Aung Soe

ပြစ်မှုကျူးလွန်ထားတဲ့ PDF ခေါင်းဆောင်နဲ့ နောက်လိုက် ၇ ဦး စကစထံ ထွက်ပြေး၊ ကျပ်သိန်းထောင်ချီ ခိုးယူသွား

" E.D.Fက ၄ယောက်က Missionလုပ်မယ်ဆိုပြီးတော့ မနက်ပိုင်းမှာ မြို့မြောက်ဘက် အင်ပင်ဂိတ်အတိုင်း ထွက်ပြေးသွားတာပါဗျ။ D.T.Pက ၃ယောက်ကတော့ ညပိုင်းမှာ ထပ်မံသွားတာ။ သူတို့ အကုန်လုံးက လက်ရှိမှာ တပ်မ (၁၀၁) ဝန်းကျင်မှာ ရှိနေမယ်လို့ ယူဆရပါတယ်"

စဉ့်ကူးမြို့နယ်မှာ တိုက်ပွဲဖြစ်နေ၊ ရွာ ၈ ရွာမီးရှို့ခံရထားရပြီး စစ်အုပ်စုဘက်က ၁၇ ဦးကျော်သေဆုံး( ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကျေးရွာ ၈ ရွာကို စစ်အုပ်စုက မေ ၂၄ ရက်က စတင်မီးရှို့ကာ အနီးတဝိုက်က ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် အရပ်သားထောင်ချီ ထွက်ပြေးနေရတယ်

ငါန်းဇွန် TGYR - PDF စခန်းမီးရှို့ခံရလို့ စခန်းတခုလုံးပြာကျပြီး သိန်းရာချီဆုံးရှုံး

"ကျနော်တို့ရဲဘော် နှစ်ဆယ်ကျော်က မြောင်ဘက်မှာ စစ်ကြောင်းထွက်နေတာဗျ။ စခန်းမှာက ရဲဘော် ရှစ်ယောက်ကျန်ခဲ့တာ။ ဒီဟာကို အခွင့်ကောင်းယူပြီးတော့ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတာပါ။ ရဲဘော်တွေကတော့ ပစ္စည်းတွေ နိုင်သလောက်ထမ်းပြီး ထွက်ပြေးလွတ် မြောက်ခဲ့တယ်။ ကျန်ခဲ့တဲ့ ခဲယမ်း၊ လက်နက်၊ ကျည်တွေကတော့ အကုန်လုံးဆုံးရှုံးလိုက်ရတယ်။ ကာလပေါက်စျေးနဲ့ပြောရရင် သိန်းတရာ့ငါးဆယ်နီးပါး ဆုံးရှုံးခဲ့ပါတယ်"

စစ်ကောင်စီတပ်က နေအိမ် ၇ လုံးနဲ့အတူ အသက် ၈၀ အဘွားကိုပါ မီးရှို့သတ်သွား

"စကစတွေက ရွာကအိမ်တွေကိုမီးရှို့တယ်။ ပြီးတော့ အိမ်ထဲမှာပိတ်မိနေတဲ့ အဘွားကိုသတ်ပြီးတော့ အိမ်မီးလောင်နေတဲ့အထဲ ထည့်သွားတာ။ အလောင်းကို အစအနပျောက်အောင်လုပ်တဲ့ သဘောပေါ့။ အဘွားရဲ့မီးရှို့ခံအလောင်းကို မနေ့က ရွာသားတွေ ရွာထဲခဏဝင်ကြည့်တဲ့အခါမှာ တွေ့ခဲ့တာ။ အိမ် ၇ လုံးပြာကျသွားတယ်"

စစ်တပ်က အရပ်သားကားတွေနဲ့ သွားလာနေလို့ PDF က သပိတ်ကျင်း - ဗန်းမော်လမ်းပိုင်းကို ညပိုင်းအသုံးပြုခွင့်ပိတ်

"ဒီလိုကန့်သတ်တာတွေကို ဒေသခံပြည်သူတွေ အနေနဲ့လိုက်နာမှုအားနည်းတယ်။ လိုက်နာမှု အားနည်းတော့ ကျနော်တို့တွေအနေနဲ့က လုပ်ငန်းဖော်ဆောင်ရာမှာ နှောင့်နှေးကြန့်ကြာမှုအပြင် ပြည်သူတွေနစ်နာမှု မဖြစ်စေဖို့ လက်လွှတ်လိုက်ရတဲ့အလုပ်တွေ။ ငွေကြေး၊ အချိန်တွေပေးဆပ်ထားပြီးလုပ်ရတော့ ကျနော်တို့အတွက် နစ်နာစေတာပေါ့"

ကောလင်းမှာ ကျေးရွာ ပကဖ ရဲဘော်အပါ အမျိုးသား ၅ ဦးအသတ်ခံရ

"ကျေးရွာပကဖရဲဘော်က လွယ်မောက်တောင်ရွာအနီးက တိုက်ပွဲမှာအဖမ်းခံရတာ၊ ဆေးဆရာကိုတော့ သဲကောရွာကဖမ်းပြီး လွယ်မောက်ရွာအရောက်မှာ သတ်ပြီးတော့ အိမ်သာကျင်းထဲ ထည့်ထားခဲ့တာ။ မောင်းကော်က ၂ ယောက်ကတော့ ကိုယ့်ရွာထဲမှာ အသတ်ခံရတာ။ နောက်တယောက်ကတော့ ကန့်ဘလူနယ်က စစ်ရှောင်နေတာ။ သူက အောက်သီတရာရွာအထွက်မှာ နွားကျောင်းနေချိန် စကစတွေနဲ့တွေ့လို့ ပစ်သတ်ခံရတာ"

ဝက်လက်မှာ ရွာကို မီးရှို့လာတဲ့စစ်ကြောင်း မိုင်းဆွဲခံရလို့ ၃ ဦးထက် မနည်းထိခိုက်ဒဏ်ရာရ

"စကစတွေက ရွာအရှေ့ဖက်ကို ၃ဖွဲ့ခွဲပြီးဝင်တာ အဲဒီထဲက တဖွဲ့က ကျနော်တို့မိုင်းကွင်းထဲကို ဝင်ရောက်လာတာနဲ့ ဖောက်ခွဲလိုက်တာ။ ၃ ကောင်လဲကျသွားတာကိုမြင်ခဲ့ရတယ်။ မိုင်းက တိုက်မိုင်းဆိုတော့ နောက်ထပ်လည်း ဒဏ်ရာရ၊ သေဆုံးသူတွေရှိနိုင်တယ်ဗျ"

ဗန်းမောက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများဟုဆို

"အပြန်အလှန်ပစ်ခတ်နေတဲ့အချိန်မှာ စကစဘက်ကကျသွားတဲ့ အကောင်တွေလည်းရှိတယ်။ တိုက်ပွဲဖြစ်ပြီးလို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ စကစတွေရဲ့အလောင်းတွေ၊ အင်္ကျီတွေ၊ လက်နက်၊ ခဲယမ်းတွေကို သိမ်းဆည်ရထားတယ်ဗျ။ လက်နက်ပစ္စည်းအရေအတွက်ကတော့ ကျနော့်ဆီ စာရင်းမရောက်သေးဘူး။ စကစဘက်ကကျတဲ့အထဲမှာ ဗိုလ်ကြီးတကောင်လည်းပါတယ်"

မိုခါမုန်တိုင်းကို ခါးစည်းခံခဲ့ရတဲ့ မြို့တော်စစ်တွေ

အပျက်စီးပုံတွေကြားက မိသားစုတွေရဲ့ အိမ်ပြင်နေကြတဲ့ သံမှိုရိုက်သံ၊ လွှဆွဲသံတွေက မြို့ကြီးတခုလုံးကို လွှမ်းခြုံနေပါတယ်။ စစ်တွေမြို့ရဲ့ လမ်းမဝဲယာကြည့်လိုက်တာနဲ့ သွပ်ပျက်တွေ၊ လေအဝှေ့မှာ ယိမ်းကနေသယောင်ထင်ရတဲ့အိမ်ပျက်တွေနဲ့ပါ။ ညအချိန်မှာ မီးမလင်းတော့တဲ့ လမ်းမီးတိုင်အကျိုးတွေကလည်း လမ်းမတွေပေါ်မှာ အရုပ်ကြိုးပြတ် ကန့်လန့်ဖြတ်လှဲလျောင်းကြလို့။ မျက်စိတမြင်ကြည့်လိုက်တိုင်း မြို့ရဲ့ပျက်စီးနေမှုက ထီးထီးကြီး တည်ရှိနေပါတော့တယ်

ဝက်လက်မြို့ပေါ် ကင်းပတ်နေတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့အရာရှိတဦးဒဏ်ရာပြင်းထန်

"ဗိုလ်မှာ ဒဏ်ရာရသွားတာက ခြေသလုံးကြွက်သားတွေ ပွင့်ထွက်သွားတာ။သူဒဏ်ရာရတာကို မျက်မြင် တွေ့သူတွေနဲ့ဖရဲသီးတွေရဲ့ပြောကြားချက်အရအတည်ပြုနိုင်ခဲ့တာ။ ဗိုလ်ရဲ့ အသေးစိတ်အချက် အလက်ကိုတော့သိဖို့ခက်တယ်"

ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၂ ဦး ရှင်းလင်းခံရ

"သူတို့ ၂ ယောက်ကို တယောက် ၃ ချက်စီနဲ့ ၆ ချက်ပစ်ပြီးရှင်းလင်းခဲ့တာ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ ဒီအုပ်ကြီးတွေက အုပ်စုလိုက်ဖွဲ့ပြီး အရက်သောက်ကြတာများတယ်။ ဒီနေ့မှာတော့ ၂ ယောက်ပဲတွေ့ရတယ်။ ဒီ ၂ ကောင်က စကစ သတင်းပေးလုပ်တာရယ်၊ ရွာသားတွေကို ဖိနှိပ်ချုပ်ချယ် ဗိုလ်ကျနေကြတာဗျ။ ဒါကြောင့် ရှင်းလင်းခဲ့တာ"

နေအိမ်တွေကို မွှေနှောက်ဖျက်စီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

"စကစတွေက မနက်ပိုင်းမှာ ကံပေါက်ရွာကိုဝင်ပြီးတော့ နေအိမ်တွေကို ရှာဖွေ၊ ဖျက်စီးတာတွေလုပ်တယ်။ မီးရှို့တာတော့မရှိဘူး။ နေ့ခင်းပိုင်းမှာအဲရွာကနေထွက်ပြီးတော့ မူးချောင်းဘောင်ဘေးလျှောက် စစ်ကြောင်းထိုးသွားတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ကံပေါက်ရွာကို အဝင်မှာတကြိမ်၊ အထွက်မှာတကြိမ် ၂ ကြိမ် မိုင်းဆွဲခဲ့တာ။ အပြန်အလှန်ပစ်ခတ်တာတော့ မရှိခဲ့ဘူး။ စကစတွေ ထိခိုက်သေဆုံးတာကို အတည်မပြုနိုင်ခဲ့ပေမယ့် အတော်လေးကိုအထိနာသွားတာတွေ့ ရှိခဲ့ရတယ်"

ချောင်းဦးမှာ အမျိုးသား ၄ ဦး ဖမ်ဆီးအသတ်ခံရ

"အဲဒီလေးယောက်က ဟိုက်ဂျက်ကားတစီးနဲ့ မုံရွာကိုလာကြတာ။ အဲဒီမှာ ဂိတ်အဆင့်ဆင့်ကို ဖြတ်ကျော်လာခဲ့ပြီးမှ နတ်ရေကန်ဂိတ်မှာ အဖမ်းခံရတာ။ စကစတွေက သူတို့ဖုန်းကနေ ထောက်ပို့ဆိုတဲ့ အချက်အလက်ကို ရသွားတာလို့ထင်တယ်။ လက်နက်တွေ၊ ကျည်ဆံတွေ သယ်လာတာမဟုတ်ဘူး။ သူတို့မှာ သေနတ်တွေလည်း မပါဘူးလို့သိရတယ်”

စစ်ကောင်စီဂိတ်ကိုတိုက်နေချိန် အရပ်သား သုံးဘီးတစီးဝင်လာလို့ ဂိတ်ကိုမသိမ်းနိုင်ခဲ့

"ကျနော်တို့က သွားရောက်တိုက်ခိုက်တဲ့အခါမှာ စကစ ၂ ကောင်က ကျည်မှန်ပြီးတော့ လဲကျသွားတာကို တွေ့မြင်ခဲ့ရတယ်။ အပြန်အလှန်ပစ်တာ ၈ မိနစ်လောက်အကြာမှာ သုံးဘီးတစီးက ဆီဆိုင်ကို ဝင်လာခဲ့တယ်ဗျ။ ဒါကြောင့် ဆက်မပစ်တော့ဘဲ ပြန်ဆုတ်လာခဲ့ရတယ်။ သုံးဘီး မရောက်လာခဲ့ဘူးဆိုရင် ကျနော်တို့ဂိတ်ကို သိမ်းနိုင်ခဲ့တယ်ဗျ။ ကျည်မှန်သွားတဲ့ ၂ ကောင်လည်း သေနိုင်တယ်"

မန္တလေးမှာ မြို့ပြပြောက်ကျားအဖွဲ့ခေါင်းဆောင်အပါ ၈ ဦးနဲ့ အရပ်သား ၅ ဦး ဖမ်းဆီးခံရ

"မန္တလေးမြို့ပေါ်က တည်းခိုခန်းတခုမှာ ၂၀ ရက်နေ့က ကောက်ကြီးကိုမိရာကနေ အဆက်အစပ်တွေ ကွင်းဆက်မိသွားတာပေါ့။ ကျန်တဲ့သူတွေကတော့ နေအိမ်တွေမှာပဲဖမ်းခံရတာ။ ၅ ဦးကတော့ RPGF အဖွဲ့ဝင်တွေ လုံးဝမဟုတ်ဘူး၊ အရပ်သားတွေပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10