Lynn Ze

ဆင်ဖြူကျွန်းမှာ ရေကြီးရေလျှံပြီး ကူညီမယ့်သူမရှိလို့ ပြည်သူ အချင်းချင်းပြန်ကူနေရ

မေလ ၁၃ ရက်ကတည်းက မိုးဆက်တိုက်ရွာနေတာဖြစ်ပြီး ဒီနေ့ညနေ ၄ နာရီလောက်ကမှ စလင်းချောင်း ရေလျှံလာတာဖြစ်ပါတယ်။ ရေမြှုပ်သွားတဲ့ရပ်ကွက်ကလူတွေကို ပြည်သူအချင်းချင်းက ပြန်ကူညီကာ ရေဘေးလွတ်ရာကို ကယ်ထုတ်နေကြရပါတယ်။ မိုးဆက်လက်ရွာသွန်းနေသလို စလင်းချောင်းရေဟာ ညဘက်မှာ ဆက်လက်မြင့်တက်လာဖို့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

မြန်မာပြည်သူတွေ ဘေးကင်းကြပါစေ

အခု မိုခါ ဆိုင်ကလုန်းသွားမယ့်လမ်းကြောင်းက ရခိုင်၊ ချင်းနဲ့ အထက်အညာဒေသပါ။ ဒါပေမဲ့ ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းတွေကို အမှီပြုထားတဲ့ ရေလှောင်တံမံကြီးတွေ၊ ဆည်ကြီးတွေရှိလေတော့ မကွေး တိုင်းနဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေအနေနဲ့ မုန်တိုင်းအန္တရာယ်အပြင် အညာဒေသမှာ နာမည်ကြီးတဲ့ တောင်ကျချောင်း၊ သဲချောင်းကြီးတွေကပေးလာမယ့် အန္တရာယ်ကိုလည်း အထူးသတိထားသင့်တယ်လို့ ဆိုချင်ပါတယ်။

PDF ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ဗိုလ်နဂါးနှင့် အင်တာဗျူး

"ပုလဲမြို့ပေါ်မှာ ထွေအုပ်ရုံးတောင် ရုံးလုပ်ငန်း ဘာမှ မလုပ်နိုင်တော့ဘူး။ အဲဒါဆို မှန်းကြည့်ပေါ့ဗျာ၊ သူတို့အုပ်ချုပ်ရေးယန္တရား ဘယ်လောက်စုတ်ပြတ်သွားပြီဆိုတာ"

စစ်ကောင်စီ၏ လေကြောင်းနှင့်ဆက်စပ်သည့်နေရာများ ပိုမိုတိုက်ခိုက်ခံလာရ

ထို့ကြောင့် စစ်ကောင်စီ၏ လေယာဉ်များကို တိုက်ရိုက်ဖျက်ဆီးနိုင်ပါက အကောင်းဆုံးဖြစ်ပြီး ယင်းသို့ မဖျက်ဆီးနိုင်ပါကလည်း လေယာဉ်ရှိမည့်နေရာသို့ အသက်ရင်းကာ သွားရောက် ပစ်ခတ်တိုက်ခိုက်မည့်အစား လေယာဉ်တက်မည့်ပြေးလမ်းများကို ဖျက််ဆီးတိုက်ခိုက်သင့်သည်ဟု စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM လေတပ်အရာရှိက အကြံပြုသည်။

ကြက်မနက်ကပေးသည့် NUG အတွက် သတင်းစကား

"စခန်းကို သိမ်းပိုက်ဖို့ အခွင့်ကောင်း အခါကောင်းဖြစ်ပေမယ့် အခုလို မသိမ်းနိုင်လိုက်တာဟာ လက်နက်ချွတ်ယွင်းမှုကြောင့်ပဲလို့ သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့က ကျနော်ပါတဲ့ စစ်ကြောင်းပေါ့။ အင်အား ၁၀ ဦးဝန်းကျင်ရှိတဲ့စစ်ကြောင်းက သေနတ် ၇ လက် လောက်က ပစ်မရဘူး”

ဗုံးသံ သေနတ်သံတွေကြားက မြေလတ်ဒေသ သင်္ကြန်မှတ်တမ်း

တကယ်တော့ ပျော်စရာ၊ ချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာသင်္ကြန်ဟာ စစ်အာဏာရှင်လက်အောက်မှာ ကြောက်စရာ၊ ခြောက်ခြားစရာ၊ စိုးရိမ်စရာ၊ ရွံစရာ၊ မုန်းစရာကောင်းတဲ့ သင်္ကြန်အဖြစ် ပြောင်းလဲသွားတယ်လို့ ဆိုရမှာပါ။

စစ်ကောင်စီရဲ့ မြို့ပေါ်က လူသားဒိုင်း

“လာပစ်တဲ့သူကလည်း ပစ်တဲ့အခါ ဈေးသည်တွေကို ထိသွားနိုင်တယ်ပေါ့ဗျာ။ အဲဒီလိုဆို သူတို့က စစ်ရာဇဝတ်မှုဆိုတဲ့ စကားကို သူတို့ခေါင်းဆောင် ဇော်မင်းထွန်းက အဲလိုပြောချင်တာပေါ့။ အဲဒီလိုချပြချင်လို့လည်း အခုနောက်ပိုင်း အဲဒီအစီအစဉ်တွေကို သွားနေတာ။ အခုနောက်ပိုင်းမှာ အဲဒါမျိုးတွေက ဖြစ်လာဦးမှာပဲ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10