Aung Soe

စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့တဲ့အပြင် လူငယ်၃ဦးကိုပါ သတ်သွား

"စကစတွေက ကောက်ရိုးနဲ့ ဓာတ်ဆီနဲ့လောင်းပြီးတော့ ရှို့တာ။ မနက်ကတည်းကနေ ညလုံး ပေါက်ရှို့တာ။ စကစတွေက ရွာထဲမှာညအိပ်ပြီးတော့ မနက်အချိန်မှထွက်သွားတယ်။လူငယ် သုံးယောက်ကိုလည်း မီးရှို့ထားတဲ့အလောင်းပဲ တွေ့ရတယ်။ဒီလူငယ်တွေက ဘယ်လိုအသတ်ခံလိုက်ရတယ်ဆိုတာတော့ မသိရဘူး"

စစ်ကောင်စီတပ်သားတွေက လက်ယက်ကုန်းရွာအပါ ရွာတွေကို နှစ်ခါပြန်မီးရှို့နေ

"လက်ယက်ကုန်းကို မီးရှို့ခဲ့တဲ့ကောင်တွေက မူးခတွင်းရွာကို ဆက်ဝင်ပြီး ၂ နေရာခွဲ မီးရှို့နေဆဲပဲဗျ။ မွန်းလွဲ ၁ နာရီခွဲလောက်အထိ လက်ယက်ကုန်းရော မူးခတွင်းရော ညောင်လှရွာရော ရှို့နေဆဲပါ။ ဒီပဲယင်းနယ်အရှေ့ခြမ်းကို စစ်ကြောင်းဝင်တိုင်း ညောင်လှရွာက ရွာကြီးဆိုတော့ အမြဲဝင်တယ်။ မီးမရှို့ခံရရင် မွှေနှောက်ဖျက်ဆီးတာခံရတယ်" လို့ ရဲဘော် ထူးခန့်ဇော်က ဆိုပါတယ်။

ခင်ဦးမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရလို့ ၅ ဦးသေဆုံး

"အတွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ မိုင်းဆွဲခံရလို့ ၈ ယောက် ထိမှန်သွားတယ်။ အဲဒီကောင်တွေကို ရေဦးဆေးရုံကို ပို့တယ်။ ဆေးရုံရောက်တော့ ၅ ယောက် သေတယ်။ ၃ ကောင်ကတော့ မသေသေးပဲ အရေးပေါ်ဖြစ်နေတယ်"

ပျူခေါင်းဆောင်တဦး ရှင်းလင်းခံရပြီးနောက် လူငယ် ၃ ဦးဖမ်းဆီး အသတ်ခံရ

"ဒီကလေး ၃ ယောက်က PDF အဖွဲ့ဝင်တွေဗျ။ ဘယ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဆိုတာကိုတော့ မသိရဘူး။ စကစက ဒီကောင်လေးတွေကို သတ်ပြီးတော့ ရွာကအုပ်ချုပ်ရေးမှူးကို အလောင်းလာယူဖို့ ဖုန်းဆက်ပြောလာတယ်ဗျ။ မတ္တရာမြို့ထဲကို ဖမ်းခေါ်သွားပြီးတော့ သတ်လိုက်တာ"

အရာတော်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရလို့ ၃ ဦးဒဏ်ရာရ

အင်အား ၁၅ ဦးခန့်ရှိတဲ့ အရာတော်မြို့အနောက်ဘက် ကားလမ်းမပေါ်က စက်မှုလယ်ယာစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးအဖွဲ့တွေက ဒရုန်း ၁ စီးနဲ့ ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Danger Force LPDFမှ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန်က ပြောပါတယ်။

စစ်ရှောင်များ အရေးပေါ်ကူးရန် တည်ဆောက်ထားတဲ့ မူးတံတားကို စစ်ကောင်က မီးရှို့ဖျက်ဆီး

"မီးရှို့ခံရတဲ့ တံတားအဖျားက ၄ ခန်းလောက် ပါသွားတာဗျ။ ဒီတံတားက စစ်ဘေးရှောင်တွေအတွက် ပြေးရင် အဆင်ပြေအောင်လုပ်ထားတဲ့ မူးကူးတံတားပါဗျ။ တံတားလုပ်ပြီးတာက နှစ်လလောက်ပဲ ရှိသေးတယ်"

စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

"စကစတယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားလို့ ပေါက်ဆေးရုံကို ပို့လိုက်ရတယ်။ ဒီသေဆုံးတာနဲ့ ဒဏ်ရာရတာကို ကျနော်တို့ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းက သိရတာ"

ကျောက်ဆည်က ဒလန်ဆိုသူ ရှင်းလင်းခံရ

ဦးထွန်းဦးမှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကိုသတင်းပေးလုပ်ပြီး ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးနေသူဖြစ်သလို လက်ရှိမှာလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် အစည်းအဝေးတက်တာ၊ သန်းခေါင်စာရင်းကောက်တာတွေကို ဦးစီးလုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ရွာမှာတပ်မစွဲရလို့ ပြည်သူ ၁ ဦးကိုသတ်ပြီး နေအိမ်တွေကိုမီးရှို့သွား

"သူတို့သတ်သွားတာက ခြေတွေလက်တွေအရင်ဖြတ်ပြီးမှ မီးရှို့သတ်တယ်လို့ ယူဆရပါတယ်ဗျ။ ဘုန်းကြီးကျောင်းကို ဆွမ်းဂျိုင့်ပို့သွားတဲ့လူပါ သူကဆိုင်ကယ်နဲ့ပါဗျ။ သူ့ဆိုင်ကယ်နေရာကနေ မီးရှို့တဲ့နေရာကို ဝါယာကြိုးနဲ့ချည်ပီးဆွဲသွား‌ပါတယ် ‌သွေးတွေက အတန်းလိုက်ကြီးဗျ ပြီးမှ ဘုန်းကြီးကျောင်းကိုရော မီးရှို့ပစ်ခဲ့တာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10