Aung Soe

စေတုတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး ရခိုင်ဘက်က စစ်ကောင်စီတပ်တွေပါ စစ်ကူခေါ်တိုက်နေ

"အစတော့ (စစ်အင်အား)သိပ်မများဘူး။ စစ်ကြောင်း ၂ ကြောင်းပေါင်း ၁၅၀ လောက်ပဲ ရှိတယ်။ အခု အမ်းက စစ်ကားကြီး ၃စီးနဲ့ တပ်ကူ အင်အားချတိုက်နေတယ်” လို့ PDF တပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါ တယ်။

ထီးချိုင့်မှာ လက်နက်ကြီးထိမှန်လို့ PDF တဦးသေဆုံး

"စကစတွေလည်း အထိအခိုက်ရှိသွားပေမယ့် အတိအကျမသိရပါဘူး။ အခုထိ နယ်မြေ မရှင်းလင်းရသေးပါဘူး။ ဒီနေ့ (ဇူလိုင် ၆)မနက်လည်း မိုင်းဆွဲ၊ တိုက်ခိုက်နေတုန်းမို့ပါ"

စဉ့်ကူးဒေသခံ ၃ ဦးကို စစ်ကောင်စီဖမ်းဆီး၊ ၁ ဦးပြန်လွတ်ပြီး ၂ ဦး စစ်ကြောရေးရောက်

"တော်လှန်ရေး အင်အားစုတွေကို သတင်းပေးလုပ်တဲ့ စွပ်စွဲမှုမျိုးနဲ့ မသင်္ကာလို့ ဖမ်းတာလို့ သိရတယ်။ ဖမ်းတုန်းက ထုံးကြီးရဲစခန်းကို ဖမ်းခေါ်သွားတာ"

ချောင်းဦးတိုက်ပွဲမှာ သေဆုံးမှုများခဲ့တဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၁ ဦးဆုံးပြီး ၃ ဦး ဒဏ်ရာရ

"စကစတွေက ရွာရဲ့အရှေ့ဘက်တောစပ်ကနေ လက်နက်ကြီးပစ်လိုက်တာ။ အဲ့မှာရွာရဲ့မြောက်ဘက်ကိုကျလို့ အမျိုးသားက ပွဲချင်းပြီးသေတာ ။ ကျန်တဲ့ကလေးပါ ၃ ယောက်ကတော့ ဒဏ်ရာရတာ။ သူတို့ကတော့ ဆွေမျိုးတွေမဟုတ်ကြဘူး"

အရာတော်မှာ ကလေး ၄ ဦးအပါ ၁၅ ဦးအသတ်ခံရ၊ PDF နဲ့ စစ်တပ်အပြန်အလှန် စွပ်စွဲမှုတွေရှိနေ

သေဆုံးသူ ၁၅ဦးထဲမှ အမျိုးသား ၁၁ဦးမှာ ငွေတွင်းကျေးရွာရဲ့ အရှေ့ဘက်က ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းထဲမှာ အသတ်ခံရတာဖြစ်ပြီး ကျန်တဲ့ အမျိုးသား၊ အမျိုးသမီး ၄ဦးကတော့ ကျေးရွာထဲက နေအိမ်တွေထဲမှာပဲ အသတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

မြင်းခြံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ ရှင်းလင်းခံရ

"သူတို့နေအိမ်ကို ဆိုင်ကယ်နဲ့လူ ၄ ယောက်လာပြီးတော့ အိမ်ထဲမှာပစ်ခတ်သွားတာ။ ပွဲချင်းပြီး သေတယ်။ ပြောရရင် အုပ်ကြီးက စကစအလိုတော်ကျ လုပ်ပေးနေတဲ့သူပါ"

ကနီနယ်က ပျူရွာစခန်းကို ဗုံးသီးတပ် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်လို့ ၂ ဦး ဒဏ်ရာရ

"1kg ဗုံးသီးတပ်ပြီး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်။ စစ်သားတကောင်နဲ့ ပျူတကောင် ဒဏ်ရာရလို့ အတည်ပြုနိုင်ခဲ့တယ်။ ဒဏ်ရာရသူရဲ့ အသေးစိတ်အချက်အလက်ကို သိရပေမယ့် ထုတ်ပြောရင်သတင်းပေးအတွက် အန္တရာယ်ရှိနိုင်လို့ပါ"

စစ်ကိုင်းမှာ PDF၂ ဦးနဲ့ CDM ဆရာမ ၁ ဦးဖမ်းဆီးခံရ

“ရဲဘော်တည်တံ့ဝေ အရင်အဖမ်းခံရတာ။ သူအဖမ်းခံရပြီးတော့ သူ့ချစ်သူ CDM ဆရာမကို ဖုန်းနဲ့ဆက်သွယ်ခိုင်းတယ်လို့ ယူဆရတယ်။ သူ့ချစ်သူက အဖွဲ့ကရဲဘော်တယောက်နဲ့ စစ်ကိုင်းကိုလိုက်သွားတာမှာ ထပ်ပြီးအဖမ်းခံရတာ”

ကျောက်ဆည်က ပျူစောထီးဆိုသူ အမျိုးသမီးတဦး အသတ်ခံရ

ဒေါ်လဲ့လဲ့ဝင်းမှာ ၂၀၂၂ တုန်းက ကညို့ကျေးရွာအနီးမှာ အခြေချထားတဲ့ ကျောက်ဆည်ပကဖစခန်းတခုရဲ့ တည်နေရာကို စစ်ကောင်စီတပ်ဆီ သတင်းပေးခဲ့လို့ စခန်းမှာစီးနင်း မီးရှို့ခံလိုက်ရပါတယ်။ အဲဒီနောက် သူဟာ ပျူစောထီးသင်တန်းကိုလည်း တက်ရောက်ခဲ့သေးတယ်လို့ ကျောက်ဆည် PDFနဲ့ နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။

ရွှေဘိုမှာ  PDF ၁ဦးအပါအဝင် အမျိုးသား၂ဦး သတ်ခံရ

" ရဲဘော်အသတ်ခံရတာကို မနေ့ကမှသိရတာ။ ဘယ်မှာအသတ်ခံရတာလဲတော့မသိဘူး။ အလောင်းတွေ့တဲ့နေရာမှာ အရပ်သားအလောင်း တခုကိုပါတွေ့ရတာ။ ဘယ်သူ၊ဘယ်ဝါဆိုတာမသိရဘူး"လို့ Myanmar Defense Force-Shwebo ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

စားစရာမရှိလို့ ရွာထဲဝင်ပြီး စားစရာသွားယူတဲ့ ၁၀ကျော်သက် မောင်နှမ ၂ ဦး ဖမ်းဆီးခံထားရ

ကလေးတွေဖြစ်တဲ့အတွက် မဖမ်းလောက်ဘူးဆိုတဲ့အတွေးနဲ့ လူကြီးတွေက ရွာထဲကအိမ်မှာ စားစရာပြန်ယူခိုင်းလိုက်ရာက အခုလို အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

စစ်ကိုင်းမှာ တိုက်ပွဲဖြစ်လို့ ကျေးရွာပကဖ ၄ ဦးနဲ့ PDF ၁ ဦး သေဆုံး

သေဆုံးခဲ့သူမှာ တလိုင်းကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အောင်ခိုင်၊ မျောက်ကြီး၊ ဦးမြင့်၊ ရားရားနဲ့ မန္တလေး PDF တပ်ရင်း (၅၁၀)မှ ရဲဘော် နေခ တို့ဖြစ်ပြီး သူတို့ ၅ ဦး ကင်းစောင့်နေချိန် အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းနယ်၊ တလိုင်းရွာကို စစ်တပ်ကမီးရှို့လို့ အိမ်ခြေ ၁၀၀ ကျော်ပျက်စီး

"စရှို့တာကတော့ အိမ် လေး၊ငါးလုံးလောက်ရှို့ တာပေါ့။ အဲ့မှာ မီးငြှိမ်းမယ့်သူမရှိတော့ တအိမ်ပြီး တအိမ် ကူးစက်လောင်သွားတာပေါ့။ ဒီနေ့ (ဇူလိုင် ၃ )မှာ ဒေသခံတချို့ဝင်ကြတယ်။ တချို့ကတော့ ရှောင်နေတုန်း"လို့ စစ်ကိုင်း PDF မှ ရဲဘော်တဦး က ပြောပါတယ်။

PDF စခန်းကိုတိုက်ခိုက်ဖို့လာတဲ့ စစ်တပ် ခြုံခိုတိုက်ခံရလို့ ဆုတ်ခွာထွက်ပြေး

"စစ်ကြောင်းလာတာကို ကြိုသိပြီးတော့ လမ်းကနေ အသင့်စောင့်ပြီး လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ဖြတ်တိုက်တာ။ အသင့်ထောင်ထားတဲ့ မိုင်းတွေကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ထိခိုက်၊ သေဆုံးစာရင်းတော့ မသိရဘူး"

လင်းပိုးကျေးရွာကို စစ်တပ်က ဝင်ရောက်ပြီး ရွာခံပစ္စည်းတွေကိုယူကာ ခြိမ်းခြောက်စာတွေရေးသွား

မုံရွာမြို့အဝင်မှာရှိတဲ့ မအူဂိတ်မှ စစ်ကောင်စီ အင်အား ၆၀ခန့်က ကျေးရွာထဲကိုဝင်ရောက်လာပြီး စျေးထဲရှိ ကုန်စုံဆိုင် ၃ဆိုင်က ဓာတ်ဆီပေပါ (၁၂)လုံး၊ စားသုံးဆီပုံး၊ မုန့်ထုပ်ဖာ၊ အအေးဗူး၊ ဘီယာဗူးဖာ၊ ကျောင်သားသုံး ကျောပိုးအိတ်၊ ရှုးဖိနပ်နဲ့ လူနေအိမ်မှ TV တလုံး၊ ဘတ္ထရီအိုးကြီးတလုံး၊ ရှုးဖိနပ်၊ Aircooler တလုံး စတဲ့ပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10