Aung Soe

ယင်းမာပင်တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းပစ်ကူလို့ PDF ၃ ဦးသေဆုံး၊ အဘွားအိုတဦးပါ အသတ်ခံရ

သေဆုံးရဲဘော်များမှာ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်ရင်းမှ ရဲဘော် အောင်အောင် ၂၆ နှစ်နဲ့ အခြားရဲဘော် ၂ ဦးဖြစ်ပြီး ၃ ဦးစလုံးက တိုက်ပွဲအတွင်း နမခ ကနေတက်လာတဲ့ Mi35 လေယာဥ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။

ရွာပေါင်းစုံသပိတ်ရဲ့ ၈၄၃ ရက်မြောက်နေ့ စစ်အာဏာရှင်ဆန့်ကျင်းရေးသပိတ် ချီတက် (Photo News)

"တော်လှန်ရေးဟာ ဒီထက်ပိုကြမ်းတမ်းလာမှာဖြစ်လို့ အားတင်းပြီး ဆက်လျှောက်ကြဖို့နဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းများကို ဟောပြောခဲ့ပါတယ်"

တိုက်ပွဲမဖြစ်ဘဲ ပခုက္ကူ ဖလံအိုရွာကို စစ်အုပ်စုက ပစ်ခတ်မီးရှို့ နေအိမ် ၃၀ ကျော်ပြာကျ

ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁)မှ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအင်အား ၆၀ ခန့်က ဖောကား ၂ စီးနဲ့ ကျေးရွာအနီးကိုရောက်ရှိလာပြီး လက်နက်ငယ်တွေပစ်ခတ်ကာ မီးရှို့သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေဘိုမှာ လက်နက်ကြီးထိမှန်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

"အမျိုးသားတယောက် ပွဲချင်းပြီးသေတယ်။ ၆ ယောက်ကလည်း ဒဏ်ရာပြင်းတယ်လို့ သိရတယ်။ ၆ ယောက်ထဲမှာ အမျိုးသား၊ အမျိုးသမီးပါတယ်။ ဒါပေမယ့် သူတို့ရဲ့အသေးစိတ် အချက်အလက်ကိုတော့ မသိရဘူး"

ကလေးမြို့ပေါ်က မူးယစ်ဆေးရောင်းချသူတဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီး

" ကျနော်တို့ နယ်မြေအေးချမ်းရေး ဝင်တဲ့အချိန်မှာ သူကဆေးကို MAMEE ဖာထဲမှာထည့်ပြီး ဆိုင်ကယ်ပေါ်တင်ထားပြီးတော့ လမ်းဘေးမှာရပ်နေတာ။ အဲ့ဒါကိုမသင်္ကာလို့စစ်ဆေးတော့ ဖမ်းမိတာ"

ယင်းမာပင်က ကျေးရွာ ၄ ရွာအနီးကို လေကြောင်းပစ်ခတ်

"ဂျက်ဖိုင်တာတစီးလည်း ပါတယ်။ သူကမပစ်ဘူး။ ၄ နာရီ ၁၀ မိနစ်ကနေ ၅ နာရီကျော်အထိ ပစ်ခတ်ခဲ့တယ်။ မီးခိုးတွေထွက်နေတာတွေ့ရတယ်။ အခုတော့ Mi 35 ကပြန်သွားပြီ" လို့ ဗျတ္တညီနောင် V-02 အဖွဲ့တာဝန်ခံက ပြောပါတယ်။

အမြင်အာရုံချို့ယွင်းသွားလို့ ကုသဖို့သွားတဲ့ အမျိုးသားတဦး ဆိပ်ဖြူမှာဖမ်းဆီးခံရ

"သူကရွာကနေ မင်းဘူးကို မျက်စိသွားကုဖို့ထွက်လာတာ။ ဘုန်းကြီးကား(Mark II) တစီးနဲ့ လမ်းကြုံလိုက်လာတာကို စကစတွေက ဖမ်းလိုက်တာ"

အောင်လံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရပြီး သေဆုံး

"သေနတ်ပစ်ခံရလို့ ပွဲချင်းပြီးသေသွားတယ်လို့ ကြားသိရတယ်။ ဘယ်အဖွဲ့က ပစ်သွားတယ်ဆိုတာတော့ မသိရဘူး။ အလောင်းကိုတော့ စကစနဲ့ ရဲတွေလာယူသွားတယ်"လို့ အောင်လံမြို့နေ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

အရာတော်နယ်က ရွာ ၃ ရွာကို စစ်တပ်က တမနက်တည်း မီးရှို့

"အခုအချိန်ထိတော့ အိမ်ဘယ်လောက်ပျက်စီးနေလဲဆိုတာ မသိရသေးဘူး။ မလဲသာကို အရင်စရှို့တာ။ ညောင်ပင်သာ ရှို့တယ်။ ကန်ရင်းကို နောက်ဆုံးရှို့တာ။ အခုက မြေပြင်အခြေအနေက ရှုပ်ထွေးနေတယ်" လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကန့်ဘလူမှာ အမျိုးသား ၆ ဦးကို စစ်ကောင်စီဖမ်း၊ ၂ ဦးပြန်လွှတ်ပြီး ၃ ဦးကို PDF လို့စွပ်စွဲထား

"သူတို့က ပြောင်းစိုက်တောင်သူတွေပါ။ အရပ်သားတွေပါ။ PDF လုံးဝ မဟုတ်ကြပါ။ ဒီအထဲမှာ ဦးမောင်စိုး၊ ဝေလွင်ထွန်း၊ ဝေလွင်ထူးတို့ ၃ ယောက်က သားဖအရင်းတွေပါ "

စစ်အုပ်စုက နေအိမ်နဲ့ စပါးကျီတွေမီးရှို့ပြီး ရွှေထည်ပစ္စည်းတွေပါယူသွား

"ဘယ်တပ်ရင်း၊ တပ်ကဆိုတာကို မသိရဘူး။ ကလေးဝကနေ မအူစခန်းကိုအသွားမှာ အိမ်တွေနဲ့ စပါးကျီကို မီးရှို့တာ။ မအူစခန်းကနေ ကလေးဝကိုအပြန်မှာတော့ ရွှေတွေနဲ့တခြား ပစ္စည်းတွေကို ခိုးယူပြီးတော့ တိရိစ္ဆာန်တွေကို ပစ်သတ်ခဲ့တာ။ ဒီနေ့ (ဇူလိုင် ၁၀) မှာတော့ ဒေသခံတွေရွာထဲ ပြန်ဝင်နေကြပြီ"

ယင်းမာပင်မှာတိုက်ပွဲဖြစ်လို့ စစ်တပ်က ၅ဦးသေဆုံး၊ ၁၀ဦးဒဏ်ရာရှိဟုဆို

"ကျနော်တို့က သတင်းရလို့ လမ်းကနေဖြတ်တိုက်တာ။ လက်ဦးမှု ရတာပေါ့။ သေဆုံးတာနဲ့ ဒဏ်ရာ ၁၀ ကောင်ရတာကိုတော့ အတွင်းသတင်းပေးပြောလို့ အတည်ပြုခဲ့တာ"

မြင်းမူနယ်မှာ ရွာခံသားအဖ ၃ ဦးနဲ့ PDF ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းပြီးသတ်သွား

"သားအဖ ၃ ယောက်က ရွာနားကတောမှာ ငှက်ပစ်နေကြတာ။ အဲ့ဒီမှာ စကစတွေနဲ့တွေ့လို့ ဖမ်းခေါ်ပြီး သတ်သွားတာ။ ရဲဘော်တယောက်ကတော့ သူ့တပ်ဖွဲ့နဲ့ စစ်ကြောင်းကိုသွားပစ်တာ။ စကစကပြန်ပစ်လို့ပြန်ဆုတ်တဲ့ အချိန်မှာ မျက်စိလည်လမ်းမှားပြီးကျန်ခဲ့တာကို စကစတွေက ဖမ်းပြီးသတ်လိုက်တာ"

ယင်းမာပင်မှာ စစ်ကောင်စီတပ်ပစ်ခတ်လို့  ၅ နှစ်အရွယ်ကလေး ၁ ဦးအပါ ၃ ဦး သေဆုံး

"ရွာသာယာ၊ ပျံလှည့်၊ ရာဇကျော်ရွာတွေက စစ်ကြောင်းထိုးလာတဲ့လမ်းတလျောက်မှာရှိတာ။ သူတို့ကို လမ်းမှာတွေ့လို့ ပစ်သတ်သွားတာလို့ သိရတယ်။ ပွဲချင်းပြီးသေသွားကြတယ်"

7July အထိမ်းအမှတ်အဖြစ် ပခုက္ကူ-ရေစကြိုကားလမ်းမဘေးက စစ်ကောင်စီဂိတ်ကို ဗုံးသီးချ တိုက်ခိုက်

"အဲ့ဒီဂိတ်ဖွင့်ထားတာ ဆယ့်တလလောက်ရှိပြီ။ အထိုင်ချနေတာ။ ဗုံးသီးက ဂိတ်နားကို ကျရောက်ပေါက်ကွဲခဲ့တယ်။ ထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ မသိရဘူး။ ဗုံးသီးချပြီးလို့ ခဏအကြာမှာတော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သေးတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10