Aung Soe

ခင်ဦး NLDအမတ်ရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ကို စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်

"မအိနန္ဒာအောင်နဲ့ ဒေါ်ခင်သန်းနုတို့ကို တယောက်ကို အလုပ်ကြမ်းနဲ့ ၃ နှစ်စီ ချမှတ်လိုက်တာ။ စစ်ခုံရုံးက ၅၀၅-က(ဂ)နဲ့ ပေါ့"

စစ်အုပ်စုက ထွက်လမ်းကိုပိတ်ထားလို့ ပခုက္ကူမှာ ဒေသခံ ၈ ထောင်ကျော် ပိတ်မိနေ

"စကစတွေက နေ့တိုင်းတရွာဝင် တရွာထွက် မွှေနှောက်နေတာ။ ဒီနေ့မှာလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတယ်။ ကမ္ဘာပျက်နေသလိုပါပဲ။ ကျနော်တို့မှာ ပုဂံ၊ညောင်ဦးဘက်ကိုလည်း ထွက်ပြေးလို့မရတော့ဘူး။ စကစတွေဝင်လာရင် တခြားတရွာထွက်ပြေး၊ အဲ့ရွာကိုဝင်လာရင် နောက်တရွာကိုထွက်ပြေးနဲ့ စက်ဝိုင်းထဲ ပြေးနေရသလိုပါပဲ။ စားနေရတာကလည်း အခုရှိတာလေးတွေ ကုန်တော့မယ်"

ပခုက္ကူမှာ စစ်ဘေးရှောင်တွေရဲ့ဆိုင်ကယ်အစီး၂၀ ကျော်ကို စစ်အုပ်စုက ယူသွား

"စကစတွေက ချမ်းသာကြီးရွာထဲကို ဝင်လာပြီးတော့ နေအိမ်တွေကို မွှေနှောက်တယ်။ လိုချင်တဲ့ ပစ္စည်းတွေကို ယူတယ်။ စစ်ရှောင်တွေက ဆိုင်ကယ်နဲ့ထွက်ပြေးနေကြရတာ။ အဲ့ဆိုင်ကယ်တွေကို ထားခဲ့ပြီးတော့ ချမ်းသာကြီးက ထွက်ပြေးရတယ်။ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကို စကစတွေ ခိုးယူသွားတယ်။ ရွာကိုမနက်ခင်းလုံး မွှေနေခဲ့တာ"

ထမင်းစားဖို့မရှိလို့ ဝါးခုတ်သွားတဲ့ အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး ခြေတဖက်ပြတ်

"သူတို့ နှစ်ယောက်မှာ သိန်းစိုးက မိုင်းကိုနင်းမိတာ။ အဲ့ဒါကြောင့် မောင်ကြီးမှာ အစတွေပဲ မှန်သွားတာ။ အခုတော့ သူတို့ကို မကွေးဆေးရုံကို ကားနဲ့ယူသွားကြတယ်။ သိန်းစိုးခြေထောက်ကတော့ ဖြတ်ရမယ့်အခြေအနေ ရှိပါတယ်။ ဘယ်ခြေထောက်ရဲ့ ခြေကျင်းဝတ်အောက်ကနေ အသားတွေက ပွန်းထွက်သွားတာ"

ကြံ့ခိုင်ရေးပါတီအမာခံရွာက ရွာသားတဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်

"ည ၉နာရီကျော်မှာပဲ မိုင်းဆွဲခံရတာဗျ။ စကစတွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး။ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ အောင်ကောက်က အဲဒီအချိန်မှာ ကျွဲရှာနေတာ။ အဲဒီမှာတွေ့လို့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာ။ ဒီကားတွေကတော့ မြို့ထဲက ရိက္ခာကုန်းတပ်ထဲကို ဝင်သွားကြပြီ"

ကိုယ့်ရွာကိုယ်ပြန်ဝင်လာတဲ့ အမျိုးသား ၂ ဦးကို စစ်အုပ်စုဖမ်းဆီး

"ကျနော်တို့ ၃ ယောက်ကရွာထဲမှာ ပြန်နေလို့ရ၊မရဆိုတာကို ကြည့်ဖို့လာတာ။ အဲဒီအချိန်မှာ စကစတွေရွာထဲရောက်နေတာမသိဘူး။ ညိုဝင်းနဲ့အောင်အေးက ကျနော့်ရှေ့က ရွာထဲကိုဝင်တာ။ စကစတွေက ပုန်းနေရာကထွက်လို့ဖမ်းတာ။ သူတို့ဖမ်းတာမြင်တော့ ကျနော်ကထွက်ပြေးလာခဲ့တာ"

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ EPC ဝန်ထမ်းမိသားစုလိုက် ဒဏ်ရာပြင်းထန်ရရှိ

"ချမ်းကိုက ဘယ်ဘက်တင်ပါးနဲ့ ညာဘက်တံတောင်ကွေးထိတာ လမ်းလျှောက်လို့မရဘူး။ ဝင်းမင်းစိုးကလည်း တော်တော်ဆိုးတယ်ဒဏ်ရာက။ အခုတော့ ညောင်ဦးဆေးရုံမှာ ကုသနေကြတယ်။ ၃ယောက်တော့ ခွဲစိပ်ရမယ်။ အမျိုးသမီးကတော့ သက်သာနေပြီ"

ခင်ဦးက PDF ရဲဘော် ၂ ဦး ရက်ရက်စက်စက် အသတ်ခံရ

"ရဲဘော်တွေက စကစရဲ့ရှေ့ပြေးကင်းပုန်းနဲ့ မိသွားတာ။ တယောက်ကို ဦးခေါင်းဖြတ်ပြီးတော့ နွယ်ကြိုးနဲ့သစ်ပင်ပေါ်မှာချိတ်ဆွဲထားခဲ့တယ်။ နောက်တယောက်ကိုတော့ နဖူးတည့်တည့်ပစ်ပြီးတော့ မျက်နှာတွေကိုရိုက်ချိုးသွားတယ်"

စစ်အုပ်စုက ဖမ်းဆီးသွားတဲ့အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့်ခံထားရတဲ့ပုံစံနဲ့ သေဆုံးလျက် ပြန်တွေ့

"သူမရဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ တွေ့တယ်။ မုဒိမ်းကျင့်ပြီး သတ်သွားတဲ့အနေအထားမျိုးပဲ။ အလောင်းကိုစတွေ့တော့ အဝတ်တွေလည်း မပါဘူး။ အလောင်းကို ခြုံပုတ်ထဲမှာ ထားခဲ့တာ။ စစ်ကြောင်းသွားတဲ့ တလျှောက်လုံးခေါ်သွားပြီးတော့ သတ်ပြီးထားခဲ့တာ"

ပြည်ကြီးတံခွန်ဆရာတော် စစ်ကြောရေးထဲရောက်နေပြီး ရွာသား ၄ ဦး ပျောက်ဆုံးနေဆဲ

"ဆရာတော်ကို လူလွတ်လဲပြီးတော့ ဖမ်းသွားတာ။ ဒီနေ့အချိန်ထိတော့ အသက်ရှင်ပြီး စစ်ကြောရေးခံနေရတယ်လို့ သတင်းအတိအကျ ရထားတယ်။ ဒေသခံ ၄ ယောက်ကိုတော့ ဘာမှသတင်းမရဘူး။ သေပြီလား ဆိုတာလည်း မသိရသေးဘူး"

ရွာတွေကို လက်နက်ကြီးနဲ့ပစ်နေလို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရပြီး လယ်ကွင်းပြင်တွေထဲ တဲထိုးနေရ

"ညအချိန်ရောက်ရင် ဒီကောင်တွေက နေ့တိုင်းလိုလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ဘာကြောင့်ပစ်လဲတော့ မသိဘူးပေါ့။ ကျည်တွေက နေအိမ်တွေ၊ဘုန်းကြီးကျောင်းတွေကို လာထိတာတွေရှိတယ်။ အဲဒါကြောင့် ထွက်ပြေးလာခဲ့တာပေါ့။ ဒီကောင်တွေက ယာယီတပ်စွဲတာလား။ အမြဲတမ်း တပ်စွဲ အထိုင်ချမှာလားတော့ မသိရသေးဘူး။ စောင့်ကြည့်ရအုံးမှာ"

ကျောင်းထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက စိတ်ဝေဒနာသည်တဦးကို ရိုက်နှက်

"နေ့လည် တနာရီအချိန်လောက်မှာ သူကကျွန်းချောင်းစျေး အနောက်ဖက်က လမ်းဘေးကဇရပ်ပေါ်မှာ အိပ်နေတာ။ အဲဒီအချိန်မှာ စကစတွေက သူ့ကိုနိုးပြီးတော့ စစ်ဆေးတယ်။ အောင်ခိုင်က စိတ်မနှံ့တော့ ဘာတွေဖြေတယ်တော့ မသိဘူး။ အဲဒါကို စကစတွေက ဝိုင်းရိုက်တော့တာပဲ။ ပါးတွေ၊လက်တွေမှာ တော်တော်စုတ်ပြဲသွားတယ်"

စစ်ကောင်စီက အရပ်သားကား ၃၀ ခန့်နဲ့ ချင်းပြည်နယ်ကို လက်နက်ရိက္ခာပို့နေ

"ကားပေါ်မှာ ရိက္ခာနဲ့ စကစမိသားစုတွေ ပါတယ်။ အရပ်သား ဓါးစာခံ ၃၀ လောက် ပါမယ်။ ချင်းပြည်နယ်က သူတို့တပ်တွေ ရိက္ခာ၊ ခဲယမ်း အားနည်းနေလို့ပို့တာ။ လေယာဥ်တွေနဲ့လည််း မပို့ရဲတော့ အရပ်သားကားနဲ့ ပို့နေတာပါ။ မတ် ၃ ရက်နေ့က mi 17 တစီး အပစ်ခံရလို့ လေကြောင်းမသုံးတော့တာ"

မြင်းမူ၊ လက္ကပင်ရွာက အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး ၇ ဦးကို လူသားဒိုင်းအဖြစ်ခေါ်သွား

"အသတ်ခံရသူတွေက လက္ကပင်မှာ လာရောက် ခိုလှုံနေကြတဲ့သူတွေပါ။ သူတို့ရဲ့ကိုယ်ရေးအချက်အလက်ကို မသိရသေးဘူး။ သတ်ပြီးတော့ မြစ်ရေထဲ မျောချခဲ့ကြတာကြောင့် မြစ်အနီးအနားမှာရှိတဲ့ ရွာတွေက ဆယ်ပြီး မီးသင်္ဂြိုလ်ပေးခဲ့ရတယ်။ ဓားစာခံအဖြစ် ခေါ်ခံရတဲ့သူတွေကတော့ ရွာခံသားတွေပါ။ အိမ်တွေကိုတော့ မီးရှို့ခဲ့တာမရှိဘူး။ သူတို့သတင်းရလို့ ဖြိုဖျက်ခဲ့တဲ့ အိမ်တချို့တော့ ရှိခဲ့တယ်"

စစ်ရှောင်စခန်းက ၁ လသားအရွယ် အမွှာမောင်နှမ နို့ ၁ ဗူးကို မျှစို့နေရတဲ့အထိ ကျပ်တည်းနေ

"မိဘတွေက နဂိုကတည်းက လက်လုပ်လက်စားတွေပါ။ ဆင်းရဲချို့တဲ့ ကြတယ်။ ဒီအထဲ သူတို့ရဲ့ နေအိမ်ကလည်း မီးရှို့ခံရတဲ့အထဲ ပါသွားတယ်။ ဒါကြောင့်မို့ စစ်ရှောင်စခန်းတခုမှာ လာပြီးခိုလှုံနေကြရင်း ဒီအမွှာလေးတွေကို မွေးဖွားခဲ့ကြတာ။ မိခင်က နို့မအောင်(မရ)တော့ နို့ဘူး ဝယ်တိုက်နေရတာ။ ပိုက်ဆံကမရှိတော့ ချေးငှားပြီးတော့ နို့ဘူးတလုံးနဲ့ ၂ ယောက်ကို မျှတိုက်နေရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10