Aung Soe

မီးရှို့ခံရတဲ့ ရွာ ၇ရွာက ပြည်သူအချို့ရဲ့ စကားသံ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ရွာ ၇ရွာကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၂၃နဲ့ ၂၄ရက်တွေမှာ ဝင်ရောက်မီးရှို့သွားခဲ့ပြီး ပစ္စည်းတွေကိုပါ ခိုးယူသွားခဲ့ကြတယ်

နေအိမ်တွေကို မီးရှို့တဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘင်တဲကုန်းနဲ့ အောင်ချမ်းသာကျေးရွာက နေအိမ်တွေကို မီးရှို့တဲ့ စစ်အုပ်စု ဧပြီလ ၂၃၊၂၄ ရက်မှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးပြီး၊ ၂ ပွင့်ဗိုလ်တဦးပါ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်

ရွှေဘိုစည်ပင်ရုံးဗုံးပစ်ခံရပြီးနောက် အမျိုးသမီး ၃ ဦးပါ ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

"ဗုံးသွားပစ်တာကကျနော်တို့အဖွဲ့ပါ။အဲ့ဒီတိုက်ခိုက်မှုမှာထိခိုက်သေဆုံးတွေရှိတယ်။အဲတာကြောင့် စကစတွေကကားတစီးနဲ့ ချက်ချင်းရောက်လာပြီးတော့ရုံးနားမှာ အလုပ်လုပ်နေတဲ့အရပ်သားတွေကို ရိုက်နှက်ပြီးတော့ ဖမ်းခေါ်သွားတာ။ တချို့ဆိုရင် ရိုက်နှက်ခံရတာများလို့ PDFဆိုပြီးဝန်ခံခိုင်းတာ ဝန်ခံရတယ်တဲ့။ ကျနော်တို့အဖွဲ့ကတဦးတယောက်မှ အဖမ်းမခံခဲ့ရပါ"

ထီးချိုင့်မှာ ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများလို့ လေယာဥ် ၃ စီးနဲ့ ဗုံးကြဲ

“တိုက်ပွဲက ဖြစ်နေတာ ၃ ရက်ရှိပြီ။ ဒီကောင်တွေဘက်က ၁၅ ကောင်လောက် သေတယ်လို့ ခန့်မှန်းသိရတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ တောင်ရိုးပေါ်မှာ ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက ဝိုင်းပြီးပိတ်ထားတာ”

ဝက်လက်ကရွာတွေကို စစ်တပ်က မီးရှို့၊ ဒေသခံသောင်းချီ ထွက်ပြေးနေရ

"၂၃ ရက်နေ့ မနက်ပိုင်းမှာ PDFတွေနဲ့ တိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီးတော့ စစ်ကြောင်းက အောင်ချမ်းသာကို ဝင်ပြီးမီးရှို့တာ။ မီးရှို့ပြီးတော့ သခွတ္တောရွာကို ပြန်လာပြီး ညအိပ်တယ်။ ဒီနေ့ (ဧပြီ ၂၄) တော့ စစ်ကြောင်းက လှတောရွာနားမှာပါ"

ကလေး ၄ ဦးအပါ ၇ ဦးကို ရပ်/ကျေး ပကဖတွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှု ၈ လကြာအထိ အရေးမယူနိုင်သေး

“သူတို့(ကျူးလွန်သူ)တွေကို စဖြစ်တဲ့ကာလတွေမှာ သူတို့ကိုအရေးယူမယ်လို့ထင်တယ်၊ စောင့်လည်း စောင့်ကြည့်ခဲ့တယ်ပေါ့။ ဒါပေမဲ့ ဖြစ်တဲ့ကာလကနေ ခု ၇ လကျော်လောက်အထိ ပထမဆုံးအကြိမ် ဆိုတာမျိုး တောင် ရုံးချိန်းစစ်ဆေးတာမျိုး မရှိဘူး။ အမှုနဲ့ပတ်သက်လို့ ဘာမှတည်ဆောက်ထားတာလည်း မရှိဘူး။ ပြီးတော့ ဒီဖြစ်စဉ်က ကျနော်တို့ PDF တွေအကုန်လုံးရဲ့ဂုဏ်သိက္ခာပိုင်းကိုလည်းထိခိုက်တယ်။ အဲတာကြောင့် အခုကာလမှ သတင်းဌာနကနေတဆင့်ထုတ်ဖော်တာပါ”

ကောလင်းမှာ ရဲတပ်သား ၂ ဦး၊ စစ်သား၂ ဦးနဲ့ ဇနီးသည် ၁ ဦးတို့ ထွက်ပြေး

"ထွက်ပြေးသူတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရဘူး။ စကစ လင်မယား၂ ယောက်ကတော့ NUG အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်မိပြီး၊ ဘေးကင်းရာမှာ ရောက်နေပြီလို့ သိထားရတယ်။ စကစနောက် တယောက်ကတော့ ဝန်သိုဘက်မှာ ဖမ်းမိထားတယ်။ ဒီ ၃ ယောက် ထွက်ပြေးသွားတာကို တပ်ရင်း သတင်းပေးကနေ သတင်းအတိကျနဲ့ သိရတာဗျ"

ခင်ဦးမှာ အသက် ၈၀ ကျော်အဘွားအိုတဦး ၂ ရက်ကြာ စစ်ရှောင်ပြီးနောက် ရွာအပြန်လမ်းတွင် သေဆုံး

"စစ်ကြောင်းပြန်ထွက်သွားလို့ သုံးဘီးနဲ့ရွာကို ပြန်တာ။ သုံးဘီးပေါ်မှာက လူတွေပြွတ်သိပ်တယ်။ နေကလည်း တအားပူ။ ရေမသောက်ရ အသက်လည်းကြီးတော့ အမောဆို့ပြီး သေတာ။ အခုက ကျနော်တို့နယ်ကို ကန့်ဘလူ၊ ရွှေဘိုနယ်တို့က စစ်ရှောင်တွေ လာခိုလှုံနေကြတယ်။ စစ်ရှောင်တွေ တရက်ထက်တရက် တော်တော်များလာနေတယ်။ ကျနော်တို့ကလည်း တတ်နိုင်သလောက်တော့ ကူညီပေးထားတယ်။ ဒါပေမဲ့ မလုံလောက်ဘူး ဖြစ်နေတယ်"

ထီးလင်းက ပအဖရုံး လေယာဉ်ဗုံးကြဲခံရလို့ ၃ ဦးသေဆုံးပြီး ပအဖတာဝန်ခံအပါ ၁၂ ဦးဒဏ်ရာရ

"ဂျက်ဖိုက်တာ ၁ စီးတည်းနဲ့ ၂ ကြိမ်လာကြဲတာ၊ ပအဖရုံးသူ၊ရုံးသားတွေထိတာပါ။ တာဝန်ခံကိုယ်တိုင်လည်း ဒဏ်ရာရထားတယ်။ ၁၂ ယောက်ဒဏ်ရာရပြီး ၄ ယောက်ကတော့ မသေရုံတမယ်ပဲ"

လက်နက်ကြီးသံတွေကြောင့် ဆေးရုံမှာကုသနေတဲ့ နှလုံးရောဂါသည် ၁ ဦးသေဆုံးဟုဆို

"ဝယ်စလီဆေးရုံတက်နေတဲ့ နှလုံးရောဂါသည် ကျောင်းတိုက်ရွာသူ(ပျူစောထီးရွာ)ပါ။ စကစက လက်နက်ကြီးတွေပစ်တော့ လန့်ပြီးအော်တာ ပြီးတော့အသက်ပါ ပါသွားတယ်။ ဆေးရုံအတူတက်တဲ့ အခန်းထဲက လူတွေ အကုန်မြင်ပါတယ်။ လက်နက်ကြီးက ဘာအကြောင်းမှမရှိဘဲ ရမ်းပစ်တာ။ အချက်ရေ ၁၂ ချက် လောက်ပစ်တာ"

ခင်ဦးနယ်က တိုက်ပွဲမှာ PDF ၅ ဦးသေဆုံးပြီး ဒေသခံ ၅ ဦး ဖမ်းခံထားရ

“မြကန်သာရွာအနီးမှာ တိုက်ပွဲအပြန်အလှန်ဖြစ်တယ်။ ဖြစ်ပြီးတော့ မိုင်းခွဲတယ်။ ပြန်ဆုတ်တဲ့ အချိန်မှာအရှင်ဖမ်းမိသွားတာ။ ရဲဘော်ငါးယောက်ကို ရက်ရက်စက်စက်ကို သတ်ဖြတ်သွားတာ။ အလောင်းတွေကိုတော့ ရွာနားမှာ တွေ့ခဲ့ရတယ်။ အကုန်လုံးက ထုပြီးနှိပ်စက်ခံထားရတာ၊ အရှင်မိတယ်လို့ ယူဆရတယ်။ ဖမ်းခံရတဲ့ငါးယောက်ကိုတော့ စစ်ကြောင်းကိုခေါ်သွားတယ်”

စစ်အုပ်စုအစစ်ဆေးတင်းကြပ်နေတဲ့ မုံရွာ - ချောင်းဦးလမ်းပိုင်းကို PDF က ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

"အစစ်ဆေးကြမ်းလို့‌ ပိတ်တာပါခင်ဗျာ။ ပြီးတော့ စစ်ကြောင်းရော ရှိနေလို့ပါ။ ရက်အကန့်သတ်တော့ မရှိပါဘူး။ ပျူတွေဆိုတော့ ဘာမှနားလည်မှာ မဟုတ်ဘူးဗျ။ သူသတ်ချင်ရင် သတ်မှာပဲ။ ပြည်သူတွေ ပျူတွေ‌နဲ့ထိပ်တိုက်တွေ့မှာ စိုးလို့ပါဗျ။ အရင်ကလည်း ဒီလိုပိတ်တာ ရှိတယ်။ ပြည်သူတွေအနေနဲ့တော့ လိုက်နာကြ ပါတယ်။ လမ်းပိတ်ရင် ရောက်တဲ့နေရာ ရပ်နေကြတယ်။ ကျနော်တို့ကလည်း တိကျမှ အမှန်တကယ်လိုအပ်မှပိတ်တာ"

ခင်ဦးမြို့နယ်အတွင်း စကစတပ် စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

"အခုက စစ်ကြောင်းက မြကန်၊ မြင်းဒေါင်းရွာဘက်ကို ရောက်နေပြီ။ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ ပြေးနေရသူတွေကို ထမင်းထုပ်ဝေငှဖို့ရာ အခက်အခဲဖြစ်နေတယ်။ နေဖို့နေရာရယ်ပေါ့"

ပွင့်ဖြူနယ်က လောင်းကစားဝိုင်းပိုင်ရှင် ပျူခေါင်းဆောင်တဦး ပစ်သတ်ခံရ (ရုပ်/သံ)

"သူ့ရဲ့ ဦးခေါင်းကို နှစ်ချက်၊ တင်ပါး တချက်၊ နံရိုး တချက်ပစ်ခတ်ခဲ့တာ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ သူ ကျနော်တို့ကို ပြန်လည်ခုခံချိန်မရခဲ့ဘူး"

ဆားလင်းကြီး ကျားတက်ရဲစခန်း တိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

"စကစနဲ့ရဲတွေ ထမင်းစားနေတဲ့နေရာကို ဗုံးသီးတွေချခဲ့တာ။ အဲ့မှာ စကစတကောင်က ပွဲချင်းပြီး သေတယ်။ ၂ ကောင်က ဒဏ်ရာရသွားလို့ ဆေးရုံပို့လိုက်တယ်။ သေဆုံး၊ဒဏ်ရာရတာကို အတွင်းဖရဲသီးနဲ့ အနီးဝန်းကျင်က ဒေသခံတွေပြောလို့ အတည်ပြုနိုင်ခဲ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10