ သိထားရတယ်။ ဦးရေ ဘယ်လောက်ဆိုတာ မသိရဘူး"
မကွေးတိုင်း၊ ထီးလင်းမြို့နဲ့ ပေါက်မြို့နယ် ကြားမှာရှိတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ-၂၄)ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားထဲမှ ၃ ဦးကို ပစ်ခတ်ရှင်းလင်းပြီး လက်နက်တွေကိုပါ ရယူနိုင်ခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။
"သံတွေကိုတော့ မိုင်းတဲတာဝါတိုင်ကနေ ရရှိပါတယ်ဗျ။ တရက်ကို အလုံးရေ ၅၀ ထုတ်လုပ်နိုင်ပါတယ်ဗျ။ ဘယ်လောက်ထုတ်ပြီးပြီဆိုတာတော့ လုံခြုံရေးအတွက် သည်းခံပေးပါဗျ။ ကျည်တစ်လုံး အပြီးအစီးဆိုရင် ၈ သိန်းလောက် ကုန်ပါတယ်။ အလှူငွေကလည်း မတရားနည်းနေပါတယ်။ ပြင်ပကနေ ချေးထားတဲ့ငွေက သိန်းတရာလောက်တော့ ရှိပြီဗျ" လို့ ဆိုပါတယ်။
"သွားတာက ၃ ယောက် စက်ရုံမှူးကားနဲ့ ပခုက္ကူကို လစာထုတ်သွားတာ၊ BPI တပ်ရှေ့တည့်တည့်မှာစစ်ဆေးတာ မသင်္ကာစရာတွေ့လို့ဆိုပြီး ဟံဇော်လင်းကို ခေါ်ထားလိုက်တယ်။ ကျန်နှစ်ယောက်နဲ့ကားကိုလွှတ်ပေးလိုက်တယ်။ ဟံဇော်လင်းပြန်လွတ်လာတော့စကားကမပြောနိုင်ဘူး။ ပါးစပ်ကလည်း သွေးရဲရဲ သံရဲရဲထွက်လာတယ်" လို့ EPC ဝန်ထမ်းမိသားစုနဲ့နီးစပ်သူဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ အမျိုးသားတဦးမှာ ရက်ပေါင်း ၄၈ ရက်ကြာ ပျောက်ဆုံးနေပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက် မနက်အချိန်မှာ ဦးခေါင်းပြတ်ပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
"သဖန်းချောက်ရွာက အိမ်ခြေ ၆၀ကျော်လောက်ရှိမယ်ဗျ။ အမျိုးသမီးတဦးက လမ်းကြောင်းမှာ သဖန်းချောက်ကျေးရွာကို မဝင်ခင် စစ်ကြောင်းနဲ့တိုးတယ်ဗျ။ သူ့ကို နွား ကျောင်းသား၂ယောက်နဲ့အတူ ဖမ်းပြီးတော့ ဝတ်ဆင်ထားတဲ့ရွှေထည်ပစ္စည်းတွေကိုယူသွားတယ်။ စစ်ကြောင်းက သူတို့၃ယောက်ကိုလွှတ်ပြီး ထွက်သွားတာ"
"နွားကျောင်းသား၂ ယောက်က ရွာကနေ ယောချောင်းထဲကိုနွားကျောင်းထွက်လာချိန် စကစ စစ်ကြောင်းက သူတို့ဘက်ထိုးချိန် ထိပ်တိုက်တွေ့လို့ဖမ်းခံရတာ။ စခတွေလိုက်ဖမ်းတာ မြင်လိုက်ရတယ်။ ဇီးဖြူကုန်းနဲ့ သဖန်းချောက်က တောင်ကုန်းလေး၂ခုပဲခြားတယ်” လို့ ပြောပါတယ်။
"ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာက ပေ ၁၅၀ အကွာလောက်ပဲရှိတယ်။ ကျနော်တို့က နေရာ ကောင်းကောင်းယူပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာဘဲ စကစ ၃ ကောင်သေတာကို မျက်မြင်တွေ့ခဲ့တယ်။ ၁၅ ကောင်ထက်မနည်းဒဏ်ရာရသေးတယ်လို့တော့ ကင်းထောက်က ပြောတယ်။ ဒါကိုတော့ အတည်မပြုနိုင်သေးဘူး"လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတခုနဲ့ PDF တို့ ဖေဖော်ဝါရီ ၂၃ ရက်မနက် ၁၀ နာရီမှာ ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလ ၂၀ ရက်နေ့လည်ပိုင်းမှာ မီးရှို့သွားခဲ့တာကြောင့် လူနေအိမ်၂၄၀ ကျော် ပြာကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အဲနေ့ကတိုက်ပွဲဖြစ်တာမရှိခဲ့ဘူး။ လက်နက်ကြီး ၃လုံးပစ်တာမှာ တလုံးကျသွားတာရွာထဲကို။ စကစတွေနဲ့ပျူတွေက နေ့တိုင်းလိုလို လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်တယ်။ အခုလိုပစ်ခတ် နေတာကတော့ သူတို့စခန်းကို PDF တွေ မတိုက်ခိုက်လာအောင် လုပ်နေတာလို့သိရတယ်" လို့ ဆိုပါတယ်။
"ကျနော်တို့ စခန်းထဲက ဘန်ကာတွေကို ဖြိုဖျက်ဖို့ လုပ်နေတဲ့အချိန်မှာ လေယာဥ်တစီးရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်။ စကစနှစ်ယောက် သေတာကိုတော့ မျက်မြင်တွေ့ခဲ့ရတာ။ ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်။ လေယာဥ်သာ မရောက်လာခဲ့ရင် စခန်းကိုသိမ်းပိုက်နိုင်တယ်"လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ စစ်ကောင်စီရဲ့ ရိက္ခာကုန်းတပ်က ဖေဖော်ဝါရီလ ၂၁ ရက်မနက် ၁၀ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၇၈ နှစ်အရွယ် အဘွားတဦးအပါ ၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
"ဖမ်းမိခံရတဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေများတယ်။ စုစုပေါင်းကတော့ ၅၀ ကျော်ရှိပါတယ်။ သူတို့အကုန်လုံးကို ငရုတ်ခင်းထဲကပဲ ဖမ်းမိသွားတာ။ အခုသူတို့ကို ငွေသောင် ဘုန်းကြီးကျောင်းထဲကို ခေါ်သွားပြီးစစ်ဆေးနေကြတယ်။ အခုအချိန်ထိတော့ တယောက်မှ လွတ်မလာသေးဘူး"လို့ ဆိုပါတယ်။